ကုန်းဘောင်ခေတ် တိုင်းရေးပြည်မူဆိုင်ရာ

မြန်မာ့သမိုင်းကို ဖော်ပြရာမှာ ကျနော်တို့က အများအားဖြင့် နန်းစဉ်မှတ်တမ်းများ၊ လွှတ်တော်မှတ်တမ်း များကို အားကိုးကာ မြန်မာ့ဘု၇င်များ၏ အုပ်ချူ ပ်ပုံများကို လေ့လာကာ ထိုခေတ်က အခြေအနေများ၏ ပုံရိပ်များကို ပြန်လည် ဖော်ပြကြပါသည်။ မြန်မာဘုရင်များ၏ အုပ်ချူ ပ်ပုံများကို မြန်မာပညာရှင်များ မှတ်တမ်းတင်ရုံသာမက နိုင်ငံခြားပညာရှင် များကလည်း မှတ်တမ်းတင်ခဲ့ကြသည်။ အနီးစပ်ဆုံး ဖြစ်သော ကုန်းဘောင်ခေတ် ဆိုင်ရာများကို ကိုယ်တွေ့မှတ်တမ်း အဖြစ် အီတလီ ဘုန်းတော်ကြီး ဆန်ဂျာမာနို( Sangermano) မှ သူ၏ မှတ်တမ်းစာအုပ် The Burmese Empire တွင် ရေးသားခဲ့သည်။ သူသည် ၁၇၈၃ ဘိုးတော်ဘုရားလက်ထက်တွင် မြန်မာပြည်သို့ ရောက်လာခဲ့ပြီး ခရစ်ယာန်သာသနာကို ပြုကာ ရန်ကုန်တွင် စိန်ဂျွန်း ဘုရာရှိခိုးကျောင်းကို အပြီးသတ် တည်ဆောက်နိုင်ခဲ့၏။ သူသည် မြန်မာပြည်တွင် ၂၅ နှစ်ကြာမျှ နေထိုင်ခဲ့လေ၏။ သူ၏ မှတ်တမ်းများကို ကျနော် ဘလော့တွင် တင်ပြသွားပါမည်။ ထိုကြောင့် သမိုင်းနှစ်သက်သူများလည်း သူ၏ အမြင်များကို လေ့လာကာ  မိမိတို့ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားတွေးခေါ် လေ့လာနိုင်ရန် အချိန်ယူပြီး သူ၏ The burmese empire ထဲမှ ကောက်နုတ်တင်ပြသွားပါမည်။



ဆန်ဂျာမာနို၏ လွှတ်တော်အုပ်ချူ ပ်ပုံအကြောင်းများ အခန်းမှ ကောက်ယူပါသည်။

ဘုရင်သည် အာဏာကို တယောက်ထဲအနေနှင့် အရမ်းမဲ့သုံးပြီး အမိန့်မချ ပေ။ ရာဇ၀တ်မူကြီး တခုကို အမိန့်ချ ရန် အတွက် တရားလွှတ်တော် သူကြီး (တရားသူကြီး) နှင့် တရားခွင့်မှ တဆင့် စစ်ဆေးကာ နောက်ဆုံးမှ ဘုရင့်ထံ တက်ရလေသည်။ ဦးဆုံး တရားခွင်ကား လွှတ်တော်ဖြစ်၏။ လွှတ်တော်ဝန်ကြီး ၄ ပါး ရှိပြီး၊ ရာဇ၀တ်မူကြီး များ နှင့် ပတ်သက်သော ဘုရင့်အမိန့်တော် များကို လွှတ်တော်မှ ထုတ်ပြန်ရလေသည်။ အမိန့်တော်များကို ပေရွက်တွင် ရေးသားကြသည်။ စာကြောင်း အသုံးအနူန်းမှာ တိကျ ပြတ်သား လှ၏။ ပေရွက်ကို ထိပ်ပိုင်းက ချွန်အောင် ဖြတ်ထားသဖြင့် ဓား ပုံနှင့်ပင် ဆင်တူနေပါသည်။

ဘုရင့်၏ သားတော် သမီးတော် တို့သည်လည်း သီးခြားရုံးတော်များရှိကြသည်။ ဘုရင်တွင် မိဖုရားကြီး ၄ ပါးရှိ၏။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ကို ခွဲပြီး အရှေ့ မိဖုရား၊ အနောက် မိဖုရား၊ စသဖြင့် အမည်တပ် ခေါ်ကြသည်။ ဘုရင်တွင် မိဖုရားများစွာ ရှိသည့်အလျောက် သားသမီးလည်း များစွာရှိ၏။ သို့ရာတွင် သားအကြီးဆုံးကိုသာ အရေးပေးလေ့ရှိ၏။ ဘိုးတော်ဘုရင်တွင် သားသမီးပေါင်း ၁ ရာကျော် ရှိလေရာ သူ၏ သားသမီးများကို နယ်ပယ်များ ပေးစားရလေသည်။

နိုင်ငံတော်အတွင်းရှိ မြို့ ကြီးတိုင်းတွင် ရုံးဟု ခေါ်သော တရားခွင်ရှိသည်။ ရုံးတော်တွင် မြို့ ဝန်၊အခွန်ဝန်၊အတွင်းဝန်များ စာရေး စာချီ များ ရှိကြသည်။ ရန်ကုန်တွင်ကား ရေ၀န် ဟုခေါ်သော အရာရှိ တဦး အပို ရှိလေသည်။ ထို ရေ၀န်သည် မြို့ ဝန်ထက် အနည်းငယ်သာ အာဏာလျော့သည်။ ထိုပြင် သင်္ဘောအထွက်အ၀င်ကို ကြီးကြပ်ရသူလည်း ရှိကြသည်။ မြို့ ဝန်ကို ဘုရင်မှ လူကို အဆုံး စီရင်ပိုင်ခွင့် ပေးထားသည်။ ထိုကြောင့် မြို့ ဝန်သည် အပြစ်ရှိသူကိုရော၊ သူမုန်းသူကိုပါ သုတ်သင် စီရင်လေသည်။ မြို့ ရွာငယ်များကို အုပ်ချူ ပ်ရန် မြို့ သူကြီး များရှိသည်။ ထိုမြို့ ရွာ များ၏ အခေါင်အဓိပဓိအဖြစ် ဘုရင်မှ သူ၏ သားသမီးများကို ပေးလေ့ရှိသည်။ ထိုကြောင့် မြို့သူကြီးများသည် မင်းသား၊မင်းသမီး များထံ သစ္စာခံရလေသည်။

တရားစီရင်ရာတွင် မြို့ ဝန် ကြီးကြပ်သော ရုံးတော်သို့ တင်ရသည်။ တရားလို နှင့် တရားခံ တို့ သဘောတူသော မင်းအမူထမ်း တဦးသည် တရားသူကြီး အဖြစ် စီရင်ခွင့် ရှိလေသည်။ အမူကိစ္စ ဖြစ်လျှင် နီးစပ်ရာ မင်းမှူးမတ် တို့ထံ ချဉ်းကပ်ပြီး အမူကို တိုင်ကြားကာ ဆုံးဖြတ်စေလေသည်။ ထိုကြောင့် တရားစီရင်မူတွင် တရားမျှတမူ မရှိသည်ကို လေ့လာမိပါသည်။ ဘုရင် သတ်မှတ်ထားသော ရာဇ၀တ်ကြီးမူ များသည် မုဒိန်းမူ၊ ဓားပြတိုက်မူ၊ လူသတ်မူ၊ မီးရှိ့ ဖျက်စီးမူ၊ သေရည် သေရက် သောက်စားမူ၊ ဘိန်းရူမူ ၊ သားကြီး ငါးကြီး သတ်မူတို့ကို ကြီးလေးသော ရာဇ၀တ်မူ အဖြစ်သတ်မှတ်ထားသည်။

ထိုကြီးလေးသော ရာဇ၀တ်မူကိုသာ မြို့ ဝန်ရုံးမှ တိုက်ရိုက်ကိုင်တွယ်လေသည်။ မြို့ ဝန်ရုံးမှ ထိုရာဇာဝတ်ကြီးမူ ကို စာအုပ်တွဲဖြင့် မှတ်တမ်းတင်ကာ လွှတ်တော်အထိ ပို့ရလေသည်။ ဘုရင်ကိုယ်တိုင် ထိုအမူများကို ကိုင်တွယ်ပြီး စီရင်ချက်များချလေသည်။ ဝေးကွာသော အရပ်ဒေသတွင်မူ ဘုရင့်မှ အမိန့်တော် ပေးပို့ကာ စီရင်ချက် များကို မြို့ ဝန်မှ ဆောင်ရွက်ရသည်။ လာဘ်စားမူ၊ ငွေကြေး နှင့် ပတ်သက်လျှင် ထောင်ဒဏ် ပေးသည်။ လူသတ်မူကို ခွင့်မလွှတ်ပေ။ ထိုလူများကို တခါတရံ သေဒဏ်ပေးပြီး တခါတရံ လူသတ်သမား အာဏာပကွက်သား အဖြစ် ခိုင်းစေသည်။

အာဏာပကွက်သားများ၏ မျက်နှာတွင် တံဆိပ်ရိုက်နှိပ်ပြီး သူ့၏ ရင်ဘတ်တွင်လည်း သူကျူးလွန်ခဲ့သော အပြစ်ကို ဆေးနက် ( ဆေးမှင်ကြောင်) ဖြင့် ရေးထိုးကာ သူ့ကို လူသတ်သမားအဖြစ် လုပ်စေလေသည်။ သို့သော် အစာမစားဘဲ အကျင့်သီလစောင့်သော လ (၀ါတွင်းသုံးလ) ဆိုလျှင် အမူများကို ချက်ခြင်း မစီရင်ပေ။ မကောင်းမူတွင် နာမည်ကျော်ကြားသော မိန်းမများ၊ ကျွန်များကိုမူ အာဏာပကွက်သားများက မသတ်ရဘဲ ကျွန်တဦးဦးကပင် သတ်ရလေသည်။ သတ်နည်းမှာ အကျဉ်းသားကို ငုံ့ထိုင်စေပြီး လည်ဂုတ်ကို တင်းပုတ်နှင့် တအားလွဲ ရိုက်သတ်ခြင်းပင် ဖြစ်လေသည်။ နောက် သတ်နည်းမှာ လည်မျို  ကို ရိုက်သတ်နည်း ဖြစ်သည်။
ကုန်းဘောင်ခေတ် တေမိမင်းသား ဇာတ် ပန်းချီ 

သေဒဏ်ပေးခြင်းထက် ရက်စက်သော နှိပ်စက် ညဉ်းပန်းမူများကို ရာဇာဝတ်မူ ကျူးလွန်သူဟု မသင်္ကာသူတို့အား ပြုလုပ်လေ့ရှိသည်။ ထိုသူမှ အပြစ်ရှိပါသည် ဟု ၀န်ခံလာပါမှ အပြစ်ကို စီရင်လေသည်။ မြန်မာတို့၏ ထုံးစံအရ ၀န်မခံ ဘဲ အပြစ်မပေးသာချေ။ အယောင်ဆောင်များ၊ သူခိုးများကို တခါတရံ ခိုးသည့်လက်ကို ဖြတ်ပစ်ပြီး ဆီပူအိုး ထဲ နှစ်စေပြန်သည်။ တရားစီရင်ရာတွင် ကျနော်တို့ ဥရောပထက် လျင်မြန်စွာ စီရင်ချက် ချတတ်လေသည်။

ကျွန်ုပ်၏ မိတ်ဆွေဥရောပသား ကြွယ်ဝချမ်းသာသော ကုန်သည်နှစ်ဦး နှင့် မာလိန်မှူးတို့သည် မတရားမူ တခု ဖြစ်ပွားရာတွင် ရှေ့နေငှား အမူလိုက်ရာ သူတို့မြန်မာပြည်တွင် ရှာထားသမျှ ပစ္စည်းများ ကုန်ကာ မွဲပြာကျကုန်လေသည်။ ရှေ့နေအလုပ်ကိုလည်း မည်သူမဆို စကား ချက်ကျ လက်ကျ ပြန်လည် ချေပ ပြောတတ် ပြီး မြန်မာဓမ္မသတ်စီရင်ထုံးကို နားလည်ပါက လုပ်ကိုင်နိုင်ကြလေသည်။ အမူသည်တို့သည် မိမိတို့ ရှေ့နေဖြင့် ခုံရုံးသွားကြလေသည်။ အမူကို တရက်ထဲ အဆုံးအဖြတ်ပေးလေ့ရှိသည်။ ဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဖက် သဘောတူပါက လဘက်လက်ဆုံ စားရလေသည်။

သို့သော်တခါတရံ သဘောတူသော်လည်း တဖက်က တခြား မင်းမူးမတ် တဦးထံ ပြောင်းပြီး အယူခံယူခဲ့ပါလျှင် တရားဆက်လက် ရင်ဆိုင်ရလေသည်။ အမူအားလုံးကို ဓမ္မသတ် တရားနှင့် အညီ စီရင်ဆုံးဖြတ်လေသည်။ စီရင်ရာတွင် သက်သေများဖြင့် စီရင်ရသည်။ ထို သက်သေများသည် သစ္စာစကားများ ဆိုရလေသည်။ ပြီးမှသာ သက်သေထွက်ရသည်။ ကျမ်းကျိန်သည့်စာသားတို့ကား အမှန်တရားအတိုင်း မဟုတ်ဘဲ အဂတိလိမ်ညာ ထွက်ဆိုခဲ့ပါလျှင် လေးသင်္ချနှင့် ကမ္ဘာ တသိန်း ကာလပတ်လုံး ပါရမီဖြည့်ခဲ့သော ဘုရားရှင်တို့၏ အစောင့်အရှောက်ဖြစ်သော နတ်များမှ ထိုလိမ်ညာ သက်သေ ထွက်သူတို့အား သတ်ပါစေသား၊ သာသနာစောင့် နတ်တို့သည် ထိုသူအား သတ်ပါစေသား၊ ၀ဲနာ၊ နူနာနှင့် ရှက်ဖွယ်ရာ အနာရောဂါများ စွဲကပ်ပါစေသား၊ ဆင်ဖို၊ ဆင်မ နင်းသတ်ပါစေသား၊ မြေဆိုးများ ပေါက်သတ်ပါစေသား၊ ဘီလူးသဘက်နှင့် တောမှ ကျား တို့ ကိုက်စားပါစေသား၊ မြေမြို ပါစေသေား၊ နတ်မင်းတို့ လက်နက်ဖြစ်သော မိုးကြိုး ပစ်ခံရပါစေသား၊ သွေးအန်သေပါစေသား၊ ရောဂါဆိုးများ ခံစားရပါစေသား၊ ဆင်းရဲမွဲတေပါစေသား၊ ငရဲတွင် အမျိုးမျိုးသော နှိပ်စက်ညှင်းပမ်းခံရပြီး ပြိတ္တာ အသူရကယ် ဖြစ်ပါစေသား၊ အစရှိသော ကြောက်ဖွယ်ရာ ကျိန်ဆိုကြရပါသည်။

တဖန် သက်သေမရှိသော အမူအခင်းများကိုမူ တရားသူကြိးများမှ ပြိုင်တူ ရေငုပ်ပြိုင်စေကာ စီရင်ချက် ချလေသည်။ သတ်မှတ်ထားသော အချိန်မတိုင်မီ ခေါင်းပြန်ဖေါ်လာသူသည် ရူံးလေတော့သည်။ ထို ရေငုပ်ပြိုင်သူသည် လူငှား ယှဉ်ပြိုင်ခွင့်ရှိသည်။ ထို ရေငုပ်ပြိုင်ပွဲတွင် နှစ်ဖက်အမူသည် များမှ သိုက်မြိုက် ခမ်းနားစွာ လာကြလေသည်။ ယှဉ်ပြိုင်ကာ တဘက်နိုင်သွားသည့်အခါ ထို အနိုင်ရရှိသူများသည် တေးသံများ သီဆိုတီးမူတ်ပြီး အော်ဟစ်ဆူညံကာ ပြန်သွားကြလေသည်။ ထိုယှဉ်ပြိုင်သူများသည် ကျိန်ဆိုပြီးမှသာ ယှဉ်ပြိုင်ခွင့်ရလေသည်။ မြန်မာထုံးတမ်း များသည် ကျွန်ုပ်တို့ ဥရောပ ထုံးတမ်း များကဲ့သို့ပင် ထူးဆန်းသည်များရှိကြောင်း ကျနော်မှတ်သားရပါသည်။
Share:

No comments:

Post a Comment