ကိုလိုနီအစိုးရ

သီပေါမင်းပါတော်မူပြီးသည့်နောက် ဗြိတိသျှ တို့သည် နိုင်ငံတ၀ှမ်းပုန်ကန်မူများကို ဆယ်နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။ တဖက်တွင်လည်း မြန်မာလူမူ့အဖွဲ့အစည်းထံမှ ယုံကြည်မူရရန် အထူးကြိုးပမ်းခဲ့ကြသည်။ မြေနိမ့်ပိုင်းတွင် ပုန်ကန်မူများကို ဆယ်နှစ် နောက်ပိုင်း ထိန်းနိုင်သော်လည်း ၁၈၉၀ ၀န်းကျင် အထိ ဝေးလံသော ကချင်တောင်တန်းများတွင် ဗြိတိသျှ ကို ဆန့်ကျင်တိုက်ခိုက်မူ များ အနည်းငယ် ရှိနေသေးသည်။ မငြိမ်သက်မူများကြောင့် အထက်ဗမာပြည် နှင့် အောက်ဗမာပြည် ကို အုပ်ချူ ပ်နှစ်မျိုးဖြင့် ခွဲထားရာ ၁၈၉၀ နောက်ပိုင်းတွင် အပြည့်အ၀ ပေါင်းစည်း အုပ်ချူ ပ်ခဲ့ပြီး အိန္ဒိယ၏ ပြည်နယ်တခု အနေဖြင့်လည်း ပေါင်းစည်းသွားခဲ့ရသည်။


ဗြိတိသျှ တို့သည် ပုန်ကန်မူများကြောင့် မန္တလေးတွင် လူ ၁ ထောင်ဆန့်သော ထောင်များကိုလည်း အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ မြင်းခြံ တွင်လည်း ထောင်ကြီး တထောင် ဆောက်ခဲ့ပြီး တခြား မြို့ များတွင်လည်း ထောင်အကျဉ်းများစွာ ဆောက်ခဲ့ကြသည်။ နောက်ပိုင်း ထောင်များအားလုံး လူပြည့်ကုန်သဖြင့် အချို့ အကျဉ်းသားများကို ကပ္ပလီကျွန်းသို့ ပို့ဆောင်ခဲ့ရသည်။ မှတ်တမ်းအရ တတိုင်းပြည်လုံး ထောင်သား ဦးရေသည် တနှစ်လျှင် ၁ ထောင်ခန့် ရှိသည်။ ထိုအရေအတွက်သည် အထက်ဗမာပြည် အတွက်သာဖြစ်သည်။ အောက်ဗမာပြည် တွင်မူ ပုန်ကန်မူမရှိသဖြင့် ခိုးမူ၊လုမူ၊လူသတ်မူ အစရှိသော အမူ များသာ ရှိသဖြင့် ပုန်ကန်မူ များသော အထက်ဗမာပြည် နှင့် ယှဉ်လျှင် ထောင်သား ဦးရေ နည်း၏။

ထိုကာလတွင် ဗြိတိသျှ လူမျိုးများသာ အစိုးရလူကြီး ဖြစ်ခွင့်ရှိ၏။ သီပေါမင်း၏ အဆင့်မြင့် အမတ်မင်းများ နှင့် ခေတ်ပညာတတ် အမတ်မျိုးနွယ်ဝင် များသည် အမေ့လျော့ခံဘ၀ ဖြင့်သာ နေထိုင်ခဲ့ရသည်။ ကိုလိုနီအုပ်ချူ ပ်ရေးတွင် တာဝန်ပေးအပ်ခြင်း ခံရသူမှာ ကင်းဝန်မင်းကြီး တဦး သာ ရှိသည်။ သူ၏ ရာထူးမှာလည်း အကြံပေးအရာရှိ သာ ဖြစ်၏။ ၁၈၈၇ တွင် ကင်းဝန်မင်းကြီးကို ရန်ကုန်အစိုးရမှ တောင်းဆိုသဖြင့် ဗမာဗုဒ္ဒဘာသာကျမ်း ကို ရေးသာပြုစုခဲ့သည်။ ထိုကျမ်းသည် ဗုဒ္ဒဘာသာဗမာ လူမျိုးများ၏ အကျင့်၊စရိုက်၊ထုံးစံများကို အသေးစိတ် ဖွင့်ဆိုထားပြီး၊ ဗမာလူမူအသိုင်းအ၀ိုင်း၏ ရှေးထုံးမူ များစွာကိုလည်း ရေးသားထားသည်။
သီပေါမင်းခေတ် ၀န်ထောက်မင်း များ 

ဘုရင့်အနွယ်တော်များသည် ကိုလိုနီအုပ်ချူ ပ်ရေးအောက်တွင် အထက်တန်းဘ၀၊ မှကျ ဆင်းခဲ့ရပြီး သာမန်လူအဖြစ်နှင့်သာ နေထိုင်ခဲ့ရသည်။ ဘုရင့်အနွယ်တော်များနှင့် အမတ်မင်း များသည် ယခင် သီပေါမင်းနှင့် ကုန်းဘောင် မင်းများလက်ထက်တွင် အလွန်ကြီးမြတ်သော လူတန်းစားများအဖြစ် နေထိုင်ခဲ့ကြသည်။ ဘုရင့်မျိုးနွယ်များ ဈေးဝယ်ထွက်လျှင် ပြည်သူများအားလုံး ရိုသေစွာ ဆက်ဆံရ၏။ အရိပ်ကိုပင် နင်းခွင့်မရှိပေ။ ကိုလိုနီအုပ်ချူ ပ်ရေးအောက်တွင် သူတို့၏ အဆောင်အယောင်အားလုံး သိမ်းပိုက်ခံရပြီး၊ ပိုင်ဆိုင်သော မြေကွက်များစွာ ကိုလည်း ဗြိတိသျှ အစိုးရ တို့ သိမ်းပိုက်ခဲ့လေသည်။

ဗြိတိသျှ အစိုးရတို့သည် အိန္ဒိယတွင် အုပ်စိုးစဉ်က ထိုဒေသရှိ ဘာသာရေးလုပ်ငန်းများကို လုံးဝ ၀င်ရောက်စွက်ဖက်ဆောင်ရွက်ခြင်း မပြု ရ ဟူသော မူဝါဒ ကို ကိုင်ဆွဲခဲ့ရာ၊ မြန်မာပြည်တွင်လည်း ထိုမူဝါဒ အတိုင်းသာ ဆက်လက် အုပ်ချူ ပ်ခဲ့သည်။ ထိုကြောင့် ဗုဒ္ဒဘာသာရဟန်းတော်များနှင့် ဆက်ဆံရေး မရှိခဲ့ပေ။ ၁၈၉၅ တွင် သီပေါမင်း ခန့်အပ်ခဲ့သော သာသာနာပိုင် တောင်တော်ဆရာတော် နတ်ရွာစံသွားပြီးသည့်နောက် ဗြိတိသျှ တို့မှ မည်သည့်ရဟန်းတော်ကိုမှ သာသနာပိုင် မခန့်ခဲ့သဖြင့် သာသနာပိုင်နှင့် သုဓမ္မကောင်စီ တို့မှာလည်း ပျောက်ကွယ်သွားခဲ့ရသည်။ ယခင် မင်းတုန်းမင်းနှင့် သီပေါမင်း တို့ ထောက်ပံ့ခဲ့သော ခရစ်ယာန်ကျောင်းများကိုလည်း ထောက်ပံ့ကြေးများ မပေးတော့ပေ။
ညောင်ရွှေစော်ဘွား နှင့် သူ၏ အခြံအရံ

ရှမ်းပြည် စော်ဘွားများ၏ အုပ်ချူ ပ်ရေးကို ဗြိတိသျှ များမှ အပြည့်အ၀ ပေးအပ်ထားပြီး၊ တောင်ကြီးမြို့ ကို အသစ်ပြန်လည် တည်ဆောက်ကာ ကိုယ်စားလှယ်ရုံး တရုံး ဖွင့်ပြီး စော်ဘွားများနှင့် အေးချမ်းစွာ ရှမ်းပြည်ကို အုပ်ချူ ပ်နိုင်ခဲ့ကြသည်။ ကရင်နီ (ယခုကယားပြည်နယ်) နယ်သည် သီပေါမင်းလက်ထက်အထိ ကုန်းဘောင်မင်းတို့ မအုပ်ချု ပ်ခဲ့ပေ။ အကြောင်းအမျိုးမျိုးကြောင့် ယခင် ကရင်နီစော်ဘွားမှ မင်းတုန်းမင်းထံ သူ၏ နယ်ကို လာသိမ်းရန် လျှောက်တင်ခဲ့ချိန်တွင် မင်းတုန်းမင်းမှ မသိမ်းခဲ့ပေ။ သို့သော် ဗြိတိသျှ လက်ထက်တွင် ရှမ်းပြည် ကဲ့သို့ လွတ်လပ်စွာ အုပ်ချူ ပ်ခွင့် ရခဲ့ပြီး ဗြိတိသျှ တို့မှ မိမိတို့ ပိုင်နက်အဖြစ် မသတ်မှတ်ခဲ့ပေ။

အထက်ဗမာပြည်၏ တော်လှန်မူများကြောင့် ဗြိတိသျှတို့သည် ဗမာလူမျိုးများကို သူတို့၏ စစ်တပ်အဖွဲ့ ထဲသို့ စုဆောင်းခဲ့ခြင်း မရှိခဲ့ပေ။ ဗြိတိသျှ တို့သည် ဗမာလူမျိုးများကို စစ်သည်ကောင်း မဟုတ်နိုင်သော မျိုးနွယ် အဖြစ်ထိတောင် သတ်မှတ်ခဲ့ကြ၏။ ဗြိတိသျှ တို့သည် စီးပွားရေး တိုးတက်အောင် အထူးကြိုးပမ်းခဲ့ကြသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုး ရန်လုပ်ငန်းအတွက် ၁၈၈၅ မှ ဆယ်နှစ်တာ ကာလအတွင်း စတာလင်ပေါင် ၁၂ သန်း အသုံးပြု ခဲ့ကြသည်။ ထိုကာလတွင် အခွန်ငွေမှာ စတာလင်ပေါင် ၇ သန်း သာ ရသဖြင့် ဗြိတိသျှ တို့မှ ၅ သန်းနီးပါး ပိုမိုအသုံးပြုခဲ့ကြသည်။ အထူးသဖြင့် သစ်တော နှင့် ရေနံ ထုတ်လုပ်ရေး တွင် စီးပွားရေး အထူးကောင်းမွန်ခဲ့သည်။

 ဗြိတိသျှ တို့သည် အမူအကျင့်ကောင်းတခု ကိုမြန်မာပြည်တွင် အသုံးပြုခဲ့၏။ ထို ဥပေဒေ မှာ သစ်တောဥပေဒေ ဖြစ်သည်။ ခုတ်ခြင်တိုင်း ခုတ်ခွင့်မရှိပေ။ သတ်မှတ်ထားသော အသက်အပိုင်းအတွင်း ရှိသည့် သစ်ပင်များကို သာ ခုတ်လှဲ ခွင့်ရှိပြီး၊ ခုတ်ပြီးလျှင်လည်း သစ်ပင် အနည်းဆုံး ၁၀ ပင် ထက် မနည်း ပြန်လည် စိုက်ပျိုးရ၏။ ဗြိတိသျှ တို့သည် စီးပွားရေး တိုးတက်လာလျှင် အလုပ်အကိုင်ပေါများလာသဖြင့် သူတို့ကို ဆန့်ကျင်တော်လှန်မူ လျော့နည်းမည်ဟု တွက်ကာ စီးပွားရေးကောင်းအောင် အထူးစီမံခဲ့ကြသည်။ ဗြိတိသျှ တို့၏ စီမံကိန်းများသည် အောင်မြင်သည်ဟု ဆိုရမည်။ ၁၈၉၀ နောက်ပိုင်း ပုန်ကန်မူများ လုံးဝ ကျဆင်းသွားခဲ့ပြီး အထက်ဗမာပြည်နှင့် အောက်ဗမာပြည်ကို ပူးတွဲ အုပ်ချူ ပ်နိုင်ခဲ့သည့်အပြင် အခွန်ငွေများလည်း တိုးတက်လာခဲ့သည်။


Share:

No comments:

Post a Comment