ပါတော်မူပြီးနောက်

ကုန်းဘောင်အင်ပါယာ၏ နောက်ဆုံးနေ့ ဖြစ်သော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ နံနက် ၆ နာရီတွင် ဗြိတိသျှ တပ်ဖွဲ့ များသည် တံခါးနီမှတဆင့် အခမ်းအနားဖြင့် နေပြည်တော်အတွင်း ၀င်ရောက်လာခဲ့ကြသည်။ ထိုဘုရင့်အာဏာကျ ဆုံးသောနေ့တွင် နေပြည်တော်တွင် ဥပေဒေစိုးမိုးရေးမရှိတော့ပေ။ ဥရောပသံတမန် များစွာသည် ရန်ကုန်သို့ စုန်ပြေးကြ၏။ မင်းမျိုးမင်းနွယ် ဖြစ်သော အနွယ်တော်များ၏ အိမ်တော်သို့ ဓားပြတိုက် ကြ၏။ လမ်းပေါ်တွင်လည်း လုယှက်မူများ နေ့ချင်းကြောင်တောင် ပင်လျှင် ပြုလုပ်ကြကုန်လေသည်။ ၀န်မင်းများ၊အမတ်မင်း များကိုလည်း မည်သူမျှ မလေးစားကြတော့၊ ဆဲသူဆဲ စော်ကားသူက စော်ကားများစွာဖြင့် နေပြည်တော်သည် မြို့ ပျက်သဖွယ် ဖြစ်နေတော့သည်။


နောက်တနေ့တွင် စလေဒင်သည် သီပေါမင်းနှင့် စုဖုရားလတ်တို့ကို နွေရာသီစံနန်းတော်တွင် လာရောက်တွေ့ဆုံပြီး နာရီအနည်းငယ်အတွင်း ချက်ခြင်းထွက်ခွာရန် လာရောက်ပြောကြားလေသည်။ သီပေါမင်း၏ မှူးမတ်များစွာ တို့သည် ထိုစံနန်းတော်၏ အရှေ့တွင် ၀ပ်တွားခယကန်တော့ကာ ခစားနေလျက် ရှိ၏။ မြို့ တွင်းတွင် ဥပေဒေ စိုးမိုးမူ ပျက်စီးသွားသော်လည်း နန်းတော်တွင် စည်းကမ်းတကျ ရှိနေသေးသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့ကို အလျင်အမြန် လိုအပ်သည်များကို ယူစေပြီး မဒရပ်မြို့ သို့ ရှေးဦးစွာ ခေါ်ယူသွားပြီး ထိုမှတဆင့် ရတနာဂီရီသို့ ပို့ဆောင်လေသည်။ သီပေါမင်းသည် ပင်ကိုယ်စရိုက်သည် စိတ်သဘောထားနူးညံ့ပျော့ပျောင်းပြီး မိမိချစ်ခင်သူများကို အလိုလိုက်တတ်သူ တဦးဖြစ်သည်။ အပြစ်မြင်လျှင်ပင် ခွင့်လွှတ်တတ်ပြီး ဒါနအလှူ အဒါန်းဘက်တွင်လည်း ရက်ရောသူတဦး ဖြစ်လေ၏။

နွေရာသီ စံနန်းတွင် ဗြိတိသျှ လာရောက်တွေ့ဆုံပုံ ပန်းချီ 

ဗြိတိသျှ တို့သည် နေပြည်တော်ကို သိမ်းပိုက်မိချိန်တွင် မည်သို့ဆက်လုပ်ရန် အစီအစဉ်များ မရှိသေးသဖြင့် စစ်အောင်သူပီပီ ဘုရင့်နန်းတော် တံခါးကို ဖွင့်ပေးပြီး မြို့ သူမြို့ သား များ၏ ထောက်ခံမူ ရရန် ကြိုက်သလို ၀င်ရောက်နိုင်ကြောင်း ကြေညာလေတော့သည်။ မြို့ သူမြို့ သား များသည်လည်း နန်းတော်သို့ ၀င်ပြီး မိမိတို့ ကြိုက်နှစ်သက်ရာများကို လုယူလေတော့သည်။ ထိုပြင် နန်းတော်အတွင်းရှိ လှပပြီး တန်ဘိုးကြီးသော အသုံးအဆောင်များကို ဗြိတိသျှ စစ်အသိုင်းအ၀ိုင်းမှ လေလံပစ်ကြလေ၏။ အလွန်တန်ဘိုးကြီးသော ရတနာများကိုမူ စလေဒင်မှ ဗြိတိသျှ ဘုရင့်အသိုင်းအ၀ိုင်း နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းများထံသို့ ပို့ဆောင်ခဲ့သည်။

ထိုပြင် ဘုရင့်၏ ရွှေတိုက်တော်အတွင်းရှိ အရေးကြီးသော တရားဝင်မှတ်တမ်းများစွာသည်လည်း ဗြိတိသျှ တို့ သိမ်းပိုက်သည့် ပထမနေ့တွင်ပင် မီးရို့ဖျက်ဆီး ခံခဲ့ရလေသည်။ ဗြိတိသျှ တို့သည် မိမိတို့၏ သြဇာ မလွှမ်းနိုင်သော မင်းသားများ၊ မင်းဆွေမင်းမျိုးများကို အနယ်နယ် အရပ်ရပ်သို့ ပို့ဆောင်ခဲ့သည်။ ကနောင်မင်းသား၏ သားတော် လင်းပင်မင်းသားကြီး ကိုလည်း အိန္ဒိယသို့ ပို့ဆောင်ခဲ့သည်။ ရှေးယခင်များစွာ အုပ်ချူ ပ်ရေးပိုင်း ပါဝင်ခဲ့သူ မြို့ သူကြီးမျိုးရိုး များကိုလည်း ဗြိတိသျှ မှ ခန့်အပ်သော မြို့ ဝန်များဖြင့် အစားထိုးခဲ့သည်။

ဆရာချူံ ၏ ပါတော်မူ ပန်းချီ 

စလေဒင်သည် ယာယီအဖြစ် ကင်းဝန်မင်းကြီး ဦးဆောင်သော လွှတ်တော်ဖြင့် တိုင်းပြည်ကို အုပ်ချူ ပ်စေခဲ့သည်။ တိုင်းတာမင်းကြီးကမူ ဗြိတိသျှ တို့ကို ပြန်လည် တော်လှန်ရန် စီစဉ်သည်ဟု စွပ်စွဲ ခံရပြီး အိန္ဒိယသို့ ပို့ဆောင်ခဲ့ရသည်။ ဗြိတိသျှ ဘက်တွင်လည်း လုံးဝအုပ်ချူ ပ်ရေးနှင့် စည်းမျဉ်းခံဘုရင်အသစ် တင်မြှောက်ပြီး သြဇာခံ အုပ်ချူ ပ်ရေး ထောက်ခံသူ နှစ်ဘက်ရှိခဲ့သည်။ ကင်းဝန်မင်းကြီးသည် စည်းမျဉ်းခံဘုရင်စနစ် ဖြင့် ဗြိတိသျှ တို့ ပုံစံအတိုင်း ဖွဲ့စည်ပေးရန် ဗြိတိသျှ တို့ထံ တောင်းဆိုခဲ့၏။ မြန်မာ့လူအသိုင်းအ၀ိုင်းကို ရှင်ဘုရင်အသစ် တဦး ကသာလျှင် ငြိမ်သက်အောင် အုပ်ချူ ပ်နိုင်မည်ဟု တင်ပြခဲ့လေသည်။

ထိုတင်ပြချက်ကို ဗြိတိသျှ များမှ အလေးအနက်ထား စဉ်းစားခဲ့၏။ထိုအတွက်ကြောင့် ကင်းဝန်မင်းကြီး ကို ၃ လတိုင်အောင် ဆက်လက် လွှတ်တော်မှ တဆင့် အုပ်ချူ ပ်စေခဲ့လေသည်။ ၁၈၈၆ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဘုရင်ခံ လော့ဒ်ဒပ်ဖရင် (Lord Dufferin) သည် မန္တလေးသို့ ရောက်လာခဲ့ပြီး အခြေအနေများကို လာရောက် လေ့လာခဲ့သည်။ လော့ဒ်ဒပ်ဖရင် သည် မြန်မာမင်း ထားရှိပြီး အုပ်ချူ ပ်မူ ကို မလိုလားခဲ့ပေ။ ထိုကြောင့် သူမပြန်ခင်မှာပင် လွှတ်တော်ကိုတရားဝန်ဖျက်သိမ်းခဲ့ပြီး မြန်မာတနိုင်ငံလုံးကို ဗြိတိသျှ အုပ်ချူ ပ်ရေး အောက်သို့ ထားရှိခဲ့သည်။ သို့သော် ရှမ်းပြည်ကိုမူ ရှမ်းပြည်စော်ဘွားများအား ဆက်လိုက်အုပ်ချူ ပ်စေခဲ့ပြီး ဗြိတိသျှ အုပ်ချူ ပ်ရေးအောက်သို့ လုံးဝမထားရှိခဲ့ပေ။ ရှမ်းပြည်စော်ဘွားများမှ ဗြိတိသျှ ကိုယ်စားလှယ်ရုံးထံ အခွန်အခ ပေးဆောင်ရန်သာ ဖြစ်ပြီး ကျန် အုပ်ချူ ပ်ရေးပိုင်းများကိုမူ လွတ်လပ်စွာ အုပ်ချူ ပ်ခွင့်ရခဲ့သည်။

ဗြိတိသျှ တို့သည် အထက်မြန်မာပြည်ကို လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း အနယ်နယ်အရပ်ရပ်က ပုန်ကန်လာသည်များကို ၂ နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။ ထိုပုန်ကန်မူများသည် လော့ဒ်ဒပ်ဖရင်မှ ကင်းဝန်မင်းကြီး ဦးဆောင်သော လွှတ်တော်ကို ဖျက်စီးပြီးနောက် ပိုမို ပြင်းထန်လာခဲ့သည်။ ၁၈၈၆ ဧပြီလ ၁၅ တွင် ဗြိတိသျှ ကို တော်လှန်သူ ပြောက်ကျားတပ်ဖွဲ့ အယောက် ၂၀ မှ နန်းတော်ဝင်းအတွင်း အောက်မြင်စွာ ၀င်ရောက်နိုင်ပြီး မီးရို့ဖျက်ဆီးမူများကိုသာ ပြု လုပ်နိုင်ခဲ့သည်။ ထိုပြင် ဗြိတိသျှ တို့သည် မန္တလေးနန်းတော် ပတ်ဝန်းကျင်ရှိ အမတ်မျိုးနွယ်များကို မြို့ နံရံ ၏အပြင်ဘက်သို့ အတင်းအကျပ်ပြောင်းရွှေ့စေခဲ့သည်။ သူပုန် အဖြစ် သံသယရှိသူ ရွာသူရွာသားများကိုလည်း အတင်းအကျပ် နယ်နှင်ဒဏ်များ ပေးအပ်ခဲ့သည်။

ထိုအချိန်က The Time သတင်းစာမှ ဗြိတိသျှ ကိုလိုနီနယ်အသစ် တွင် ဗြိတိသျှအရာရှိများ၏ လုပ်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့ရာ အင်္ဂလန်လွှတ်တော်တွင် ဆွေးနွေးခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ပုန်ကန်မူများကို ဗြိတိသျှ များ အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့လေ၏။ဗြိတိသျှ တို့သည် ကုန်းဘောင်မင်းဆက် မပျက်စေရန် မင်းသားတဦးကို ထီးနန်းတင်ရန် စီစဉ်ထားခဲ့ကြသေးသည်။ မင်းတုန်းမင်း၏ သားတော်တဦး ဖြစ်သော ညောင်ရမ်းမင်းသားသည် နတ်ရွာစံသွားပြီ ဖြစ်သည်အတွက် တခြားမင်းသားများကို ရှာဖွေနေကြသေးသည်။ အဓိကမှာ မိမိတို့၏ သြဇာကို ခံနိုင်မည့် မင်းသားမျိုးကို လိုချင် ကြသည်။
လော့ဒ်ဒပ်ဖရင့် ပုံ 

 နေပြည်တော်တွင် မင်းတုန်းမင်း၏ သားတော်များစွာ ကျန်ရှိနေသေးသည်။ အသက်ငယ်သော ပျဉ်းမနားမင်းသား အပြင် တခြား မင်းသားပေါင်း ၁၂ ဦး ကျန်ရှိပြီး၊ မောင်းမများမှ ဖွားမြင်သော အဆင့်နိမ့်သော(အမေမှ မိဖုရားမဟုတ်သေးသဖြင့် ရာဇပလ္လင် နှင့် မသင့်သေးဟု ယူဆခံရသူ) မင်းသားများစွာ ရှိနေသေးသည်။သို့သော် ထိုဆုံးဖြတ်ချက်ကို ဗြိတိသျှ တို့အနေဖြင့် ၃ လတိုင်အောင် လေ့လာပြီး နောက်ဆုံး သူတို့ ကိုယ်တိုင်တိုက်ရိုက်အုပ်ချူ ပ်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။

ဂျပန်ခေတ်တွင်လည်း ဂျပန်များမှ ပျဉ်းမနားမင်းသားကြီး ကို ရှာဖွေကာ ဘုရင်အဖြစ် တင်မြှောက်ကာ ကုန်းဘောင်မင်းဆက် ကို ပြန်လည် အသက်သွင်းရန် စီစဉ်ခဲ့ကြသေးသည်။ သို့သော် ၂ နှစ် အုပ်ချူ ပ်ပြီးနောက် မဟာမိတ်တပ်များမှ ပြန်လည် တိုက်ခိုက်သဖြင့် ဂျပန်များ တပ်ဆုတ်သွားခဲ့ရာ ထိုအစီအစဉ်မှာ ပျက်သွားခဲ့ရသည်။
Share:

No comments:

Post a Comment