၁၈၈၃ကာလ ယိုယွင်းလာသော တိုင်းပြည်အရေး

သီပေါမင်းသည် အာဏာလွန်ဆွဲသူများကြားတွင် ကနေရသော ရုပ်သေးသဖွယ်ဖြစ်သော်လည်း ဘုရင်တပါး ဖြစ်သည်ကတကြောင်း၊ နိုင်ငံ၏ အကြီးအကဲတဦး ဖြစ်သောကြောင့် တကြောင်း အကောင်းအဆိုးများအားလုံးကို ခေါင်းခံ ခဲ့ရသည်။ သီပေါမင်းသည် တခြား မင်းသားများနှင့် ခြားနားချက်တခုမှာ သာသနာဘောင် တွင် အချိန်တော်တော်ကြာ နေခဲ့ဖူးပြီး၊ ပထမပြန်စာမေးပွဲကိုလည်း အောင်မြင်ခဲ့ဖူးသော တဦးတည်းသော မင်းသား တပါး ဖြစ်ခဲ့သည်။ ထိုကြောင့် ဘုရင်ဖြစ်ချိန်တွင် သာသနာရေးကို အထူး အလေးပေးခဲ့သည်။
မင်းတုန်းမင်း ကဲ့သို့ မပြုနိုင်ခဲ့သော်လည်း သူတတ်နိုင်သလောက် အလှူ အဒါန်းလုပ်ခြင်း၊ အလွဲမှားသော အကျင့် (အလိဇ္ဖီ) ကိုကျင့်ကြံသော ရဟန်းများကို ဖမ်းဆီး ပြစ်ဒဏ်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။ ၁၈၈၃ ဇူလိုင်လတွင် သီပေါမင်း အမိန့်တော်ဖြင့် နေပြည်တော်အတွင်းရှိ ကျွန်များ စာရင်းကို ပြု စုစေခဲ့သည်။ ကျွန်များ ၊ ကျွန်ပိုင်ရှင်များ နှင့် ကျွန်ရောင်းချသူ များကို ဆင့်ခေါ်ပြီး ကျွန်ဖြစ်ခြင်း အကြောင်းများကို ပြု စုစေကာ လျှောက်တင်စေခဲ့၏။ ထိုနောက် ထိုကျွန်များ၏ ပေါက်ဈေး အတိုင်း ရွှေတိုက်မှ ပေးအပ်စေခဲ့ပြီး ကျွန်စနစ်ကို ဖျက်သိမ်းစေခဲ့လေသည်။

လွတ်မြောက်လာသော ကျွန်များအနက် ၁ ထောင်ကျော်မှာ ဘုရင်ကို ကျေးဇူး ဆပ်သည့်သဘောဖြင့် သာသနာဘောင် ၀င်ရောက်ခဲ့ကြသည်။ သီပေါမင်းလက်ထက်တွင် ပြဿ      နာများစွာထဲမှ အခွန်ပြဿ      နာသည်လည်း အလွန်ကြီးမားခဲ့သည်။ အထူးသဖြင့် သီပေါမင်း နှင့် စုဖုရားလတ် တို့သည် နေ့တိုင်းလိုလို ပွဲလမ်းသဘင် ကျင်းပလေ့ရှိရာ မင်းနှစ်ပါးတို့သည် ချီးမြင့်ငွေ များကို မြောက်များစွာ စွန့်ကြဲသဖြင့် နောက်ပိုင်းတွင် ငွေအကြပ်အတည်း ဖြစ်လာခဲ့သည်။ ၀င်ငွေ နှင့် ထွက်ငွေ မမျှ သည့်သဘော ဖြစ်လာခဲ့သည်။ ရှမ်းပြည်စော်ဘွားများ ပေးပို့သော အခွန်တော်များသည် မင်းတုန်းမင်း လက်ထက်တွင် မြောက်များစွာ ရရှိခဲ့သည်။

သီပေါမင်း အာဏာယူစဉ်ကာလတွင် ရှမ်းပြည်စော်ဘွားများအနက် ညောင်ရွှေစော်ဘွားတဦးသာ လာရောက် ဖူးမျှော်ခဲ့သည်။ ကျန်စော်ဘွားများနှင့် ဆက်ဆံရေးမှာ အလွန်ဆိုးရွားခဲ့ရ၏။ မိုးနဲစော်ဘွား၏ သမီးတော် အရေးမှ တဆင့် ဖြစ်ပွားခဲ့သော မိုးနဲစော်ဘွား အရေးအခင်းကြောင့်လည်း ရှမ်းပြည်စော်ဘွားများမှ သီပေါမင်း အစိုးရကို ဆက်ဆံခြင်း မပြုလိုကြတော့ပေ။ ထိုပြင် သီပေါမင်း၏ သတင်းဆိုးများသည် အနယ်နယ်အရပ်ရပ်သို့ ပြန့်နှံနေရာ မင်းဆိုးမင်းညစ်အဖြစ် ရှမ်းစော်ဘွားများက သတ်မှတ်ထားရာ မိုးနဲစော်ဘွား သမီးတော် အရေးအခင်းပေါ်ပေါက်သောအခါ ဆက်ဆံရေးဖြတ်တောက်သည်အထိ ပြုလုပ်ခဲ့ကြ၏။
စုဖုရာကြီး၊စုဖုရားလတ်၊သီပေါမင်း

ရှမ်းပြည်စော်ဘွားများသည် ကနောင်ကိုယ်တော်ကြီး၏ သားတော်တဦးဖြစ်သော လင်းပင်မင်းသား ကိုသာ သီပေါမင်း နေရာတွင် မင်းအဖြစ် တင်မြှောက်လိုကြ၏။ သီပေါမင်း အစိုးရလည်း မိုးနဲစော်ဘွား ပုန်ကန်မူကို စစ်တပ်လွှတ်ကာ နှိမ်နင်းခဲ့သည်။ နှစ်ဦးနှစ်ဖက် အထိအခိုက်များခဲ့ပြီး နောက်ဆုံးမိုးနဲစော်ဘွားမှ ကျို င်းတုံစော်ဘွား ထံ ထွက်ပြေးခိုလူံခဲ့လေသည်။ သို့သော် သီပေါမင်း တို့၏ တပ်များသည် ကျို င်းတုံ အထိ မချီတက် နိုင်ခဲ့ပေ။ ကျို င်းတုံစော်ဘွား မှ သီပေါမင်း နှင့် လွှတ်တော် ထံ စာတစောင် ပို့ခဲ့ပြီး ထို စာထဲတွင် လင်းပင်မင်းသားကို ဘုရင် အဖြစ် တင်မြှောက် လိုကြောင်း အတိအလင်း ရေးသားခဲ့ရာ လွှတ်တော်တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့ မျက်နှာ ပျက်ခဲ့ရသည်။

ထိုပြင် ၁၈၈၃ နောက်ပိုင်းတွင် ထွက်ရပ်ပေါက်ဂိုဏ်း များပေါ်ပေါက်လာခဲ့သည်။ သီပေါမင်း သည် ထေရ၀ါဒ နှင့် ဆန့်ကျင်သော အကျင့်များကို လိုက်လံတားဆီး ပိတ်ပင်ရာက ထွက်ရပ်လမ်းပေါက်လိုသူ အထူးသဖြင့် အင်းအစရှိသော လောကီပညာများကို ကျင့်ကြံသော ရဟန်းများကို လိုက်လံ ဖမ်းဆီးရာက ထွက်ရပ်ပေါက် ဂိုဏ်း များ ပေါ်ပေါက်လာကာ ဘုရင့်အာဏာကို တော်လှန်ဖီဆန်ကြတော့သည်။ ထိုထွက်ရပ်ပေါက်ဂိုဏ်း များသည်လည်း သီပေါမင်း အစိုးရ၏ အာဏာစက်ကို ယိုယွင်းစေခဲ့သည်။ တချို့ သော ဂိုဏ်းချူ ပ်များသည် ထီးဖြူ မိုးကာ ရွာများစွာတွင် အာဏာတည်သဖြင့် သီပေါမင်း အစိုးရမှ အခွန်အတုတ် ကောက်ခံရာတွင် အခက်အခဲ များစွာ ဖြစ်ခဲ့ပြီး ဘုရင့်အာဏာ လည်း မတည်တော့ပေ။ ထင်ရှားသူမှာ ဗုဒ္ဒသီဝလိ (ရဟန်းလား၊လူလား မသေချာပါ) ဟု အမည်ခံသော စဉ့်ကူးနယ်တွင် လူပ်ရှားသော ဂိုဏ်းချူ ပ်သည် နီ၊စိမ်း၊၀ါ အလံကို ကိုင်ကာ မင်းမျိုးမင်းနွယ်များ နှင့် သုဓမ္မာ ရဟန်းတော် များသာ အသုံးပြု ရသည့် ထီးဖြူ များ ကိုလည်း မိုးကာ ဘုရင်သဖွယ် ပြု မူခဲ့သည်။

ထိုအရေးကို လွှတ်တော်မှ လှေအသင်းအတွင်းဝန်ကို တာဝန်ပေးပြီး နှိမ်နင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုထွက်ရပ်ပေါက်ဂိုဏ်းမှ တဆင့် မင်းလောင်းဝါဒ ပေါ်ပေါက်လာခဲ့ပြီး မင်းလောင်းများစွာ ပေါ်ပေါက်လာခဲ့ရသည်။ ဗြိတိသျှ တို့ထိန်းချူ ပ်ရာ အောက်မြန်မာပြည် နှင့် နီးစပ်ရာ ဒေသများတွင် ထိုပုန်ကန်မူများ မပေါ်ပေါက်ခဲ့သော်လည်း ထိုဒေသကို အုပ်ချူ ပ်သူ မြို့ စား၊ မြို့ သူကြီး များထံမှ ရရှိမည့် အခွန်တော်များသည် နည်းပါး လာပြီး ၁၈၈၅ တွင် လုံးဝ သုည အဆင့်ရောက်ရှိသွား၏။အဘယ်ကြောင့်ဆိုသော် သီပေါမင်း လက်အောက်ခံ အရာရှိများသည် ထို မြို့ သူကြီး များနှင့် ပူပေါင်းကာ စာရင်းဇယားများကို လိမ်ညာတင်သဖြင့် ဘုရင့်ထံ ပေးအပ်ရမည့် အခွန်များကို မြို့ သူကြီး များနှင့် အရာရှိများကို ခွဲဝေယူကြလေသည်။ ထို အခွန်တော် ဌာနကို ကိုင်သူမှာ တိုင်းတာမင်းကြီး ဖြစ်လေသည်။

သီပေါမင်း ၏ အာဏာတည်ရာ နေပြည်တော် ၊ စစ်ကိုင်း၊ ပုဂံ၊ ပခန်းကြီး အစရှိသော နယ်တ၀ှက်တွင်သာ အခွန်အတုတ်ကောင်းမွန်စွာ ကောက်ခံနိုင်ခဲ့လေသည်။ ပတ္တမြားမြေဖြစ်သော မိုးကုတ်မြို့ သည် ရှမ်းစော်ဘွားဖြစ်သော မိုးမိတ်စော်ဘွား ၏ လက်အောက်တွင် ရှိပြီး မင်းတုန်းမင်းလက်ထက်တော်က နားလည်မူဖြင့် ရှမ်းစော်ဘွားမှ ဘုရင်ကို ပေးအပ်ထားခြင်းဖြစ်ရာ ဆက်ဆံရေး ပျက်သော အခါ ရှမ်းစော်ဘွား မှ ဘုရင့်တပ်များကို နှင်ထုတ်ခဲ့ရာ သီပေါမင်းတို့မှ  ပြန်လည် မယူနိုင်ခဲ့ပေ။ ( မိုးကုတ်မြို့ သည် ယခင်က ရှမ်းပြည်နယ်ထဲတွင် ရှိခဲ့ပြီး ဗိုလ်ချူ ပ်နေ၀င်း အစိုးရ လက်ထက်တွင် မန္တလေးတိုင်းထဲသို့ ထည့်သွင်းခဲ့သည်။ )

၁၈၈၄ ခုနှစ်တွင် သီပေါမင်း အစိုးရအုပ်ချူ ပ်မူ အောက်တွင် ရှိသော ဗန်းမော်မြို့ ကို ဂျင်းဖောနှင့်တရုတ်လူမျိုးပါဝင်သော အဖွဲ့မှ အင်အား ၂ ထောင်ဖြင့် သိမ်းပိုက်ခဲ့ကြလေသည်။ အင်အား ၃၀၀ သာရှိသော ဘုရင့်မြို့ စောင့် တပ်များသည် မခုခံနိုင်ခဲ့ပေ။ ဘုရင့်ဖောင်တော်ဝန် မဟာမင်းထင်မင်းလှသီဟသူ ဦးဆောင်သော တပ်ဖွဲ့ မှ တလကျော်ကြာ ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ရလေသည်။ သို့သော် ထို ဂျင်းဖော(ကချင်) အဖွဲ့ များသည် တရုတ်နှင့် မြန်မာ နယ်စပ်တွင် ခြေကုပ်ယူခဲ့ကြပြီး တရုတ်နှင့် ကုန်သွယ်ရေးမှာ လုံးဝ ရပ်ဆိုင်း သွားရလေသည်။ ရှေးယခင်ကဆိုလျှင် အရေးအကြောင်းပေါ်လျှင် ရှမ်းစော်ဘွားများဖြစ်သော မိုးကောင်းစော်ဘွား နှင့် မိုးညှင်းစော်ဘွား များမှ တပ်များ လွှတ်ကာ ဘုရင့်တပ်နှင့် ပူပေါင်းပြီး ကူညီကြသည်။ သီပေါမင်း နှင့် ရှမ်းစော်ဘွား များ ဆက်ဆံရေး ပျက်သဖြင့် မည်သည့် စော်ဘွားမှ စစ်ကူမလွှတ်သဖြင့် နယ်စပ်ဒေသ တွင် ဂျင်းဖော(ကချင်) များ အဖွဲ့မှ သူခိုးဓမြ ကဲ့သို့ အသွင်ယူကာ ရမ်းကားနေတော့သည်။

၁၈၈၅ ခုနှစ်ရောက်သော် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော သီတင်းကျွတ်ပွဲတော်ကာလ တွင် ထောင်ဖောက်ပြေးမူ တရပ်ဖြစ်ပွားခဲ့သည်။ ထို ထောင်ဖောက်ပြေးမူတွင် အကျဉ်းသား ၂၀၀ ကျော် အသတ်ခဲ့ရလေသည်။ ထိုအကျဉ်းသား များထဲတွင် သူခိုးလူဆိုးများအပြင်၊ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ကာ တိုင်းတားမင်းကြီး တို့နှင့် အခြေအတင်ဖြစ်ကြသည့် နိုင်ငံရေးအရ ဖမ်းဆီးခံရသည့် အရာရှိများစွာ ပါဝင်သည်။ ထို ထောင်ဖောက်ပြေးမူကို ဦးဆောင်သူ ငရန်မင်း  ( ဓားပြမူ) သည် တခဏတွင် လွှတ်မြောက်သွားခဲ့လေသည်။ ထိုသို့ လွှတ်မြောက်သွားသဖြင့် ထောင်ဝါဒါ များနှင့် စနစ်တကျ ပူပေါင်းကာ အရာရှိများကို သတ်လိုသည့် သဘော ဖြင့် ပြု လုပ်ခြင်း ဖြစ်ကြောင်း လွှတ်တော်တွင် ငြင်းခုံသည်အထိ ဖြစ်လာခဲ့သည်။ ထိုကြောင့် ဘုရင့်ရဲမက် များမှ ငရန်မင်းကို ဖမ်းဆီးနိုင်ပြီးနောက် သူ၏ ရုပ်သေအလောင်းကို မြို့ လယ်တွင် ၃ ရက်ကြာ ပြကာ တိုင်းတာဘက်မှ ထိုစွပ်စွဲချက်များ မဟုတ်ကြောင်း ပြသခဲ့၏။

ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းလှသော အချိန်ကာလတွင် မင်းနှစ်ပါး ဖြစ်သော တော်ဝင်မောင်နှံမှာ ကြီးကျယ်ခမ်းနားသော အခမ်းအနားများကို မပြတ်စေဘဲ ကျင်းပမြဲကျင်းပ၏။ ပွဲတော်တိုင်းတွင် အရေးကြီးသည့် တရုတ်ဝန် နှင့် ကုလားဝန်(ဗြိတိသျှ အရေးကို ကိုင်တွယ်ရသူ) ကို တရုတ်အစားသောက် နှင့် ကုလားအစားအသောက် များကို စီစဉ်ရန် တာဝန်ပေးခဲ့သည်။ ထိုသို့ အပျော်အပါးများကို မိမိတို့ထင်လျှင် ထင်သလို ကျင်းပခဲ့ကြသည်။ ထိုပြင် အောက်မြန်မာပြည်သို့ ရံရွေတော်များကို အခေါက်အခေါက်အခါခါ လွှတ်ကာ နောက်ဆုံးပေါ် အ၀တ်အစားပိတ်စ နှင့် လူသုံးကုန်ပစ္စည်းများကို တော်ဝင်မောင်နှံမှ ၀ယ်ယူစေခဲ့သည်။ စုဖုရားလတ်သည် အနောက်တိုင်း ရေမွှေးများကို သဘောကျသူဖြစ်လေသည်။

၁၈၈၅ ခုနှစ်ကာလတွင် ဘုံဘေဘားမား သစ်ကိစ္စကြောင့် ဗြိတိသျှ တို့မှ ကျူးကျော်စစ်ဆင်နွဲတော့မည် အရိပ်အယောင်များ တွေ့နေရသည့်တိုင်အောင် သီပေါမင်းသည်  တောင်ငူတောစပ်တွင် ဆင်ဖြူ ပေါက် ပေါ် သဖြင့် ထို ဆင်ဖြူ တော်ကို ဖမ်းဆီးရန် တိုင်းတားမင်းကြီးကို အထူးကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေးခဲ့လေသည်။ ဆင်ဖြူ တော်အား နေပြည်တော်တွင် အထူးကြို ဆိုရန် အခန်းအနားများကို ပြင်ဆင်ပြီး အထူးသီးသန့် နန်းတော် တဆောင်ကိုပါ ဆောက်လုပ်ပြီး ဖြစ်နေသည်။ ထိုနှစ်တွင် မြင်ကွန်းမင်းသားသည်လည်း ဘန်ကောက် သို့ ရောက်နေပြီး အထက်မြန်မာပြည်ကို သိမ်းရန် ယိုးဒယားအမတ်များမှ တဆင့် ယိုးဒယားဘုရင်ထံ အကူအညီရရန် ကြိုးပမ်းနေသေး၏။ နေပြည်တော်တွင်လည်း ညောင်ရမ်းမင်းသားကို ဗြိတိသျှ တို့ ပြန်လည် ပင့်ဆောင်လာပြီး ထီးနန်းပြန်လည် ပေးအပ်မည် ဆိုသော ကောလဟာလ များလည်း ထွက်ပေါ်နေလေသည်။

ဗြိတိသျှ တို့သည် ၁၈၈၅ နိုဝင်ဘာလတွင် ကျူးကျော်စစ်ကြီး စတင်ဆင်နွဲနေပြီး မြန်မာဘုရင်ကို စနည်းနာသည့်သဘောဖြင့် ဘုံဘေမြို့ မှ နယ်လှည့်ဖျော်ဖြေရေးပြဇာတ်အဖွဲ့ကိုလည်း နိုဝင်ဘာတွင် စေလွှတ်ခဲ့ရာ ဘုရင်မှ ကြည်ဖြူ စွာ လက်ခံခဲ့ပြီး နန်းမြို့ တော်ဘေးကပ်လျက်တွင် ရှိသော ဥရောပပုံစံ ပြဇာတ်ခုံကြီး တွင် ကပြစေခဲ့ရာ နေပြည်တော် တမြို့ လုံး ပရိသတ်များမှ ထိုပြဇာတ်ကို ပျော်ရွှင်စွာကြည့်ရူခဲ့ကြသေး၏။ထိုပြဇတ်ပွဲသည် မင်းနှစ်ပါး အဖို့ မြန်မာ့မြေပေါ်တွင် နောက်ဆုံး ကျင်းပခဲ့သော ပွဲ ဖြစ်ခဲ့လေသည်။ထိုအပြု အမူကြောင့် ဗြိတိသျှ တို့မှ အံ့သြသင့်ခဲ့လေသည်။ တော်ဝင်မင်းနှစ်ပါး တို့ကို စစ်မက်လိုလားသောတိုင်းတာမင်းကြီး တို့မှ မိမိတို့ အင်အားကြီးကြောင်း လျှောက်တင်ချက်များကြောင့် လည်း မင်းနှစ်ပါးတို့သည် မိမိတို့အင်အား ကို အလွန်အထင်ကြီးခဲ့ကြသည်။


Share:

No comments:

Post a Comment