၁၈၈၃ကာလ ယိုယွင်းလာသော တိုင်းပြည်အရေး

သီပေါမင်းသည် အာဏာလွန်ဆွဲသူများကြားတွင် ကနေရသော ရုပ်သေးသဖွယ်ဖြစ်သော်လည်း ဘုရင်တပါး ဖြစ်သည်ကတကြောင်း၊ နိုင်ငံ၏ အကြီးအကဲတဦး ဖြစ်သောကြောင့် တကြောင်း အကောင်းအဆိုးများအားလုံးကို ခေါင်းခံ ခဲ့ရသည်။ သီပေါမင်းသည် တခြား မင်းသားများနှင့် ခြားနားချက်တခုမှာ သာသနာဘောင် တွင် အချိန်တော်တော်ကြာ နေခဲ့ဖူးပြီး၊ ပထမပြန်စာမေးပွဲကိုလည်း အောင်မြင်ခဲ့ဖူးသော တဦးတည်းသော မင်းသား တပါး ဖြစ်ခဲ့သည်။ ထိုကြောင့် ဘုရင်ဖြစ်ချိန်တွင် သာသနာရေးကို အထူး အလေးပေးခဲ့သည်။
Share:

ဒိုင်းခင်ခင်၏ ဘ၀ကောက်ကြောင်း

ဒိုင်းခင်ခင်၏ ဖခင်အရင်းသည် ကန်နီမြို့ စား ဖြစ်လေသည်။ ကန်နီမြို့ စားသည် ဒိုင်းဝန်မင်းကြီးကတော်၏ မောင်အရင်း ဖြစ်လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် သားသမီး မထွန်းကားသဖြင့် ကန်နီမြို့ စား၏ သမီးတော်လေး ကို မွေးစားခဲ့ကြပြီး ခင်ခင်ကြီး ဟု နာမည်ပေးခဲ့ကြသည်။ ဖခင်နာမည် ကို အစွဲပြု ကာ ဒိုင်းခင်ခင် ဟု လူသိများခဲ့လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် ရွှေကူမင်းသား၏ မြေးတော် မောင်ဖေငယ်ကိုလည်း သားကဲ့သို့ ချစ်မြတ်နိုးသဖြင့် အခွင့်ရတိုင်း ဒိုင်းခင်ခင်ဖြင့် ငယ်စဉ်ကတည်းက ဆော့စေရာ အရွယ်ရောက်သော် မောင်ဖေငယ်သည် ဒိုင်းခင်ခင်ကို ချစ်ခင်စွဲမက်လေတော့သည်။ 
Share: