နန်းတွင်း လူသတ်ပွဲကြီး

စုဖုရားလတ်နှင့် ဘုရင့်ဘက်တော်သားများ အဖွဲ့သည် ၀န်ကြီးများအာဏာကြီးစိုးနေသည်ကို မလိုလားသဖြင့် သီပေါမင်းလက်ထဲ အာဏာရရန် အစွန်းကုန်ကြိုးပမ်းကြတော့သည်။ ရနောင်မောင်မောင်တုတ် နှင့် တိုင်းတာမြို့ စား တို့မှ စနစ်တကျ စီစဉ်ကြသည်။ ကင်းဝန်မင်ကြီး နှင့် ၀န်ကြီးများအဖွဲ့သည် တိုင်းပြည်တိုးတက်ရန် အထူး အာရုံစိုက်နေကြပြီး စုဖုရားလတ်တို့၏ မဟာအကြံအစဉ်များကို မရိပ်မိခဲ့ကြချေ ။ ရနောင်သည် ကင်းဝန်မင်းကြီး၏ ယုံကြည်မူကို တနှစ်အတွင်း လုံးဝ ရရှိခဲ့ကာ သီပေါမင်း၏ ထောက်ခံမူလည်း ပါသဖြင့် နန်းတွင်း ဘုရင့်ကိုယ်ရံတော်အဖွဲ့ အပြင် အထူးတပ်လို့ ဆိုနိုင်သည့် မြောက်ဒ၀ယ်တပ်ဗိုလ်မှူးအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။
Share:

ကင်းဝန်မင်းကြီး၏ ပြုပြင်ပြောင်းလဲမူများ

မင်းတုန်းမင်း နာမကျန်းစဉ်က သီပေါမင်းသားကို နန်းတင်ကာ ကျန်မင်းသားများကို ဖမ်းဆီးခဲ့မူတွင် ကင်းဝန်မင်းကြီး ထံမှ အမိန့်တိုက်ရိုက်မကျသော်လည်း ကင်းဝန်မင်းကြီးမှ ထိုအမိန့်အတုကို ၀င်မတားခဲ့ပေ။ ထို အမိန့်အတု ထုတ်သူမှာ ဆင်ဖြူ မရှင်မိဖုရားကြီး ဖြစ်လေ၏။ ကင်းဝန်မင်းကြီးသည်သုံးသပ်သည်မှာ မြန်မာဘုရင်များ သမိုင်းတွင် ထီးနန်းအတွက်နှင့် သွေးသားအချင်းချင်းသတ်ဖြတ်နေပြီး ထိုအဖြစ်ကို ထပ်မံ မလိုလားတော့သဖြင့် ယာယီသဘောဖြင့် မင်းသားများကို ဖမ်းဆီး သည်ကို သဘောတူခဲ့ဟန် ရှိ၏။ စည်းမျဉ်းခံဘုရင်စနစ် လုံးဝ အသက်ဝင်လာသည့်အခါမှသာ မင်းသားများကို လွှတ်ပေး မည့်အကြံရှိခဲ့လေ၏။ 
Share: