၁၈၇၈ ခုနှစ် နန်းတွင်းအာဏာသိမ်းမူ

စည်းမျဉ်းခံဘုရင်စနစ် ပီပြင်စွာ သက်ဝင်ရန် အတွက် ကင်းဝန်မင်းကြီး ဦးဆောင်သော ပြု ပြင်ပြောင်းလဲလိုသူ များအဖွဲ့ သည် မင်းတုန်းမင်း၏ မင်းသားများစွာထဲမှ အလွန်အေးပြီး အေးအေးဆေးဆေး နေတတ်သော သီပေါမင်းသားကို သဘောတွေ့ကြလေ၏။ ထိုပြင် သီပေါမင်းသားသည် ဆင်ဖြူ မရှင်မိဖုရား၏ သမီးတော် မြတောင်မင်းသမီး (စုဖုရားလတ်) နှင့်လည်း ရည်ငံနေသဖြင့် ဆင်ဖြူ မရှင်မိဖုရားအဖို့ ကန့်ကွက်ရန် မရှိပေ။ သီပေါမင်းသား သည် နောင်တော်မင်းသားများကဲ့သို့ ထက်မြက်မူ မရှိပေ။ သို့သော် သီပေါမင်းသားသည် ၁၈၇၇ ခုနှစ်တွင် ပါဠိစာမေးပွဲဖြစ်သော ပထမပြန်စာမေးပွဲကို အောင်မြင်ခဲ့သဖြင့် မင်းတုန်းမင်းကိုယ်တိုင် နန်းတော်တွင် အလွန်ကြီးကျယ်သော အခမ်းအနားတရပ် ကျင်းပပေးခဲ့၏။

Share:

ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး

မင်းတုန်းမင်းသည် မြင်းခုံတိုင်အရေးအခင်းနှင့် ပန်းတိမ်းမင်းသားအရေးအခင်း အပြီးတွင် အုပ်ချူ ပ်ရေးပိုင်းကို အာရုံစိုက်ခြင်းမရှိတော့ဘဲ ဘာသာရေးဘက်သို့သာ အလှူ အဒါန်းများဖြင့် အချိန်ကို ကုန်နေစေခဲ့လေသည်။ ထိုပြင် မိမိ၏ မိဖုရားခေါင်ကြီး ကွယ်လွန်ပြီးနောက်ပိုင်းတွင် ရောဂါများ တခုပြီးတခု စွဲကပ်ကာ အင်အားများ ယုတ်လျော့လာခဲ့လေ၏။ ထိုသို့ ယုတ်လျော့နေသော်လည်း မင်းတုန်းမင်းသည် အိမ်ရှေ့မင်းသား ကို ခန့်အပ်ခြင်းမရှိခဲ့ပေ။ မင်းတုန်းမင်း၏ နန်းတွင်းသမားတော် ခေါင်းဆောင် ဖြစ်သူ ဂျာမနီလူမျိုး ဒေါက်တာမာဖယ်လ်စ် မှ မင်းတုန်းမင်း၏ ရောဂါသည် အလွန်ဆိုးရွား ပြင်းထန်နေသည်ဟု လျှောက်တင်ပြီး ဘုရင်ကို သီးသန့်ခန်းဆောင်တွင် ထားကာ ကုသပေးလေ၏။
Share: