မင်းမြတ်အနော်ရထာ အပိုင်း(၁၀) ဥဿပဲခူးသို့ စစ်ကူလွှတ်ခြင်း

နေပြည်တော်တွင် သာသနာထွန်းကားလာသည်ကို အကျွန်ုပ်မြင်တွေ့ ရ၍အလွန်ကြည်နူးမိသည်။ ပြည်သူ အများကလည်း စေတီတွေ တည်နေတာ နေရာအနှံပင်။ အကျွန်ုပ်လည်း ခွင့်ပြုတော်မူခဲ့ပါသည်။ အကျွန်ုပ် လည်း ပြည်သူအပေါင်း၏ ကုသိုလ်များကို သာဓုခေါ်လိုသဖြင့် နန်းတော်မှ နေပြည်တော် အနှံ လိုက်လံ ကြည်ညိုလေသည်။ ထိုအချိန်တွင် ဥဿပဲခူးမှ မင်းသံတမန်တွေ ရောက်ရှိခစားလာကြောင်း အကျွန်ုပ်ကို ရဲမက်မှ လျှောက်တင်လေသည်။ အကျွန်ုပ်လည်း ကျူပ်ရှိသည့် နေရာလာခိုင်းလေတော့သည်။

Share:

မင်းမြတ်အနော်ရထာ အပိုင်း (၉) သထုံပြည်ကို အောင်နိုင်တော်မူခြင်း

အကျွန်ုပ်လည်း အမတ်တွေကို တာဝန်ပေးလိုက်ပါပြီ။ သို့သော် စိတ်တွင် ဘ၀င်သိပ်မကျသေး။ သူတို့ သည် အရေးကို အောင်မြင်အောင်စွမ်းဆောင်နိုင်မည်လော ဟု စိတ်တွင် သံသယပေါင်းများစွာဝင်နေသေးသည်။ အဝေးက သထုံပြည်ကိုသာ ကြည့်ရူနေလေသည်။ သြော်လှပလှသည့်မြို့တော်၊ သိပ်မကြာပါဘူး စစ်တပ်တွေ ချီတက်နေသည်ကို ကျူပ်တွေ့ရသည်။

Share:

မင်းမြတ်အနော်ရထာ အပိုင်း (၈) သထုံပြည်သို့ စစ်ချီတက်ခြင်း

အကျွန်ုပ်လည်း စစ်ရဲမက်အပေါင်းကို စီရင်၍ သထုံပြည်သို့ ချီတက်လေသည်။ စစ်သူကြီး ၄ ယောက်ကိုလည်း ရှေ့တော်ကနေ တပ်ဦးပြေးအဖြစ်ထားလျက် ကျူပ်က နောက်က ရဲမက်အများဖြင့် ဖြည်းဖြည်း ချီတက်လေသည်။ လအတန်ကြာချီတက်လေပြီးသော် ကျူပ်တို့၏ စစ်တလင်းဖြစ်မည့် သထုံပြည်  ကို အဝေးကနေ မြင်တွေ့ရလေပြီ။ သထုံပြည်သည် သူ့၏ ဂုဏ်အတိုင်း အပြင်ကနေ ကြည့်လျှင် လွန်စွာမှ လှပပေ၏။ အုပ်ချူပ်သောမင်းမှာ စကားမတတ်သောကြောင့် ယခု ကျူပ်နဲ့ စစ်ခင်းရပေတော့မည်။
Share:

မင်းမြတ်အနော်ရထာ အပိုင်း(၇) သထုံပြည်မှ ပိဋကတ်တောင်းတော်မူခြင်း

တစ်နေ့ အကျွန်ုပ် အရှင်အရဟံကို ဖူးမျှော်နေစဉ် အရှင်အရဟံမှ 
ရှင်အရဟံ- “ မင်းကြီး သာသနာတော်ထွန်းကားစေချင်လျှင် သာသနာတော် ၃ ရပ်နှင့် ပြည့်စုံမှ ထွန်းကားပွားများ မည်ဖြစ်သည်။ သာသနာ ၃ ရပ်ဆိုရာတွင် ပရိယတ္တိ ရှိမှ ပဋိပတ္တိ ရှိသည်၊ ပဋိပတ္တိ ရှိမှ ပဋိဝေဓ သာသနာ ဖြစ်သည်။ သာသနာထွန်းကားသော တိုင်းဌာန များကို လက်ဆောင်များဖြင့် တောင်းစေ၏။” 
Share:

မင်းမြတ်အနော်ရထာ အပိုင်း(၆) အရည်းကြီးကို နှိမ်နှင်းတော်မူခြင်း

မင်းနော်ရထာလည်း အရှင်အရဟံ၏ ဝေယျဝစ္စကို ကောင်းမွန်စွာ သဒ္ဒါ ထက်သန်စွာ စီရင်လေ၏။ ထိုနောက် မနက်အချိန်တွင် မင်းအစည်းအဝေး ကျင်းပလေသည်။
အနော်ရထာ- “ အမတ်မင်းတို့ အခုကျူပ်တို့ ပြည်ဝယ် ကိုးကွယ်ရာအစစ်အမှန် ရောက်ရှိလာလေပြီ။ အရည်းကြီး များကို မည့်သို့ စီရင်သင့်သနည်း။”

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၅)

တစ်နေ့တွင် ကျူပ်ကိုယ်တော်မြတ် အနောက်နန်းတွင် စံမြန်းနေပြီး အကျွန်ုပ်၏ အိမ်မက်ကို ဟူးရားတို့ကို မေးမြန်းနေချိန်ဖြစ်၏။ ဟူးရားတို့က ကျူပ်အိမ်မက်ကို မည်မျှကောင်းကြောင်း လျှောက်နေကြလေရဲ့။ ထိုအခါ အစေအပါး က သတင်းထူးတစ်ခုကို ကျူပ်ဆီယူဆောင်လာလေသည်။
အစေအပါး- “ မင်းကြီးဘုရား နေပြည်တော်တွင်းနေ မုဆိုးတစ်ယောက်က မင်းကြီးဆီကို လူထူးဆန်း တစ်ဦး လာရောက်ဆက်သ ကြောင်းပါ”
အနော်ရထာ-“ လူထူးဆန်း... ဘယ်လိုလူတုန်းကွဲ့”
အစေအပါး-“ မသိကြောင်းပါဘုရား.... အမတ်ချူပ်မင်းက မင်းကြီးဆီကို တိုက်ရိုက်လျှောက်ခိုင်းလို့ပါ ဘုရား”
အနော်ရထာ-“ အမ်း ကောင်းပြီလေ ဟူးရားတို့ ကျူပ်တို့ နန်းခန်းမဆောင်သို့ သွားကြတာပေါ့”
ဟူးရား- “ မှန်လှပါ ဘုရား”

Share:

မင်းမြတ်အနော်ရထာ အပိုင်း (၄)

(၃) ရက်လွန်၍ နန်းတော်အစည်းအဝေးလုပ်ချိန်တွင် ခန့်မှန်းသည့်အတိုင်း ဟူးရားညိုသည် အကျွန်ုပ် ပေးအပ်သော တာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည့် ပုံသဏ္ဍာန်ပြနေလေ၏။
အနော်ရထာ- “ ဟူးရာညို ဘယ်နှယ်တုန်း ရှာတွေ့ခဲ့၏လော”
ဟူးရားညို- “ ဦးတိုက်တင်ပါဘုရာ့၊ ဘုန်းတော်ကြောင့် ထိုသူရဲကောင်းသာမက နောက်ထပ် ၃ ယောက်သော သူရဲ တွေကို ရှာတွေ့ခဲ့ပါသည် ဘုရား ”
အနော်ရထာ - “ ဘယ်ကွယ့် ဒါဆို သူရဲက ၄ ယောက်တောင်လား”
ဟူးရားညို- “ မှန်ပါဘုရား၊ ဘုန်းတော်ကြောင့် နေပြည်တော်တွင် သူရဲ ၄ ယောက်ပေါ်ထွန်း ခဲ့ပါသည် ဘုရား။”
အမတ်များ- “ ဘုန်းတော်ကြီးတော်မူလှပါသည် မင်းကြီးဘုရား”

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၃)

သက္ကရာဇ်(၃၆၄){AD 1002} တွင် ကျွန်ုပ် အနော်ရထာ သည် “မဟာရာဇသီရိ အနိရုဒ္ဒဒေ၀” ဘွဲ့အမည်နာမ ခံလျက် ပုဂါရာမပြည်ကို သိမ်းပိုက်ထီးနန်းစံမြန်းလေသည်။ တစ်နေ့ နန်းတော်တွင် အစည်းအဝေး ပြုနေခိုက် ပထ၀ီမြေကြီးသည် ပြင်းစွာလူပ်လေသည်။ ကျွန်ုပ်လည်း စူးစမ်းခြင်သဖြင့် ဟူးရာအမတ်တို့ကို မေးမြန်းမိလေ၏။

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၂)

အကျွန်ုပ် စိတ်မကောင်းစွာဖြင့် ဖခမည်းတော်ရှိရာ ကျောင်းတော်သို့ စီးတော်မြင်းဖြင့် ခပ်သုတ်သုတ် ထွက်ခဲ့လေသည်။ ခမည်းတော်ကို အခစားဝင်၍ နောင်တော် ဆိုသော “ညီသား နောင်မယ်” အကြောင်း ကို မေးမိခဲ့၏။ ခမည်းတော်မိန့်သော အဓိပ္ပာယ်ကြောင့် အကျွန်ုပ်လွန်စွာ မှ အမျက်ထွက်ခဲ့မိသည်။ အကျွန်ုပ် တွေးမိသည် “ ငါဟာ နောင်တော်နှင့် ငါ့ကြား သွေးမြေကျမူတွေ မဖြစ်စေရန် ငါပုန်ကုန်ရန် အင်အား ရှိသော် ငြားလည်း သူ့ထံ ငါ လိမ္မာစွာ ခစားခဲ့လေ၏။ သို့သော် ထို့ ကျေးဇူးတရားကို မထောက် ငါ့၏ မယ်တော်အား ပြစ်မှားလေသည်။ ဤနောင်တော်သည် မင်းနှင့် မထိုက်ပါ ချေ။ ”

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၁)


သက္ကရာဇ် (၃၆၃) တွင် အကျွှန်ုပ် ခမည်းတော်ဘုရား၏ ထီနန်းကို ပြန်လည် ရရှိခဲ့ပေသည်။ နေပြည်တော် တစ်ရပ်လုံးက လူထုများက အကျွှန်ုပ်ကို ကောင်းချီးသြဘာများ ပေးနေကြသည်။ သို့သော် အကျွှန်ုပ်လုပ်ရပ် သည် ကောင်း၏လော ဆိုး၏လော ဆိုတာ အကျွှန်ုပ် မဆုံးဖြတ်နိုင်သေး။
“အနော်ရထာမင်းတရားကြီး သက်တော်ရာကျော်ရှည်ပါစေ ဘုန်းတော်ကြီးသက်တော်ရှည်ပါစေ” 
စသဖြင့် အကျွှန်ုပ်နားထဲပံတင်ရိုက်သကဲ့သို့  ပုဂါရာမာပြည်၏ ပြည်သူပြည်သားများ၏ ဆုတောင်းချက်ဟာ အကျွန်ုပ်ကို အလွန်ပီတိ ဖြစ်စေခဲ့လေသည်။ 


Share: