ဘက်စုံထူးချွန်သူ ဦးဘိုးလိုင်

အထက်မြန်မာပြည်သာ ကျန်ရှိသော ကုန်းဘောင်အင်ပါယာကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းခဲ့သူများ ထဲတွင် ယောအတွင်းဝန် ဦးဘိုးလိုင်သည် အဓိက ခရာကျသူ တဦး ဖြစ်လေသည်။ ဦးဘိုးလိုင်သည် မင်းတုန်းမင်းကို ခစားနေစဉ် နန်းတော်အတွင်းရှိ အိန္ဒိယကုလား အနှိပ်သည်များထံ အိန္ဒိယဘာသာစကား ကို သင်ယူ တတ်မြှောက်ပြီး စာအုပ်များကို မြန်မာဘာသာပြန်နိုင်သည်အထိ ကျွမ်းကျင်ခဲ့လေ၏။ မင်းတုန်းမင်းမှ ဥရောပ သို့ ပညာတော်သင်များလွှတ်ရာ ထို ပညာတော်သင်များ ပြန်ရောက်လာချိန်တွင် ထို ပညာတော်သင်များထံမှ ပညာများကို လေးစားစွာ ထပ်မံ သင်ယူပြန်လေ၏။

ပြင်သစ်ပြန်ဖန်ချက်ဝန် မောင်ရွှေအိုမှာ ဦးဘိုးလိုင်၏ တပည့်ဖြစ်၏။ ဦးဘိုးလိုင် ရေးသော လိပိဒိပိကာ ကျမ်း ခေါ် ကြေးနန်းရိုက်ကျမ်း သည် မှတ်သားဖွယ်ကောင်းသဖြင့် အင်္ဂလိပ် သံအရာရှိ မက်မာဟွန် (Mcmahon) မှ အင်္ဂလိပ်ဘာသာ သို့ ပြန်ကာ လန်ဒန်သို့ ပို့လေ၏။ ထိုတွင်မက မန္တလေးမြို့ ရှိ မင်းတုန်းမင်း၏ နောက်ဆုံး ကောင်းမူ ဖြစ်သော အတုမရှိကျောင်းကြီးကို ကြီးကြပ်တည်ဆောက်သူမှာလည်း ဦးဘိုးလိုင်ပင်ဖြစ်သည်။ 
ရွှေပြည်ဝန်ကြီး ယောမင်းကြီး ဦးဘိုးလိုင်

ဦးဘိုးလိုင်သည် ကြေးနန်းရိုက်နည်း ၊ ဗေဒင်တွက်နည်း၊ ဆေးဖော်နည်း၊ မြင်းမွေးနည်း၊ ကမ္မဌာန်းရူနည်း၊ ကဗျာစပ်နည်း၊ တိုင်းပြည်အုပ်ချူ ပ်နည်း စသည် ကျမ်းစာပေများကို ရေးသားခဲ့လေ၏။ ဦးဘိုးလိုင်သည် ယင်းတောဝန်ကြီး ဦးတုတ် ( ရေနံချောင်း မင်းကြီး ) နှင့် မွန်အမျိုးသမီး ဒေါ်ငြိမ်း မှ မွေးဖွားသော သားဖြစ်လေ၏။ အဘိုး ဖြစ်သူမှာ ဘိုးတော်မင်းတရား လက်ထက်က လက်ဝဲ၀င်းမှူး ဖြစ်၏။ ဖခင်ဖြစ်သူ ယင်းတောဝန်ကြီး သည် သာယာဝတီမင်းမှ ပုဂံမင်းကို ပုန်ကန်စဉ်က ရှေ့တော်ပြေးအဖြစ် စစ်မူရေးရာကို စီစဉ်ခဲ့သူဖြစ်ပြီး သာယာဝတီမင်း ထီးနန်းရသော် ရေနံချောင်း မင်းကြီး အဖြစ် မြှောက်စားခံရသူဖြစ်လေ၏။ သို့သော် သာယာဝတီမင်း စိတ်ဖောက်ပြားချိန်တွင် လှံဖြင့် ထိုးသတ်ခံရပြီး ကွယ်လွန်ခဲ့ရ၏။ 

ဦးဘိုးလိုင်သည် မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားနှင့် အတူ ကုန်းဘောင်အင်ပါယာကို စက်မူလက်မူနိုင်ငံ အဖြစ်သို့ ပြောင်းလဲရန် အခြေချ စတင်ခဲ့လေသည်။ ထိုပြင် ကင်းဝန်မင်းကြီး နှင့် အတူ လန်ဒန်နှင့် ဥရောပ များတွင် အသုံးများနေသည့် စည်းမျဉ်းခံဘုရင်စနစ်ကို မြွေမသေ တုတ်မကျိုး ကူးပြောင်းရန် စီစဉ်ခဲ့ကြလေသည်။ ထိုသို့ ခေတ်မှီသော အတွေးအခေါ်ရှိသည့် ၀န်မင်းများကို ရှေးရိုးစွဲဝါဒီများမှ မနှစ်သက်ကြပေ။ ထို့ကြောင့် အခွင့်အရေးရတိုင်း ကုန်းတိုက်ကြသဖြင့် မင်းတုန်းမင်း လက်ထက်တွင် ရာထူး မကြာခဏ ပြုတ် ခဲ့ရာ၏။ 

မင်းတုန်းမင်း သည် နောင်တော်ပုဂံမင်း ကို အောင်မြင်ပြီးသည့်နောက် မောင်ဘိုးလိုင် ထိုစဉ်က အသက် ၂၄ နှစ် ကို မကွေးမင်းကြီး သမီး ခင်ဖြူ နှင့် လက်ထပ်စေလေသည်။ ခင်ဖြူ သည် အမေးတော်ခံ ကတော်ကြီး ၄ ပါး တွင် အပါအ၀င်ဖြစ်ပြီး အင်းဝဈေးချို တော်၏ အခွန်ကို စားရလေ၏။ မကွေးမင်းကြီး ဦးကြာဥ သည် သာယာဝတီမင်း ရူးသွပ်ချိန်တွင် နောက်ကွယ်မှ ထိန်းသိမ်း ချူ ပ်ကိုင်သူ ထဲတွင် ပါဝင်သူဖြစ်ပြီး ပုဂံမင်း နန်းချရာတွင်လည်း အမရပူရမြို့ တွင်းမှ ကူညီခဲ့သဖြင့် မင်းတုန်းမင်းမှ ဦးကြာဥကို သတိကြီးစွာ ထားရလေသည်။ 

ထိုခေတ်က တိုင်းပြည်ပြုပြင်ရေးတွင် ကနောင်မင်းသား၊ဦးဘိုးလိုင်နှင့် ကင်းဝန်မင်းကြီး တို့သည် ခေတ်ရေစီးကြောင်းကို လိုက်ကာ အုပ်ချူ ပ်ရေးစနစ်ကို ပြု ပြင်ကာ တိုင်းပြည်အင်အားကြီးအောင် ပြောင်းလှဲ လိုကြ၏။ သို့သော် တိုင်းတာမင်းကြီး ကဲ့သို့ ရှေးရိုးစွဲများသည် ဘုရင့်အသိုင်းအ၀ိုင်းကို လွှမ်းမိုးနိုင်သဖြင့် ပြုပြင်ရေးမှာ အောင်မြင်ခြင်း သိပ်မရှိလှပေ။ အထူးသဖြင့် စစ်တပ်ကို ခေတ်မှီအောင် ပြောင်းလဲချိန်တွင် အခက်အခဲများစွာ ကြုံ တွေ့ရလေ၏။ 
၁၈၈၀ ခုနှစ်က အတုမရှိကျောင်း
မန္တလေးခေတ် အခြေအနေကို ကင်းဝန်မင်းကြီး သုံးသပ်ရာတွင် "ကျု ပ်တို့မှာ ကိုက် ၈၀၀ လောက်သာ ပစ်ခတ်နိုင်တဲ့ တူမီးသုံးခွေစွပ် တွေပဲ ရှိတယ်။ အဲဒါတောင် တပ်သားစေ့ မကိုင်နိုင်ဘူး။ အမြောက်ဆန်များကလည်း တမိုင်ခရီးထက် ပိုမရောက်ဘူး။ အင်္ဂလိပ်မှာတော့ ကိုက် ၁၅၀၀ သွားတဲ့ ဟင်ဒလီ ရိုင်ဖယ် သေနတ်တွေ၊ အမြောက်ဆန် တခါပစ်ရင် ၃ တိုင်ခရီး ရောက်နိုင်တဲ့ စက်ယန္တရားတွေ ကိုင်ဆောင်ကြတယ်။ ကျူ ပ်တို့ ဘယ်လို သတ္တိကောင်းပေမယ့် ဟိုင်းကြီးကျွန်းကို ၀ါးရင်းတုတ်နှင့် အနိုင်ဖြို ခဲ့တဲ့ အလောင်းမင်းတရားကြီး ခေတ်မျိုး မဟုတ်တော့လို့ စစ်ဖြစ်ရေးအတွက် အများကြီး စဉ်းစားရမယ်" ဟု ဆိုခဲ့ဖူးသည်။ 

မင်းတုန်းမင်းသည် ဂျပန်ခေတ်တော်လှန်ရေး ဘုရင် နိုမီဂျီ နှင့် ထီးပြိုင်နန်းပြိုင် ဖြစ်၏။ ဂျပန်နှင့် ကုန်းဘောင်ခေတ် တချိန်က အတူတူ တစခန်းထခဲ့ကြ၏။ မင်းတုန်းခေတ်တွင် ကနောင်မင်းသားနှင့် ဦးဘိုးလိုင် တို့သည် ပညာတော်သင် ၉၀ ကျော် ကို နိုင်ငံခြားသို့ ပို့ခဲ့ပြီး စက်ရုံပေါင်း ၅၀ ကျော် ထူထောင်နိုင်ခဲ့သော်လည်း ကနောင်မင်းသားကို မြင်ကွန်းမင်းသားမှ လုပ်ကြံသဖြင့် ကျဆုံး သွားပြီး ဦးဘိုးလိုင်မှာလည်း မှန်ရာနှင့် တိုင်းပြည်အရေးကို မည်သူမျက်နှာမထောက် ရဲရဲဝံ့ဝံ့ လုပ်သဖြင့် ၆ ကြိမ်မျှ ရာထူးမှ ဖြုတ်ခဲ့ရ၏။ စက်ရုံများသည်လည်း လိုအပ်သော ထောက်ခံမူ မရသဖြင့် ကောင်းမွန်စွာ မလည်ပတ်နိုင်ခဲ့ရပေ။ အထူးသဖြင့် လက်နက်စက်ရုံများသည် ကနောင်မင်းသား ကျဆုံးသွားချိန်တွင် လုံးဝ ရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့ရ၏။ 
မင်းတုန်းမင်း နတ်ရွာစံပြီးသည့်နောက် သီပေါမင်းလက်ထက် ရောက်သော် လုံးဝ ရာထူးမှ အပြီး ဖြတ်ခြင်းကို ခံခဲ့ရလေ၏။ ကင်းဝန်မင်းကြီးမှ ရာထူးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း တိုင်းတာမင်းကြီးနှင့် စုဖုရားလတ်တို့၏ သြဇာကို မလွှမ်းနိုင်သဖြင့် အရာမထင်ခဲ့ပေ။ ဦးဘိုးလိုင်သည် ရာထူးကျချိန် အမရပူရတွင် ခြံလုပ်ကာ ကျမ်းဂန်များ ပြု စုပြီး နေထိုင်လေ၏။ ဦးဘိုးလိုင်သည် ကုန်းဘောင်မင်းများ၏ အားနည်းချက်ကို သိသဖြင့် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အစားထိုးကာ အာဏာခွဲဝေသည့်သဘောဖြင့် တိုင်းပြည်ကို အုပ်ချူ ပ်လို၏။ သို့သော် ရှေးရိုးစွဲမှူးမတ်များ ကြောင့် မအောင်မြင်ဖြစ်ရကာ ဦးဘိုးလိုင်၏ ကြိုးပမ်းမူများသည် သဲထဲ ရေသွန် ဖြစ်ခဲ့ရ၏။ တိုင်းပြည်အတွက် စေတနာ အလွန်ရှိသော ဦးဘိုးလိုင်သည် တိုင်းပြည်အုပ်ချူ ပ်နည်း ကို ကျမ်းကြီး ပြုစုခဲ့သေးလေ၏။ 

ထိုခေတ်က တန်ဖိုးမဖြတ်နိုင်သော ဘက်စုံထူးချွန်သူ ဦးဘိုးလိုင်သည် အမရပူရတွင် ခြံအလုပ်လုပ်ရင်း အသက် ၅၄ နှစ် တွင် ကွယ်လွန် ခဲ့ရလေသည်။
Share:

No comments:

Post a Comment