အင်္ဂလိပ်တို့၏ မတရားသော ဒုတိယကျူးကျော်စစ်

ပုဂံမင်းသည် ဘိုင်ဆိပ်အရေးအခင်းအပြီးတွင် သတိခေတ္တ၀င်ကာ ပြည်သူအများမှ မိမိ၏ အုပ်ချူ ပ်ပုံကို အလွန်အမင်း မုန်းတီးနေကြကြောင်း သိရသဖြင့် ပြည်သူအပေါင်းတို့ စိတ်သက်သာရာရစေရန် အလှူ အဒါန်း
အကြီးအကျယ်ပြု လုပ်လေသည်။ ရွှေနန်းတော် လေးပြင်လေးရပ်တွင် ပြဿ      ဒ် ကြီးများ ဆောက်ကာ ချမ်းသာမရွေး၊ လူတန်းစား မရွေး၊ အလှူ လာခံသူမှန်သမျှ ကို အလှူ ပေးလေ၏။ ထို့ကြောင့် ရွှေမြို့ တော် တွင် နေထိုင်သူ မှန်သမျှ အလှူ ပစ္စည်းရကြလေ၏။


ခရစ်နှစ် ၁၈၅၁၊ ၁၁ လပိုင်း၊ ၂၃ ရက်နေ့တွင် အင်္ဂလိပ်တို့သည် ဟံသာဝတီမြို့ ဝန်မင်းကြီး ထံ(ယခု ရန်ကုန်-ပဲခူး-ဧရာဝတီ ကို အုပ်စိုးရသော မြို့ ဝန်မင်းကြီး ) ခံပြုချက် မယူဘဲ စစ်သင်္ဘာ ၃ စင်းနဲ့ ဒလမြို့ ရေဆိပ်သို့ ဆိုက်ကာ အင်္ဂလိပ်ကုန်သည်များကို မြန်မာအာဏာပိုင်များမှ နှိပ်စက်နေသည်ကို တရားနှင့်အညီ ကျေနပ်အောင် ဖြေရှင်းပေးရန် ဟံသာဝတီမင်းကြီးထံ စာပို့လုလင်လွှတ်ကာ သင်္ဘာများကိုလည်း ဆိပ်ကမ်းတွင် ဆိုက်ထားလေ၏။ အကြောင်းအရင်းအမှန်မှာ အင်္ဂလိပ်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီ နှင့် ကုန်သည် ရောဘတ်ရှက်ပတ် တို့သည် မြန်မာပိုက်နက်အတွင်း လူသတ်မူကျူးလွန်ကြောင်း ပြစ်မူထင်ရှားသဖြင့် ဒဏ်ငွေ ချ မှတ်သည်ကို မကျေနပ်ဘဲ အင်္ဂလိပ်ဘုရင်ခံ ထံ တိုင်ကြားရာ ဒုတိယကျူးကျော်စစ် ဆင်နွဲရန် အကြောင်းဖန်လာခြင်းဖြစ်သည်။

ဟံသာဝတီမြို့ ဝန်မင်းကြီးလည်း မနှိပ်စက်ကြောင်း အားလုံး တရားနှင့်အညီ ပင် ရှိကြောင်း စာပြန်လေ၏။ ထို အင်္ဂလိပ်သင်္ဘောများ ဆိုက်ရောက်လာကြောင်းကိုလည်း နေပြည်တော်သို့ သတင်းပို့လေသည်။ ထိုနှစ် ၁၂ လပိုင်း၊ ၁၄ ရက်တွင် အင်္ဂလိပ်ဘုရင်ခံ ရာဇသံစာ ပါဝင်လာပြီး ဟံသာဝတီမြို့ ဝန်မင်းကြီး ကို ရာထူးမှ နုတ်ပေးရန် ပုဂံမင်းထံ စာရောက်လေသည်။

ပုဂံမင်းသည် လွှတ်တော်မတက်သဖြင့် မင်းတုန်းမင်းသား တို့အဖွဲ့မှ ဘုရင်ရှိရာ ကြက်တိုက်ရာ နေရာ သို့ သွားပြီး အကြောင်းစုံလျှောက်တင်ရာ ပုဂံမင်းမှ ဟံသာဝတီမြို့ ဝန်မင်းကြီးကို ရှေ့တော်သို့ ခေါ်ရန် မိန့်လေသည်။ ထိုနောက် ပြည်ရွှေတောင်မြို့ ဝန် သတိုးမင်းကြီး မဟာမင်းလှမင်းခေါင်ကျော် ကို အင်္ဂလိပ်အရေးကို ပြေလည်အောင် လုပ်ရန် အမိန့်တော် ပေးကာ အောက်ပြည်အောက်ရွာ သို့ စုန်ဆင်းစေလေ၏။

ရန်ကုန်သို့ရောက်သော် ကျောက်မော်မြို့ ဝန် ကိုစေလွှတ်ကာ ထိုအရေးကို ပြေလည်အောင် ဖြေရှင်းပေးမည်ဖြစ် ကြောင်း အသိပေးလေ၏။ နောက် ချိန်းသည့်ရက်တွင် အင်္ဂလိပ်များ ပေါ်မလာဘဲ အမေရိကန်ဘာသာရေးဆရာ နှင့် ဒုအရာခံဗိုလ်အဆင့်ရှိ ဗိုလ်ငယ်လေး နှစ်ဦးတို့ မြင်းစီးလာပြီး ရုံးဝင်းအတွင်းသို့ မြင်းစီးဝင်ရန် ကြိုစားကြရာ အရေးပိုင်မင်းကြီး၏ ရုံးအတွင်း မြင်းမစီးရန် တံခါးမှူးများက တားမြစ်သည်ကို မလိုက်နာသဖြင့် တွေ့ခွင့်မရဘဲ ပြန်သွားကြ၏။

ထိုညတွင် အင်္ဂလိပ်တို့မှ ရေနန်းယာဉ်သာ သင်္ဘောတော်ကြီးကို အတင်းလုယူ လေ၏။ ထိုအခါ မြန်မာရေ၀န် တို့မှ အမြှောက်ဖြင့် ပစ်ခတ် တားမြစ်သော်လည်း မရပ်ဘဲ သန်လျင်ထိ ယူဆောင်သွားလေ၏။ နောက်တနေ့တွင် အင်္ဂလိပ်စစ်ဗိုလ်ချူ ပ်မှ

  • အင်္ဂလိပ်ကုန်သည် ကို ချမှတ်ထားသော ငွေဒဏ် ကိုးထောင်ကို ပြန်ပေးရန်၊ 
  • အင်္ဂလိပ်ဗိုလ်များ စေလွှတ်စဉ်က ယခင် ဟံသာဝတီဝန်မင်းကြီး မတွေ့သဖြင့် အရှက်ရသည်ကို ကျေနပ်အောင် ပြုလုပ်ပေးရန်၊
  • ရန္တပိုစာချူ ပ်တွင် ပါသည့်အတိုင်း အင်္ဂလိပ်အရေးပိုင်ကို ဟံသာဝတီနယ်ပယ်တွင် သင့်တော်သည့် အဆောင်အယောင်ဖြင့် ကောင်းမွန်စွာ လက်ခံရန် 

ထိုအချက်သုံးချက် ကို ကောင်းမွန်စွာ လက်ခံလျှင် ရေနန်းယာဉ်သာ သင်္ဘောကြီးကို ပြန်ပေးမည်ဖြစ်ပြီး တိုက်စစ်သင်္ဘောများကို နုတ်သိမ်းမည်ဖြစ်ကြောင်း ပြည်ရွှေတောင်မြို့ ဝန်မင်းကြီး ထံ စာရောက်လေသည်။
ထိုစာကို နေပြည်တော်သို့ ပို့ကာ အမိန့်တော်စောင့်လေ၏။ နေပြည်တော်မှ ထိုအချက်များကို ဖြည့်ဆည်းပေးရန် အမိန့်တော်ကျလေ၏။

ပြည်ရွှေတော်မြို့ ဝန်မင်းကြီးလည်း ဘုရင်အမိန့်တော်ကျလာသဖြင့် အင်္ဂလိပ်တို့တောင်းဆိုသော အချက် ၃ ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လေ၏။ ထိုအခါ အင်္ဂလိပ်စစ်ဗိုလ်ချူ ပ်မှ အတင့်ပိုရဲကာ အထက်က သုံးချက်အပြင် ယခု ချီတက်လာခဲ့သည် စစ်စရိတ် ဒင်္ဂါးတစ်သန်းကိုလည်း ပေးရမည့်အပြင် အင်္ဂလိပ်စစ်ဗိုလ်ချူ ပ်ရှိရာ သို့ ပြည်ရွှေတောင်မြို့ ဝန်မင်းကြီး ကိုယ်တိုင်လာတွေ့ရမည်ဟု စာထပ်ပြန်လေ၏။

Related image

ထိုအကြောင်းကို နေပြည်တော်သို့ ထပ်မံ အကြောင်းကြားပြန်လေရာ အမရပူရလွှတ်တော်ရှိ ၀န်မင်းများ၊ အမတ်များ၊ ဒေါသထွက်ကြပြီး အင်္ဂလိပ်တို့သည် စစ်လိုလားနေသည်ကြောင်း ဆွေးနွေးကြလေ၏။ ခုခံရန် အသင့်အနေအထား ရှိရန်လိုကြောင်း ပြောဆိုကြပြီး ပုဂံမင်းထံ အမိန့်တော် တောင်းကြလေသည်။ ပုဂံမင်းလည်း ကြက်တိုက်ရာ နေရာမှ အမိန့်တော် ထုတ်ပေးလေ၏။

ထိုကြောင့် အင်္ဂလိပ်ကျူးကျော်စစ် ဆင်နွဲလာလျှင် ခုခံရန် စစ်ကြောင်း ၄ ကြောင်း ကို ဖွဲ့စည်းကာ အောက်ပြည်သို့ ဆင်းပြီး အင်အားဖြည့်ရန် အမိန့်တော်ထုတ်လေသည်။ သို့ဖြင့် နှစ်ဦးနှစ်ဖက် စာအဆက်အသွယ်မရှိတော့ဘဲ စစ်ပွဲ မစမှီကတည်းကပင် အင်္ဂလိပ်စစ်သင်္ဘောများသည် ရန်ကုန်ဒလရေဆိပ်ကို သိမ်းပိုက်မိပြီးသား ဖြစ်နေလေတော့သည်။

အင်္ဂလိပ်တို့ အထူးသဖြင့် ကုန်သည်များသည် မြန်မာပြည်ကို အခြေကုပ်ပြီး စီးပွားရေးလုပ်လိုကြ၏။ မြန်မာပြည်မှ ကုန်ကြမ်းများစွာ ကို ဈေးသက်သာစွာရနိုင်သည့်အပြင် တခြား နိုင်ငံများသို့လည်း လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်သဖြင့် လောဘရမ္မက်အလွန်ကြီးကြကာ အခွင့်အရေးရတိုင်း အင်္ဂလိပ်အရာရှိ များကို မြန်မာ့အင်ပါယာအား သိမ်းပိုက်ရန် အမြဲတိုက်တွန်းလေ့ရှိ၏။

ထိုခေတ်က အင်္ဂလိပ်တို့သည် မိမိတို့လူမျိုးသည် ဘုရားသခင်မှ ကမ္ဘာကိုအုပ်စိုးရန် ဖန်ဆင်းထားပေးသော လူမျိုးဖြစ်ကြောင်း အလွန်အမင်းယုံကြည်နေကြချိန်လည်းဖြစ်၏။ အရှေ့အာရှ ရှိ လူမျိုးများကို လူရိုင်းများဟု သတ်မှတ်ပြီး မိမိတို့သည် ထိုသူများကို ကယ်တင်ရန်လည်း ဘုရားသခင်မှ ညွှန်ကြားထားသယောင်ယောင် လုပ်လေ့ရှိ၏။ စက်မူတော်လှန်ရေးကြောင့် လက်နက်အင်အားအရ ၊ ငွေကြေးအင်အား ပါ ကြီးမားသော ဗြိသိသျှ များသည် အရှေ့အာရှ အားလုံးကို သိမ်းပိုက်ရန် အစီအစဉ်ရှိပြီးသားဖြစ်၏။

ထိုစဉ် အိန္ဒိယသို့ပြောင်းလာသော ဘုရင်ခံချူ ပ်အသစ် Lord Dalhousie သည် ဗြိတိသျှ အင်ပါယာကို တိုးချဲ့ လိုစိတ်အလွန်ပြင်းထန်သူဖြစ်ပြီး၊ မိမိ၏ အကြံအောင်မြင်ရန် နည်းလမ်းမျိုးစုံကို သုံးပြီး လုပ်လေ့ရှိသူဖြစ်သည်။ မြန်မာ့အင်ပါယာကို ချက်ခြင်းသိမ်းပိုက်လိုသူတဦးလည်းဖြစ်သည်။

Dalhousie.jpg
(ဒုတိယကျူးကျော်စစ် ဆင်နွဲရန် စနစ်တကျ စီစဉ်ခဲ့သူ Lord Dalhousie) 

မြန်မာအာဏာပိုင်များ၏ အားနည်းချက်ကို သိသော အင်္ဂလိပ်များသည် မြန်မာအရာရှိများ သည်းမခံနိုင်အောင် ပြုလုပ်ကြရာ အောင်မြင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အင်္ဂလိပ်တို့သည်လည်း မိမိတို့လိုချင်သော အကွက်ထဲသို့ ၀င်လာပြီ ဖြစ်သဖြင့် အိန္ဒိယ စစ်သင်္ဘောများစွာ စေလွှတ်ရန် ဘုရင်ခံချူ ပ်ထံ စာပို့လေတော့သည်။ သို့ဖြင့် ဒုတိယ အကြိမ် အနေဖြင့် အင်္ဂလိပ်ကုလားဖြူ များကို ဗိုလ်ချူ ပ် Sir Henry Godwin ဦးဆောင်ပြီး ငွေဒဏ်ရိုက်သော အရေးလေးမှ တိုင်းပြည်တပြည်ကို ကျူးကျော်သည်အထိ လုပ်ယူကြလေတော့သည်။


Share:

No comments:

Post a Comment