မြို့ ဝန် ဘိုင်ဆိပ် အကြောင်း

ပုဂံမင်းသည် မိမိ၏ မယ်တော် မိဖုရားကြီး အကူအညီဖြင့် အမရပူရထီးနန်းကို ရရှိလာသူဖြစ်သော်လည်း တိုင်းပြည်အုပ်ချူ ပ်ရေးကိစ္စများကို စိတ်ဝင်စားသူမဟုတ်သဖြင့် နန်းတော်လွှတ်တော်အရေးများကို မင်းတုန်းမင်းသား၊ ကနောင်မင်းသား နှင့် မှူးမတ်များကို လွှဲအပ်ထားကာ မိမိမှာမူ မနက်မျက်လုံးဖွင့်သည့်နှင့် ကြက်တိုက်၊ အရက်သောက်ရာ နေရာ သို့ အမြဲတမ်းကြွလေ့ရှိလေ၏။ မျက်နှာလိုသူ သဌေးများ၊ အမတ်များသည် ပုဂံမင်း နှင့်အတူ ကြက်တိုက်ကြလေ၏။ ထိုသို့ ကြက်တိုက်ရာတွင် ပုဂံမင်း အမြဲတမ်းနိုင်အောင် မင်းသားဘ၀ ကတည်းက ကူညီပေးသူတဦး ရှိလေသည်။ ထိုသူသည် ပေါ်တူဂီ သွေးစပ်သူ ဘိုင်ဆိပ် (ပိုင်သတ် ဟုလည်း မှတ်တမ်းတချို့ တွင်တွေ့၏) ဖြစ်လေသည်။


ဘိုင်ဆိပ်သည် ကြက်ငှက်ကိုင်တွယ်ရာတွင် အလွန်တော်သဖြင့် ပုဂံမင်းမှ အလွန်အားကိုးလေသည်။ မိမိ ဘုရင်ဖြစ်သည်နှင့် ဘိုင်ဆိပ်ကို အမရပူရရွှေမြို့ တော် မြို့ ဝန်အဖြစ်ခန့်အပ်လေသည်။ ဘိုပ်ဆိပ်သည် မကောင်းစား မီက မုဆိုးဘ၀ နှင့် အသက်မွေးသူဖြစ်လေသည်။ မြို့ ဝန်ဖြစ်သော် အမရပူရမြို့ တွင်  သောင်းကျန်းလေတော့သည်။ ပုဂံမင်း ကြက်တိုက် ရန်နေရာ များစွာကိုလည်း မိမိကိုယ်တိုင် စီစဉ်လေသည်။ ပုဂံမင်း ကြွလာချိန် တွင် အရက်၊ ကြက် စသည်များ အားလုံး အဆင်သင့် ဖြစ်နေပြီး ဘုရင်ကြိုက်သည့် နိုင်ငံခြား အရက်မျိုးစုံကိုလည်း အဆင်သင့် ဆက်သပြီး ဖြစ်၏။

ပုဂံမင်းသည် အလွန်သဘောကျကာ ဘိုင်ဆိပ်ကို နန်းတော်အတွင်း တံခါးမရှိ ဓားမရှိ ၀င်ခွင့်ပေးထားလေသည်။ ဘိုင်ဆိပ်သည် မြို့ တော်အတွင်း မတရားမူ မှန်သမျှကို အကုန်ပြုလုပ်သည်။ ငွေပေး သူမှန်သမျှ တရား ကို အနိုင်ပေးသည်။ ထိုကြောင့် ဘိုင်ဆိပ်သည် လွန်စွာ ချမ်းသာ၏။ ထိုပြင် မိန်းကလေး အပျို  အအို မချန် သူသဘောကျလျှင် အကုန်သိမ်းပိုက်၏။ သို့သော် မင်းအာဏာကို ကြောက်သဖြင့် မည်သူမျှ မတိုင်ကြား ၀ံ့ပေ။

ဘိုင်ဆိပ် သည် လူလည်ဖြစ်ပြီး လူသိသာအောင် ထင်တိုင်းကြဲနေခြင်းမျိုးမဟုတ်ပေ။ လူဆိုးပေါင်းများစွာ မွေးထားပြီး မိမိလုပ်လိုသည်များကို ထိုလူဆိုးများမှ တဆင့်ခိုင်း၏။ ထိုပြင် မြို့ တော် အတွင်းရှိ အမူများအားလုံး မြို့ ဝန် ရုံးဆီ အရင်ရောက်သဖြင့် ဘိုင်ဆိပ်သည် လွှတ်တော်ဆီ မရောက်အောင် ပြုလုပ်နိုင်လေသည်။ ထိုပြင် နန်းတော်အတွင်းရှိ မှူးမတ်များနှင့်လည်း တည့်အောင် ပေါင်းသဖြင့် ဘိုင်ဆိပ်သည် ၅ နှစ်တိုင်အောင် ကောင်းမွန်စွာ မိမိ လုပ်ချင်သမျှ လုပ်နိုင်လေသည်။

မြို့ ဝန် ဘိုင်ဆိပ်တွင် မြို့ စားရေး ဦးပိန် ဆိုသူ ရှိလေ၏။ ဦးပိန် သည်လည်း မိမိ၏ သခင် ဘိုင်ဆိပ်ကဲသို့ ပင် အလွန်ငွေမက်ပြီး ယုတ်မာ၏။ ဘိုင်ဆိပ်သည် တောင်သမန် အင်းကို ဖြတ်ကူးသော ကျွန်းသစ်သားကြီး ကိုလည်း ဆောက်လုပ်စေလေသည်။ ထိုဆောက်လုပ်ရေးကို ဦးပိန်မှ ကြီးကြပ်ရခြင်း ဖြစ်သဖြင့် နောက်အခါ ဦးပိန် တံတားဟု နာမည်တွင်ခြင်းဖြစ်သည်။

ထို တံတားဆောက်ရာတွင် ယခင် နန်းတော်ဟောင်းများမှ သစ်များကို လွှတ်တော်ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်ခြင်းဖြစ်ရာ အင်းဝနန်းတော်အဆောင်ဟောင်း များစွာ ဖျက်ဆီးခံလိုက်ရ၏။ ဘိုင်ဆိပ်၏ အကြံသည် အခွင့်သာသောအခါ အမရပူရ ရွှေနန်းတော်ကို ၀င်စီးပြီး ထီးနန်းလုရန်ဖြစ်၏။ ထိုသို့ လုရန် တောင်သမန်တဖက်ကမ်းရှိ မိမိ၏ အမျိုးများ၊ လူမိုက်များ လိုအပ်လျှင် အလွယ်တကူ မြစ်ကူးနိုင်ရန် ဆောက်လုပ်ခြင်း ဖြစ်လေသည်။

ဘိုင်ဆိပ်သည် မြို့ ဝန်ဖြစ်စ တွင် လူဆိုးလူမိုက်များ ကို သာ သုံးပြီး ရွှေမြို့တော်အတွင်း ချယ်လှယ်လေသည်။ နောက်ပိုင်းတွင် လုပ်ရဲလာကာ လူမြင်ကွင်းများတွင်ပင် ယုတ်မာမူများကို ပြုလုပ်လေတော့၏။ နန်းတော် ရှိအနောက်ဆောင် (မိဖုရားများနေသော အဆောင်) တွင်းသို့လည်း မိမိဝင်ချင်သလို ၀င်လေ၏။ အနောက်ဆောင်သည် ဘုရင်မှ တပါး မည်သူမှ ၀င်ခွင့်မရှိပေ။ ဘိုင်ဆိပ်သည် မိမိကိုယ်ကို ဘုရင်ကဲ့သို့ ထင်မှတ်ကာ နန်းတော်တွင် စတင် ခြယ်လှယ်လာတော့သည်။ လူလည် ဘိုင်ဆိပ်သည် လွှတ်တော်ဘက်သို့ ခြေဦး မလှည့်သေးပေ။ လွှတ်တော်တွင် မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့ရှိနေခြင်း ကြောင့် ဖြစ်ဟန်တူ၏။

Image result for u pain bridge
(ကုန်းဘောင်ခေတ်ဦးပိန် တံတား) 

အနောက်နန်းဆောင်ရှိ အပျို တော်များကို နန်းတွင်း ငွေဖလား ပျောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဘိုင်ဆိပ်မှ ဖမ်းဆီးလေ၏။ မိဖုရားတချို့ ကိုလည်း ကိုယ်ထိလက်ရောက် စော်ကားလေရာ မိဖုရားများသည် ဘုရင်ကိုပင် မတိုင်ဝံ့ဘဲ အံ့ကြိတ် ခံစားရလေသည်။ အမှန်မှာ ဘိုင်ဆိပ်နှင့် မြို့စားရေး ဦးပိန် တို့သည် နန်းတော် အပျို တော်များ ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်လေ၏။

ထိုသို့ ဖြစ်ပျက်နေသည်ကို ဘုရင်ဖြစ်သော ပုဂံမင်းသည် နေ့စဉ် အရက် မူးနေသဖြင့် မသိရှိပေ။ သူသိသည်မှာ ဘိုင်ဆိပ်မှ ငွေဖလားပျောက်သော ကိစ္စကို ဖြေရှင်းနေသည်ဟူသော လျှောက်တင်ချက်ပင်ဖြစ်၏။  တပတ် တွင် ပုဂံမင်း မမူးသော နေ့ မရှိပေ၊ အရေးကိစ္စများကို လျှောက်တင်လိုလျှင် ဘုရင်ကို ခစားခွင့်မရှိဘဲ ဘုရင့်လူယုံအမြဲတော်များ ထံ လျှောက်တင်ချက် ပုရပိုက်များကို ပေးထားခဲ့ရသည်။ ထို ဘုရင့်အမြဲတော် များသည် ဘိုင်ဆိပ်၏ လူယုံများဖြစ်ပြီး မိမိကို တိုင်ကြားသူများကို ဇာတ်လမ်းဆင်ကာ ထောင်ချခြင်း၊ သတ်ပစ်ခြင်း များ ပြုလုပ်သဖြင့် နောက်ပိုင်းတွင် ဘိုင်ဆိပ်သည် အာဏာမရှိသော်လည်း ဘုရင်တပါးကဲ့သို့ ခြယ်လှယ်လာနိုင်လေတော့သည်။

ရာဇ၀င်မှတ်တမ်းအရ ထိုသို့ ဆိုးဝါးသောင်းကြမ်းနေသော ဘိုင်ဆိပ်ကို လူသူများမှ ဘုရင်ထံ မလျှောက်နိုင်သဖြင့် မြို့ စောင့်နတ်များမှ လျှောက်တင်ခဲ့ရသည်ဟု ဆိုလေသည်။ အကြောင်းမှာ ပုဂံမင်းသည် ခရစ်နှစ် ၁၈၅၁၊ ၁၀ လပိုင်း၊ ၁၄ ရက်နေ့ တွင် စက်တော်ခေါ်နေစဉ် စလေမြို့ စားဟောင်းမှ ၀တ်ဖြူ စင်ကြယ်ဖြင့် တိုင်းပြည်ကို ကြည့်ရူတော်မူပါ ဟု မျက်နှာညိုးစွာဖြင့် လျှောက်တင်လေရာ ဘုရင်မှ အဘယ်သို့ ကြည့်ရူသင့်သနည်း ဟု ပြန်မေးရာ မြောက်စမုတ်တော်တွင် ရုပ်စုံသဘင်ပွဲ ခံပြီး ကြည့်တော်မူပါ ဟု လျှောက်ပြီး ဘုရင်မှ နိုးတော်မူလေ၏။

ထိုသို့ အိမ်မက်ဆန်းကို မက်သဖြင့် ထိုနေ့တွင် အရက်မသောက်ဘဲ မယ်တော်ထံ အခစား ၀င်လေ၏။ မယ်တော် မှ အိမ်မက်အတိုင်း ပြုလုပ်ပါဟု တိုက်တွန်းလေ၏။ ပုဂံမင်းသည် မြောက်စမုတ်တော်တွင် ရုပ်စုံသဘင်ပွဲ ခံရန် အမိန့်တော်ပြန်လေသည်။ ဘိုင်ဆိပ်အကြောင်းကို ရိပ်မိသော ပုဂံမင်း၏ မယ်တော်သည် ထိုရုပ်စုံသဘင်ပွဲတွင် ဘိုင်ဆိပ်အကြောင်းကို အားလုံး ထည့်ရန် စိစဉ်လေတော့သည်။ ထိုကြောင့် ထို ရုပ်စုံသဘင်ပွဲ တွင် ဘိုင်ဆိပ် ယုတ်မာခဲ့သမျှ ကို ပွဲကသူများက ဘုရင့်မျက်နှာကိုပင် မထောက်ဘဲ အစွန်းကုန် ကပြ ကြလေတော့သည်။

ရုပ်စုံသဘင်ပွဲကို ကြည့်ပြီးနောက် ပုဂံမင်းသည် ဘိုင်ဆိပ်နှင့် မြို့ စာရေး ဦးပိန်တို့ကို ရှေ့တော်ခေါ်သွင်း မေးမြန်းလေတော့သည်။ ထိုအခွင့်အရေးကို စောင့်နေသော အမတ်များလည်း ဘိုင်ဆိပ်လုပ်ခဲ့သမျှ နန်းတော် အနောက်ဆောင်တွင် ထင်တိုင်းကြဲခဲ့သမျှ တို့ကို အားလုံး လျှောက်တင်ကြလေသည်။ ဦးပိန်လည်း အပြစ်ဒဏ်မှ လွှတ်လိုသဖြင့် ဘိုင်ဆိပ်၏ အာဏာသိမ်းမည့်အကြံကို ဖော်ကောင်လုပ်ကာ လျှောက်တင်လေတော့၏။ ထိုအခါမှ ပုဂံမင်းသည် အလွန်ဒေါသ ထွက်ကာ ဘိုင်ဆိပ် နှင့် စာရေး ဦးပိန် တို့ကို အမရပူရ မြို့ လယ် တွင် ကားစင်တင် တံကျင်လျှိပြီး ခြံခတ်ကာ အငတ်ထားပြီး သေဒဏ်ပေးလေသည်။




Share:

No comments:

Post a Comment