သာယာဝတီမင်းသား သည် စလင်းစား မင်းသားမောင်အို တို့ အုပ်စု၏ အကြံအစည်ကို ရိပ်မိသဖြင့် နေပြည်တော်မှ ထွက်တော်မူရာ ဘုရင်ကို ပုန်ကန်သူ အဆင့်သို့ ရောက်ရှိသွားလေသည်။ မင်းသားမောင်အိုလည်း ထို အခွင့်အရေးကို လက်လွတ်မခံဘဲ ဘုရင့်တပ် အင်အား ၂ ထောင်ကျော်ဖြင့် သာယာဝတီမင်းသားကို ဖမ်းရန် စေခိုင်းလေသည်။
သာယာဝတီမင်းသား အင်းဝနေပြည်တော်မှ အောင်မြင်စွာ ထွက်တော်မူနိုင်သော် နန်းတွင်းရှိ မင်းသား၏ ၀န်စာရေးကြီး နှင့် မင်းသားကို သစ္စာရှိသော အမတ်များကိုဖမ်းဆီးကာ ထောင်ထဲတွင် သတ်ပစ်လိုက်ကြလေ၏။ ထိုပြင် နှမတော် ပုဂံမင်းသမီး အိမ်တော်ကိုလည်း ၀င်စီးကာ မင်းသမီး နှင့်တကွ အိမ်သားများ၊ ကျွန် များကို ဖမ်းဆီး ထောင်ချလေ၏။