ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။


မယ်နု ၁၂ နှစ်သား အရွယ်က မြစ်ဆိပ်တွင် ရေချိုးစဉ် သူ၏ ထဘီ ပန်းရောင်ကို စွန်ချီကာ နန်းတော်ဘက် တွင် ပစ်ချ ထားခဲ့လေ၏။ ထို ပစ်ချခဲ့သော နေရာသည် မိဖုရားခေါင်ကြီး၏ နန်းဆောင် ဖြစ်နေလေသည်။ ထိုအခါ မိဖုရားဆောင် တခု လုံး ထို ထဘီ ကြောင့် အလုပ်များ ကြရလေ၏။ မည်သူက ထဘီကို မိဖုရားခေါင်ကြီး ၏ နန်းဆောင်ပေါ်သို့ တင်သနည်း စသဖြင့် မိဖုရားခေါင် နှင့် မိဖုရား အပျို တော်များကို စစ်ဆေး မေးမြန်းကြကုန်၏။ ထို သတင်းကို ဘုရင်ဖြစ်သူ ဘိုးတော်ဘုရား ထံ နားတော် ပေါက်ကြားသော် မိဖုရားခေါင်ဆီ ကြွမြန်းလာလေသည်။

ဘုရင့်၏ မှူးမတ်တို့လည်း ထို ထဘီသည် နန်းတွင်း အပျို တော်များ ပစ်တင်ရန် မဖြစ်နိုင် စွန်ချီ လာခြင်းသာ ဖြစ် ရမည်ဟု ဘုရင်ကို လျှောက်ကြကုန်၏။ ဘိုးတော်ဘုရားသည် အထူးအဆန်း ဆိုလျှင် အလွန် စိတ်ဝင်စား သူဖြစ်လေရာ ထို ထဘီ ပိုင်ရှင်ကို ရှာရန် အမိန့်ပေးလေ၏။ အရာရှိ တို့လည်း အမရပူရ မြို့ တော် အတွင်း လိုက်လှည့် ရှာဖွေကြလေ၏။ ဘုရင့် ရဲမက်များ အပြည့်အစုံ ဖြင့် မေးမြန်းသဖြင့် ကြောက်ရွံကာ မည်သူမှ မိမိ ထဘီဟု ၀န်မခံ ကြပေ။


ထိုနောက် မယ်နု နေထိုင်ရာ နေရာ သို့ ရောက်လာကြ၏။ မယ်နု မှ မိမိ၏ ထဘီ ဖြစ်ကြောင်း ရဲရဲတင်းတင်း ၀န်ခံ၏။ အရာရှိတို့လည်း သက်သေ ပြစေရာ၊ စွန်ချီ သွားကြောင်း ကို ပြောပြလေ၏။ ထို မြစ်ဆိပ် နားရှိ လူသူ အများ လည်း မြင်တွေ့ကြောင်း ပြောသဖြင့် အရာရှိ တို့မှ မယ်နုကို ဘိုးတော်ဘုရား ရှေ့မှောက် ခေါ်ဆောင် သွားလေသည်။ ဘိုးတော်ဘုရားသည် မယ်နု၏ ဇာတာ ကို မိမိ၏ ပညာရှိများ အား တွက်ချက် စေလေသည်။

ပညာရှိများမှ ကိန်းခန်းကြီးသူ ဖြစ်၏။ သို့သော် မမြှောက်စားသင့် ဟု တချို့  ပညာရှိများက လျှောက်ထားကြ၏။ ထို့ကြောင့် ဘိုးတော်ဘုရားမှ မယ်နုကို မိဖုရားအဖြစ် မမြှောက်စား ဘဲ နန်းတွင်းအပျို တော် အဖြစ် ခန့်ထားလေသည်။ ထိုသို့ ဘုရင့် အပျို တော်အဖြစ် နေထိုင်ရာစစ်ကိုင်းမင်းသား မျက်စိကျကာ အိမ်ရှေ့မင်းသား ၏ အပျို တော် အဖြစ် ခေါ်ဆောင်ခံရခြင်းဖြစ်သည်။

မယ်နုသည် စကားအလွန်တတ်သူဖြစ်ပြီး ရုပ်ရည်မှာ လှပမူ မရှိဟု မှတ်တမ်းများက ဆို၏။ ဘိုးတော်ဘုရား သည် စစ်ကိုင်းမင်သားမှ မယ်နုကို မိဖုရားခေါင် မြှောက်မှာ စိုးသဖြင့် မိမိ မလွန်ခင် ပန်းတောင်းမင်းသမီး နှင့် လက်ဆက်ခဲ့ပြီး မိဖုရားခေါင်နေရာ ထားခဲ့သည်။ သို့သော် စစ်ကိုင်းမင်းသား ဘုရင်ဖြစ်သော် မယ်နုကို မိဖုရားခေါင် အဖြစ် ချက်ခြင်း မြှောက်စားလေ၏။

ခရစ်နှစ် ၁၈၁၉၊ ၆ လ၊ ၇ ရက်နေ့တွင် စစ်ကိုင်းမင်းသားသည် အမရပူရ ထီးနန်းကို သိမ်းပိုက်လေသည်။ မိဖုရားခေါင်နေရာ ကို မယ်နု ကို ပေးအပ်ခဲ့၏။ ဆွေတော်မျိုးတော် များမှ ၀ိုင်းဝန်း ပြောဆိုသော်လည်း စစ်ကိုင်းမင်းသားမှ နားမ၀င်ဘဲ မယ်နုကိုသာ မိဖုရားခေါင် မြှောက်လေ၏။ အမတ်ကြီး ဦးပေါ်ဦးကို နန်းတော်တွင် အမြင့်ဆုံး ၀န်ရှင်တော်မင်းကြီး ရာထူး ပေးအပ်လေသည်။ နန်းတက်သည့် အထိမ်းအမှတ်အဖြစ် အမရပူရ နေပြည်တော် ရှိ သက်ကြီးရွယ်အိုများကို ထည်မျိုးအုပ်မျိုး လှူ ဒါန်းလေ၏။

နန်းတက်ပွဲတွင် အမတ်များကို အံ့အားသင့်စေသည့်အချက် နောက်တခု မှာ ဘုရင် နှင့် မိဖုရားခေါင် သည် သီဟဿ န ပလ္လင်ပေါ်တွင် အတူတူ စံမြန်းခြင်းဖြစ်သည်။ ရှေးဦး ကုန်းဘောင် မင်းများ နှင့် ရှေးယခင် ဘုရင်များ လက်ထက် တွင် ဘုရင်နှင့် အတူ မည်သည့် မိဖုရားမှ သီဟဿ န ပလ္လင်ပေါ် ထိုင်ရိုး ထုံးစံ မရှိပေ။ ထို ထုံးစံ ကို မယ်နု မှ နန်းတက်သည့် နေ့တွင် ပယ်ဖျက် ပြလိုက်လေ၏ ထိုနောက် မျက်နှာ သစ် အဖြစ် မင်းသားကြီး တပါး တိုးလာလေသည်။ ထိုသူမှာ မယ်နု ၏ အစ်ကို မောင်အို ဖြစ်သည်။ မောင်အို ကို ဘုရင်မှ မင်းသားကြီး ရာထူး ပေးအပ်ရာ နန်းတော် တခု လုံး အံ့အားသင့် ကြကုန်၏။

မယ်နု နှင့် မင်းသားကြီး မောင်အို တို့၏ လုပ်ဆောင်ချက်များသည် ကုန်းဘောင်သမိုင်း တွင် အလွန် အကျဉ်း တန်ရုံသာမက အင်္ဂလိပ်မှကျူးကျော်စစ် ဆင်နွဲလာသည့် အထိ ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။

Share:

No comments:

Post a Comment