Skip to main content

ဆင်ဖြူ ကြို ပွဲ အီတာလျံ ကိုယ်တွေ့

လိုင်မြို့ က ဖမ်းမိသော ၀ါဂွမ်းကဲ့သို့ ဖြူ သော ဆင်ဖြူ တော်မ ကို ဘိုးတော်ဘုရားမှ သီရိမလ္လာမဟာ ဘွဲ့ ချီးမြင့်ထား၏။ ထိုအချိန်တွင် မြန်မာပြည်ကို သာသနာပြု ရန် ရောက်ရှိနေသော အီတာလျံ ဘုန်းတော်ကြီး စန်ဂါမနို (Sanagarmano) ၏ မြန်မာ့အင်ပါယာ အကြောင်း စာအုပ်တွင် စိတ်ဝင်စား ဖွယ် တင်ပြထားသည့်အတိုင်း
ကောက်နုတ်တင်ပြပါမည်။

ဆင်ဖြူ တော် မြင့်မြတ်ပုံကို မြန်မာတို့ အဘယ်မျှ အယူသီးစွာ လေးစားသည်မှာ အမရပူရ နေပြည်တော်တွင် ကျွန်တော် မျက်မြင် ဖြစ်ခဲ့ပါသည်။ ဆင်ဖြူ တော်ကို ဖမ်းမိပြီ ဆိုသည်နှင့် အနီရောင်ကြိုး များ ချည်နှောင်စေလျက် ဆင်အကြောင်း ကျွမ်းကျင်နားလည်သော မင်းမူထမ်းများကို စေလွှတ် စောင့်ရှောက်စေသည်။ နေပြည်တော်တွင် မင်းညီမင်းသားနှင့် တန်းတူဖြစ်သော တန်ဆောင်းတော်(ဆင်တင်းကုပ်) ကိုလည်း အမြန် ဆောက်လုပ်စေသည်။


ဆင်ဖြူ တော်အား မှက်၊ ခြင်တို့ မကိုက်စေရန် ခြင်ထောင်ကြီးကိုလည်း အဆင်သင့် ရှိစေသည်။ သန့်ရှင်းရေး ဆောင်ရွက်ရန် မင်းမူထမ်း များစွာကိုလည်း ပို့ထားသည်။ ဆင်ဖြူ တော် ကြွလာပြီဟူသော သတင်းကို ကြားသိရသည်နှင့် တစ်ပြိုက်နက် ကျားမ ပျို အို လူကြီးလူငယ် များစွာတို့ ကြည့်ရူပူဇော်ရန် စုပြုံ လာကြလေသည်။ အနီးအပါး ရပ်ကွက်များမှ များစွာ ထွက်လာကြ၏။ ကြည့်ရူရုံနှင့် အားမရနိုင်ဘဲ ဆင်ဖြူ တော်ရှေ့ ဒူးတုပ် ဒူးထောက်လျက် လက်အုပ်ချီ မြေကြီးပေါ် ဦးချ ရှိခိုးကြလေသည်။

အမရပူရ ဆင်ဖြူ တော် ရေချိုးရန် ထွက်တော်မူ ပန်းချီ

ထိုနောက် ဆင်ဖြူ တော်ကို ပန်းသီး၊သစ်သီး၊ထောပတ်၊သကြား နှင့် ငွေဒင်္ဂါးများပင် လှူ ဒါန်း ပူဇော်ကြသည်။ မြင့်မြတ်သည့် ထို သတ္တ၀ါကို တွေ့မြင် ပူဇော်ရသည့်အတွက် သူတို့၏ စိတ်ဘ၀င်မှာလည်း ကြည်နူး ပျော်ရွှင် သွားကြလေသည်။ ဆင်ဖြူ တော်ကို ကရ၀ိက်ဖောင်ဖြင့် ခေါ်ဆောင်လာ၏။ ရွှေချည်ပိုး ပိုးကန့်လန့်ကာတို့ဖြင့် အဘက်ဘက်မှ ကာရံထား၏။ လှေအများ ခြံရံပါရှိသော ထိုဖောင်တော်ကြီးကို ရွှေလှေကြီး ၃ စီးက ရှေ့မှ ဆွဲငင် ဆန်တက်၏။

အချို့ လှေများတွင် ကချေသည်များ၊ ဆိုင်းဝိုင်းများ၊စားသောက်ဖွယ်များ ပါရှိ၏။ ယင်းတို့ကို စောင့်ရှောင်ရန် စစ်သား ၅၀၀ တို့က စက်လှေကြီးများနှင့် လိုက်ပါကြ၏။ ဧရာဝတီမြစ်ရိုး တစ်လျှောက် ဆန်တက်ရာတွင် ဆိပ်ကမ်း အသီးသီးတွင် ရပ်နားတိုင်း လူထုက ဆင်ဖြူ တော်ကို ဖူးမြော်ရန် လှူ ဖွယ်ဝတ္တု  အမျိုးမျိုးနှင့် လာရောက်ကြသည်။ မင်းတရားကြီး ကိုယ်တိုင် စစ်ကိုင်းမြို့ သို့ အခမ်းအနားနှင့် ထွက်၍ ဆင်ဖြူ တော်ကို ကြို ဆိုသည်။ မြို့ တော်တွင် ၃ ရက်တိုင် ကြီးစွာ ပွဲသဘင်များ ခံစေသည်။

ဆင်ဖြူ တော်ကို စောင့်ရှောက်ရန် စစ်သည် ၁၀၀၊ အမူထမ်း ၄၀၀ လည်း ခန့်အပ်လိုက်သည်။ နေ့စဉ် စန္ဒကူးနံ့သာဖြင့် ဆေးကြော သုတ်သင်ပေးရေး၊ အစာကျွေးရေး စသော တာဝန်များ ဆောင်ရွက်ရသည်။ ဆင်ဖြူ တော်ကို မင်းညီ မင်းသားများ ပမာ မြို့ စား ခန့်အပ်သည်။ ဆင်ဝန် တဦးက ဆင်ဖြူ တော်ကို တာဝန်ခံ စောင့်ထိန်းရ၏။ ရွှေထီး ၂ လက် မိုးစေ၏။ ( နောက်ဆုံး ဖမ်းမိသော နိဗ္ဗာန်ရွာမှ ဆင်ဖြူ တော် သည် ရွှေထီး ၆ စင်း ရ၏) ဆင်ဖြူ တော် အိပ်ချိန်တွင် စောင်းငြင်း တူရိယာ တီးမူတ်ကာ ကချေသည်တို့ ကပြ ဖျော်ဖြေ ရသည်။

ဘုရင်နှင့်တကွ မိဖုရား၊သားတော်၊ သမီးတော်တို့က ဆင်ဖြူ တော်အတွက် အဖိုးတန်ပစ္စည်များ လက်ဖွဲ့သည် သာမက မင်းမူထမ်းတို့ကလည်း လက်ဆောင်တော်များ ပို့ဆက်၏။ အရာရှိတစ်ဦးက ၄၀၀ အောင်စ ရှိသည့် ရွှေခွက်ကြီး တခုပေးလှူ ၏။ ဆင်ဖြူ တော်ကို လှူ သော်လည်း နောက်ဆုံး ဘုရင့်၏ ငွေတိုက်သို့ ရောက်မည် မလွဲချေ။

မြန်မာတို့သည် ဆင်ဖြူ တော်တွင် ထူးခြားသော ကျက်သရေ မင်္ဂလာများရှိသည်။ ဆင်ဖြူ တော် ရရှိခြင်းဖြင့် ထိုဆင်ဖြူ တော်ကို ရသော မင်းတွင်လည်း ဘုန်းတန်ခိုး ကျက်သရေများ တိုးတက်လိမ့်မည် ဟူသော အယူအဆ ရှိသည်။ ထို့ကြောင့် ဆင်ဖြူ တစ်စီးတလေ ဖမ်းဆီးရရှိသော မင်း၊ မင်းသားတို့သည် ဘုန်းတန်ခိုး တိုးမည်ဟု မျှော်လင့်လျက် အလွန် ပျော်ရွှင်ကြလေသည်။ ဆင်ဖြူ ကြောင့် တိုင်းပြည်သည်လည်း ၀ပြော သာယာလိမ့်မည်၊ ဆင်းရဲနိုင်မည် မဟုတ်ဟု ယူဆကြလေသည်။

ဆင်ဖြူ တော်ကို ပိုင်ဆိုင်သောကြောင့် ဘိုးတော်ဘုရင်သည် အတိုင်းမသိ ပျော်လေသည်။ ထိုဆင်ဖြူ တော် ကို အမှီပြု ၍ ဘိုးတော်သည် သူ့ ကိုယ်သူ တန်ခိုးဖန်ဆင်းနိုင်သော နတ်ဘုံမှ နတ်သားလောက်နီးနီး (စကြာဝတေးမင်း ကို ပြောချင်ပုံရ၏) ထင်နေပုံ ရလေသည်။ ယခု ဘိုးတော်သည် သူ၏ ရန်သူများကို နှိမ်နင်းနိုင်မည်ဟု မျှော်လင့်ထား၏။ အနှစ် ၁၂၀ အသက်ရှည်လိမ့်မည်ဟု မျှော်လင့်ထား၏။ ထိုကြောင့် ဗြာဟ္မဏ ပရောဟိတ် တို့၏ အကြံပေးချက်အရ ပုထိုးတော်ကြီးတွင် ဆီမီးခွက် ၁၂၀ နှင့် တခြားပစ္စည်း ၁၂၀ စီတို့ကို လှူ ဒါန်းလေသည်။

ဆင်ဖြူတော်သည် ပူဇော်လှူ ဒါန်းသူတို့၏ ထံမှ သစ်သီးများကို အစားလွန်ပြီး စားပိုးနင့်ကာ ၃ လအတွင်း သေဆုံးခဲ့သောကြောင့် ဘုရင့်အဖို့ မည်မျှ လွမ်းဆွေး ခံစားရမည်ကိုကား မဖော်ပြနိုင်ပေ။ ဆင်ဖြူ တော် ရုတ်တရက် သေဆုံးခြင်းကို သူ့အတွက် နိမိတ်ဆိုးဟု တွက်၍ စိတ်မကောင်း ဖြစ်လေသည်။ ဆင်ဖြူ ရစဉ်က ဂုဏ်ယူ မာန်တက်နေသော ဘိုးတော်သည် ယခုအခါ ရန်သူက အချိန်မရွေး လာရောက်တိုက်ခိုက် နန်းချသွားမည်ကို ကြောက်နေရတော့သည်။

ဆင်ဖြူ တော် သေဆုံးသွားသောအခါ ဘုရင်သည် ဆင်ဖြူ တော် သေပြီဟု မပြောကြရအောင် ကြီးလေးသော အပြစ်ဒဏ်နှင့် ပညတ်ထား၏။ ဆင်ဖြူ တော် ပျောက်သွားသည်၊ ထွက်သွားသည် ဟူ၍သာ ပြောကြရလေသည်။ ထိုဆင်သည် ဆင်မ ဖြစ်သောကြောင့် သူ့ကို မိဖုရားကြီး တို့အား သင်္ဂြိဟ်သည့်အတိုင်း သဂြို ဟ်လေသည်။ ဆင်သေကောင်ကို စန္ဒကူး၊ နံ့သာနီ စသော ထင်းတုံးပေါ် တင်၍ ဆင်သေပေါ်မှလည်း အလားတူ အမွှေးနံ့သာ ထင်းတုံးများ တင်ကာ ထင်းပုံ၏ လေးဖက်လေးထောင့်တွင် ရွှေချထားသော ဖားဖိုလေးခု ထားရှိလေသည်။

အချိန်တိုင်သော် မီးရို့ကာ ဖားဖို မှ လေထိုးပြီး မီးသဂြိင်္ဟ်လေသည်။ သဂြိုလ်၍ သုံးရက်လွန်မြောက်သော် မှူးကြီးမတ်ကြီး များသည် ထိုဆင်သေ ပြာနှင့် အရိုးများ ကောက်ကာ ရွှေချ၍ အဖုံးကို လုံအောင်ဖုံးထားသော အရိုးအိုးတွင် ထည့်ပြီး ဘုရင့်သချိင်းတော်တွင် သွားရောက် မြှု ပ်နှံလိုက်လေသည်။ ဆင်ဖြူ သည် အထီး ဖြစ်ခဲ့သော် မင်းဧကရာဇ်တို့ သဂြိုဟ် သည့်အတိုင်း ပြု လုပ်ကြလေသည်။

ဆင်ဖြူ တော် သေဆုံးသောကြောင့် ဗဒုံသခင် ၏ စိုးရိမ်ထိတ်လန့်စွာ နေရမူသည် ရက် တာမရှည်ခဲ့ပါ။ မကြာမီ ကာလအနည်းငယ်အတွင်း ပဲခူးတောနယ် နိဗ္ဗာန်ရွာတွင် ဆင်ဖြူ တော် ထပ်တွေ့ရလေသည်။ ထိုဆင်ဖြူ သည် ၁၈၀၆ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ သို့ ဆိုက်ရောက်လာလေသည်။ ထိုနေ့သည် ကျွန်ုပ် ဥရောပသို့ ပြန်ရန် ရန်ကုန်မှ စ သင်္ဘော ထွက်သည့်နေ့ ဖြစ်လေသည်။ ထိုဆင်ဖြူ တော် သည် ပိတ်ဖြူ ကဲ့သို့ ဖြူ နေပေသည်။ ထိုနောက် ဆင်ထီးဟု သိရသဖြင့် ယခု ဆင်ဖြူ ကို ယခင် ဆင်ဖြူ မထက် ပိုမို ပူဇော်ကြ အုံးမည် ဖြစ်ပေသည်။

အထက်ဖော်ပြချက်သည် အီတာလျံ ဘုန်းတော်ကြီး၏ ကိုယ်တွေ့ ကို မြန်မာလို ပြန်ထားခြင်းဖြစ်၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။