Skip to main content

သွေးစွန်းခဲ့သော ကုန်းဘောင်ရာဇ၀င်

စဥ့်ကူးမင်းသည် ၀န်ကြီးချူ ပ် မဟာသီဟသူရ ၏ ကူညီမူဖြင့် ဘုရင်ဖြစ်လာသူဖြစ်၏။ ဘုရင် မဖြစ်ခင်က ကဗျာရေးဖွဲ့ခြင်း၊ သီချင်းဆိုခြင်း၊ အစရှိသည့် အနုပညာတွင်သာ မွေ့လျော်နေသူဖြစ်သဖြင့် စဥ့်ကူးမင်းကို အများမှ အထင်အမြင်သေးကြလေသည်။ သို့သော် ထိုအထင်အမြင်သည် စဥ့်ကူးမင်းနန်းတက်သော် ထက်တက်စင် လွဲလေတော့၏။

 AD 1777၊ 5 လပိုင်း၊ 22 ရက်နေ့ တွင် လွှတ်တော်တွင် ထူးခြားသော အမိန့်တခု ဖတ်ကြား စေခဲ့သည်။ စဥ့်ကူးမင်းမှာမူ လွှတ်တော်အစည်းအဝေးမတက်ပေ။ အမိန့်တော်ကား ၀န်ကြီးချူ ပ် မဟာသီဟသူရကို စစ်ကိုင်းသို့ နယ်နှင်ဒဏ်ပို့သော စာဖြစ်၏။ ထိုအပြင် မဟာသီဟသူရ၏ သမီးတော် မြောက်နန်း မိဖုရားကိုလည်း သေဒဏ်ပေးလေ၏။ ပေးရသော အကြောင်းအရင်းအမှန်ကို မည်သူမျှ မသိရှိရပေ။



မဟာသီဟသူရ မှာလည်း ရုတ်တရက် အမိန့်ပေးခံရသဖြင့် ဘုရင်ကို တွေ့ခွင့်တောင်းသော်လည်း မရဘဲ ချက်ခြင်း ထိုနေ့တွင် စစ်ကိုင်းသို့ သွားရလေ၏။ မိမိ၏ သမီးအတွက်လည်း အလွန်ဝမ်းနည်းကာ စဥ့်ကူးမင်း ကိုလည်း လွန်စွာမှ ဒေါသဖြစ်လေသည်။

စဥ့်ကူးမင်း သည် ထိုနှစ် ၉ လပိုင်းတွင် ဦးရီးတော် အမြင့်မင်းသား ကိုလည်း မသင့်သော အကြံကို ကြံသည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး သေဒဏ်ပေးပြန်လေသည်။ ထိုနောက် ကျန်ရှိနေသော ဦးရီးတော် ၃ ပါး ဖြစ်သည့် ဗဒုံမင်း(ဘိုးတော်ဘုရား) ၊ ပခန်းမင်းသား၊ ပင်းတလဲမင်းသား တို့ကို လည်း နယ်နှင်ဒဏ်ပေးကာ မြို့ အသီးသီးတွင် ဆင်းရဲစွာ နေထိုင်စေ၏။

AD 1780၊ 2 လပိုင်း၊ 4 ရက်နေ့တွင် အင်းဝနေပြည်တော်တွင် အခမ်းအနားကြီးစွာဖြင့် မန်လည်ဆရာတော် ကို သာသနာပိုင်အဖြစ် အပ်နှင်းလေသည်။ ထိုပွဲ ကျင်းပပြီးနောက် ၃ လ အကြာ နောင်တော်ကြီးမင်း ၏ သားတော် မင်းသားမောင်မောင်ကို ဖောင်းကားရွာသို့ ရွာစား အဖြစ်ပို့လေသည်။ မင်းသားမောင်မောင် လည်း မိမိကို ရွာစား အဆင့်သို့ ပို့သဖြင့် ငယ်ရွယ်သူပီပီ အမျက်ထွက်ပြီး အငြိုးထားလေ၏။

စဉ့်ကူးမင်း သည် ထိုသို့ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက်တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။ တုံပူရီဘုရင် Taskin မှ  အင်းဝပိုင် ချင်းမိုင်ကို ပြန်လည် တိုက်ခိုက်သော အခါ စဉ့်ကူးမင်းမှ စစ်တပ်လွှတ်ခြင်းမရှိခဲ့ပေ။ ထိုကြောင့် နှစ်ပေါင်း ၂၀၀ ကျော်ကြာ မြန်မာ လက်အောက်တွင် ရှိခဲ့သော ချင်းမိုင်သည် ယိုးဒယားအောက်သို့ လုံးဝ ကျရောက်သွားလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ၀န်ကြီးများ၊ မှူးမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဥ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရုမစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။ ထိုသို့ နန်းစံနေပြီး AD 1782၊ 2 လပိုင်း၊ 2 ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော်အပါအ၀င် မိဖုရား မောင်းမအပေါင်းတို့နှင့် သက်တော်စောင့်ရဲမက်၂ ထောင် ကျော်ဖြင့် အညာသီဟတောသို့ ဘုရားဖူး ထွက်လေသည်။

ကုန်းဘောင်ခေတ် ရာဇဘိသိတ်မင်္ဂလာ ခံယူပွဲ
စဉ့်ကူးမင်း အညာသီဟတောသို့ ဘုရားဖူးထွက်နေစဉ် ဖောင်းကားစား မောင်မောင် သည် ညအချိန် တွင်   ဘုရင်ကဲ့သို့ မင်းခန်းမင်းနား ဖြင့် အင်းဝနေပြည်တော်သို့ ရောက်လာလေ၏။ တံခါးမှူးတို့လည်း မင်းခမ်းမင်းနား ဖြင့် အင်းဝဘုရင့်အလံများ ထောင်ထားသည်ကို တွေ့သဖြင့် မမေးမြန်းဘဲ တံခါးကို ဖွင့်ပေးလေသည်။   နန်းတော် တံခါးမှူးလည်း ဘုရင် ပြန်လာသည် ဟုသာ ထင်ပြီး တံခါးဖွင့်ပေးလေ၏။

ဖောင်းကားစား မောင်မောင် သည် ၀န်ကြီးချူ ပ်ဟောင်း မဟာသီဟသူရ ၏ အကူအညီဖြင့် အင်းဝနန်းတော် ကို သိမ်းပိုက်နိုင်လေ၏။ လွှတ်တော်ဝန်ရှင်တော်မင်း နှင့် မှူးမတ်များကို ဘုရင်အမိန့်တော်ဖြင့် နန်းတော်သို့ ၀င်ရောက် စေပြီး အားလုံးကို သစ္စာပေးလေသည်။ ၀န်ကြီး များ၊ မှူးမတ်များ လည်း ကြောက်ရွံသဖြင့် သစ္စာ ခံကြလေ၏။ မဟာသီဟသူရ ကို သက်တော်ရှည် မင်းအတိုင်အပင်ခံ ၀န်ကြီးချူ ပ်အဖြစ် ဖောင်းကားစား မောင်မောင် မှ ခန့်အပ်လေ၏။

ထိုနောက် အလောင်းဘုရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသားကြီး၊ပခန်းမင်းသားကြီး နှင့် ပင်းတလဲမင်းသားကြီး တို့ကို အင်းဝသို့ ပြန်လည် ခေါ်ဆောင်ပြီး အိမ်တော်ဟောင်းတွင် အကျယ်ချူ ပ် ထားလေ၏။      အင်းဝမြို့ ကို မိမိ၏ သစ္စာခံ ဗိုလ်မှူးများဖြင့် အုပ်ချူ ပ်စေပြီး စစ်ရေးကိစ္စတို့ကိုလည်း စီရင်လေသည်။ ဖောင်းကားစား မောင်မောင် နှင့် အတူပါလာသော ရွာသားများ၊ တောသားများသည် အင်းဝနေပြည်တော်၏ ကြီးကျယ်မူကို မြင်ရ သော အခါ လောဘတက်ပြီး ဘုရင်နာမည်ဖြင့် သဌေးအိမ်တွေထံ ၀င်ကာ ရမ်းကား လေ၏။ လိုချင်သမျှ တို့ကို လည်း လုယူလေ၏။
ကုန်းဘောင်ခေတ် လွှတ်တော်တွင် အိမ်ရှေ့မင်းသား သည် ဘုရင်ထက် ငယ်သော ပလ္လင် နှင့် ရွှေထီးမိုးကာ ခစားခွင့်ရ၏။
ထိုအခြင်းအရာ ကို မြင်သော ဗဒုံမင်းသား သည် စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။ ထိုအခါ ဗဒုံမင်းသား ထံ ခစားနေသော ဦးပေါ်ဦး မှ အလောင်းမင်းတရားကို သစ္စာရှိနေသေးသော အမတ်များ၊ ဗိုလ်မှူးများ နှင့် ဗဒုံမင်းသား ကို တွေ့ဆုံနိုင်အောင် လျှို့ ဝှက် စီစဉ်ပေးလေသည်။ ဖောင်းကားစား မောင်မောင် မှ အင်းဝနန်းကို သိမ်းပိုက် လိုက်သော အခါ ဇေတ၀န်ဆောင်တော်မြဲ မောင်လှ သည် နန်းတော်မှ ထွက်ပြေး ပြီး စဥ့်ကူးမင်း ရှိရာ သို့ အပြေးအလွှား သွားကာ နန်းတော် သိမ်းပိုက်ခံရကြောင်း လျှောက်တင်လေ၏။

စဉ့်ကူးမင်းလည်း အင်းဝကို ပြန်လည် သိမ်းရန် စီရင်ကာ ကျောက်မြောင်းမြို့ သို့ ၀င်လေသည်။ သို့သော် စစ်သည်ဗိုလ်ပါများ အလွန်နည်းသဖြင့် ရှမ်းပြည်စော်ဘွားများထံ အကူအညီတောင်းရန် အတွက် မြစ်ညာ သို့ ဆန်တက်လေ၏။ သို့သော် ခရီးလမ်း တလျှောက်တွင် နေပြည်တော်မှ ပါလာသော ဗိုလ်မှူး၊ တပ်မှူးများ ရဲမက်များ အသီးသီး ထွက်ပြေးကြရာ နောက်ဆုံးတွင် ဖောင်တော်ကို ဆွဲငင်မည့်သူ မရှိ ဖြစ်သွားလေသည်။

စဉ့်ကူးမင်းလည်း ကြံရာမရ ဖြစ်ပြီး ကျန်ရှိနေသော မိဖုရား နှင့် မောင်းမ၊ အခြွေအရံတော် အနည်းအငယ် တို့နှင့် ကံအတိုင်းသာ ဖြစ်ပါစေတော့ ဟုဆိုကာ အင်းဝသို့ စုန်ဆင်းလေ၏။ ဖောင်တော်ကို မောင်းမ နှင့် အခြွေအရံ များမှ ဆွဲငင် လှော် လာခဲ့ရလေ၏။

ဖောင်းကားစား မောင်မောင်  အင်းဝနန်းတော်ကို သိမ်းပိုက်ထားပြီး ၇ ရက်မြောက်နေ့တွင် ဗဒုံမင်းသား မှ အင်းဝနန်းတော်ကို ၀င်စီးလေသည်။ ဗဒုံမင်းသား ကိုယ်တိုင် ဦးဆောင်ပြီး မြင်သမျှ ခုခံသူ မှန်သမျှ သတ်ပစ် လေ၏။ အလောင်းမင်းတရား ကို သစ္စာခံသူ အများအပါး ပါဝင်သဖြင့် အရေးတော်ပုံ အောင်မြင် လေသည်။ ဖောင်းကားစား မောင်မောင် ကိုလည်း ဖမ်းမိသော နေရာတွင် ဗဒုံမင်းသား ကိုယ်တိုင် သတ်ပစ်လေ၏။

အင်းဝသို့ စုန်ဆင်းလာသော စဉ့်ကူးမင်း ကိုလည်း ဖမ်းဆီးလာစေပြီး ရှေ့တော် ရောက်သော် လက်စွဲတော် ဓါးဖြင့် ကွပ်မက်လေ၏။ မိဖုရား ၄ ပါး လည်း အတူတူ ကွပ်မက် ခြင်း ခံရလေသည်။ သို့ဖြင့် မဟာဆီ မဟာသွေးများ အခြင်းခြင်း အာဏာလုသော နန်းသိမ်းပွဲ သည် တခဏ ငြိမ်းသွားရလေ၏။ ဗဒုံမင်းသား လည်း အင်းဝ ထီးနန်းကို သိမ်းပိုက်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။