ဘိုးတော်ဘုရား နှင့် တရုတ်သံအဖွဲ့ အကြောင်း

ဘိုးတော်ဘုရားသည် ယိုးဒယားကို  ပထမအကြိမ်ကျူးကျော်ရာတွင် မအောင်မြင်ခဲ့ပေ။ ဗိုလ်မှူးများလည်း မိဖုရားခေါင်ကြီး၏ ကျေးဇူးကြောင့် သေဒဏ်မပေးခံခဲ့ရပေ။ နေပြည်တော်ပြန်ရောက်သော် သိန္ဒီစော်ဘွားမှ ပေကျင်း တရုတ်သံများ ရောက်ကြောင်း လျှောက်တင်လာလေသည်။ ဘိုးတော်ဘုရားလည်း ထိုသံအမတ် ကို လက်ခံတွေ့ဆုံလေ၏။ ထိုသံအမတ်သည် ယခင် ဆင်ဖြူ ရှင်လက်ထက်က အကျဉ်းတန်ရူံးနိမ့်ခဲ့သော မန်ချူးတို့၏ ကျူးကျော်စစ်ကို သမိုင်းလှအောင် ပြန်လည် ရေးသားမည့် သံအမတ်များ ဖြစ်၏။ ပေကျင်းရှိ မှူးမတ်တဦး ၏ အကြံပေးမူဖြင့် ချန်လုံမှ လွှတ်သဖြင့် ရောက်လာခြင်း ဖြစ်သည်။

ဘိုးတော်ဘုရား နန်းတက်ချိန်တွင် ပေကျင်း နှင့် ဆက်ဆံရေးမရှိပေ။ ထိုကြောင့် နယ်စပ်ကုန်သွယ်ရေးကိုလည်း နှစ်ဦးနှစ်ဖက် ပိတ်ပင်ထား၏။ ထိုအခါ ယူနန်နယ်စပ် ရှိ တရုတ်ကုန်သည်များ အလုပ်မဖြစ်သဖြင့် ယူနန်ရှိ သြဇာကြီးသော အရာရှိများကို ကပ်ကာ နယ်စပ် ကုန်သွယ်ရေး ကောင်းလာစေရန် အကူအညီ တောင်းခံလေ၏။ ထိုအရာရှိလည်း ပေကျင်းနန်းတော်ရှိ ချန်လုံထံ အ၀င်အထွက် ရသော မှူးမတ်ထံ အကူအညီတောင်း ခံလေသည်။ ရွှေငွေများစွာ ရမယ့် အခွင့်အရေးဖြစ်သဖြင့် ထို မှူးမတ်လည်း ချန်လုံ ကို တရုတ်သံစေလွှတ်ရန် နားချလေ၏။

သို့ဖြင့် ထိုအမတ်၏ အားထုတ်မူကြောင့် ချန်လုံသည် တရုတ်သံအမတ်စေလွှတ်လေ၏။ ချန်လုံ ၏ ရာဇသံစာတွင် ဘိုးတော်ဘုရား၏ နောင်တော်ဆင်ဖြူ ရှင် လက်ထက်က တောင်းဆို သော အချက်များကို ပယ်ဖြတ်ရန်နှင့် ပေကျင်းကို ရိုသေလေးစားရန်၊ နယ်စပ်တွင် တရုတ်ကုန်သည်များကို လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးရန် အစရှိသည်ကို အထက်စီးမှ တောင်းဆိုသော ရာဇသံ ပို့လိုက်ခြင်းဖြစ်သည်။ သို့သော် ပေကျင်းအမတ်နှင့် ယူနန်ရှိ အရာရှိတို့မှ ထိုအမိန့်စာကို ပြင်ကာ လက်ဆောင်ရွှေငွေရတနာများဖြင့် ဘိုးတော်ဘုရားထံ နှစ်နိုင်ငံ ချစ်ကြည်စွာ ဆက်ဆံရေးပြန်လည် စရန် အစရှိသော သ၀ဏ်လွှာစာ ဖြင့်သာ ရောက်ရှိလာခြင်းဖြစ်၏။

AD 1787၊ 5 လပိုင်း၊27 ရက်နေ့တွင် တရုတ်သံများ အမရပူရနေပြည်တော်သို့ ရောက်ရှိလေသည်။ တရုတ်သံ များကို ရန်အောင်ဆိပ်ကမ်း အနီးတွင် သံတဲ ဆောက်လုပ်ပေးလျက် နေစေလေသည်။ ထိုနောက် တရုတ်သံ ထံ ဘုရင့်နန်းတော်မှ အရာရှိများမှ သ၀ဏ်လွှာစာကိုလာရောက် ကူးယူကြလေ၏။ ဘိုးတော်ဘုရား ၏ စကားပြန် တရုတ်မြန်မာ စကားတတ်သော သူ တဦး ဖြင့် လာရောက် ကူးယူခြင်းဖြစ်သည်။

ဘိုးတော်ဘုရားမှ ညီလာခံ ကျင်းပနေပုံ
ထိုသို့ ကူးယူပြီးနောက် နောက်လ ၆ လပိုင်း၊ ၃ ရက်နေ့ တွင် ဘိုးတော်ဘုရားမှ နံနက် မင်းညီလာခံတွင် လက်ခံတွေဆုံလေ၏။ တရုတ်တို့ဘက်မှ ဖတ်ကြားသော ရာဇသံသ၀ဏ်လွှာစာတွင် နှစ်ပြည်ထောင်မင်း နှစ်ပါး မဟာမိတ်ဖြစ်လိုကြောင်း၊ သာစေကြောင်း မာစေကြောင်း အစရှိသည့် ဘိုးတော်ဘုရား ကြိုက်မည့် ဘုန်းတော်ဘွဲ့ စာ ဖြစ်သဖြင့် ဘိုးတော်ဘုရား မှ သဘောကျကာ လာရောက်သော တရုတ်သံများကို ငွေတုံး ၃ ပိဿာ ချီးမြင့်လေ၏။

ထိုအပြင် ချန်လုံဘုရင်အတွက်လည်း ကျောက်စိမ်းတုံးများ၊ရွှေတုံးများ၊ အပြင် အထူးထူးသော လက်ဆောင် များဖြင့် လက်ရွေးကြီးမှူး နေမျိုး ရွှေတောင်ကို ဘိုးတော်ဘုရား၏ သံအဖြစ် ခန့်လျက် ပေကျင်းသို့ သွားရောက် စေလေ၏။ ယခင်က ဆင်ဖြူ ရှင်လက်ထက် ဖမ်းဆီးထားသော တရုတ်စစ်သုံ့ပန်းများကိုလည်း ပြန်လွှတ် ပေးလေ၏။

တရုတ်သံများ နှင့် အမရပူရ သံအဖွဲ့များ ပေကျင်းသို့ ခရီးထွက်ကြရာ တရုတ်သံများသည် ပေကျင်းမရောက်မီ တွင် အမရပူရသံများကို ပေကျင်းထုံစံ အရ မိမိတို့ တရုတ်သံများ အရင် နန်းတော် ၀င်ရမည် ဖြစ်ကြောင်း လိမ်ညာပြောကြားကာ အမရပူရ သံအဖွဲ့ကို ပေကျင်းမြို့ နှင့် မနီးမဝေး မြို့တမြို့ စောင့်နေစေလေ၏။ ထိုတရုတ်သံများသည် နန်းတော်တွင် အရင်ဝင်ကာ ချန်လုံအား အမရပူရမှ ယခင် ဆင်ဖြူ ရှင် လက်ထက် က ဖြစ်ပျက်သည်များအတွက် တောင်းပန်ရန် လာရောက်ကြောင်း လျှောက်တင်ကြလေ၏။
ဆင်ဖြူ တော် ၏ ပြဿ      ဒ် 

ချန်လုံလည်း ယုံကြည်လေ၏။ သို့သော် ချန်လုံသည် ဧကရာဇ်ဖြစ်သည့်အတွက် ယခု ကဲ့သို့ နိုင်ငံငယ်လေး ၏ သံအဖွဲ့လို မတွေ့သင့်ကြောင်း အကြံအစည်ထုတ်သော တရုတ်အမတ်မှ ချန်လုံ ထံ လျှောက်လေ၏။ ချန်လုံ လည်း ထိုအမတ်စကားကို နားဝင်ကာ အမရပူရ သံအဖွဲ့ကို မတွေ့ဆုံခဲ့ပေ။ နေမျိုး ရွှေတောင် တို့ အဖွဲ့ ကို ပေကျင်းအမတ်ချူ ပ် နဲ့ ပေးတွေ့လေသည်။

ထိုအမတ်ချူ ပ် နဲ့ နှစ်ဦးနှစ်ဖက် သံအဖွဲ့များ စေလွှတ်ရန် သဘောတူညီချက် ရကြလေ၏။ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ကိုလည်း ပြန်လည် စတင်ကြလေသည်။ မြန်မာတို့ဘက်မှာမူ ပေကျင်းနှင့် မဟာမိတ်ဖြစ်သည်ဟု သာ ထင်၏။ ပေကျင်းဘက်ကမူ သြဇာခံ နိုင်ငံလာခံသည်ဟု သတ်မှတ်ကာ ယခုအထိ နန်းစဉ်မှတ်တမ်းတွင် မြန်မာကို တရုတ်သြဇာခံ နိုင်ငံအဖြစ် မှတ်တမ်းတင်ထား၏။

ထိုနှစ် တရုတ်သံအမတ်များ ပြန်သွားပြီသည့်နောက် အင်ထောက်သာတော တွင် ဆင်ဖြူ နောက်တစီး တွေ့ ကြောင်း နန်းတော်ကို သတင်းပေးကြလေရာ ထိုဆင်ကို ဖမ်းဆီးစေလေသည်။ နန်းတော်တွင် လည်း ချက်ခြင်း ထိုဆင်ဖြူတော်အတွက် နောက်ထပ် ပြဿ      ဒ် တဆောင် ဆောက်လုပ်ရလေ၏။ ထို ဆင်ဖြူ တော်ကို ဘိုးတော်ဘုရားမှ နာဂ၀ရ ဘွဲ့ ချီးမြင့်လေ၏။

ဘိုးတော်ဘုရားသည် ဆင်ဖြူ နောက်တစီး ရသဖြင့် ဘ၀င်စိတ် ထပ်မံ ၀င်လာပြန်၏။ ၀င်လာသည့်အတိုင်း မိမိ တိုင်းနိုင်ငံ နယ်နိမိတ်ချဲ့  ရန် ယိုးဒယားကို ထပ်မံ တိုက်လိုစိတ်ပေါ်လာပြန်လေ၏။ ပေါ်လာသည့်အတိုင်း AD 1787၊ 8 လပိုင်း၊ 29 ရက်တွင် စစ်သည်အင်အား ၄သောင်း ၅ ထောင် ကျော်ဖြင့် ၀န်ကြီး မဟာဇေယျသူရ ကို စစ်သေနာပတိချူ ပ်ခန့်ကာ ယိုးဒယားကို ချီတက်စေလေသည်။



Share:

No comments:

Post a Comment