Skip to main content

စိတ်လိုက်မာန်ပါ လုပ်တတ်သော ဘိုးတော်ဘုရား

ရခိုင်ကို သိမ်းပိုက်အောင်မြင်ပြီးသော် အိမ်ရှေ့စံမင်းသားကြီးသည် ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ကို ပင့်ဆောင်ရန် မှူးမတ်များနှင့်တကွ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် စံပယ်ရာ ကျောင်းတော်သို့ သွားရောက် ကာ အခမ်းအနားကြီးကျယ်စွာဖြင့် ပင့်ဆောင်ပါမည့်အကြောင်း ဂါထာတော်များ၊ စည်တော်များဖြင့် တီးခတ်ကာ ပူဇော်လျှောက်ထားလေသည်။ ထို့နောက် ပညာရှိများ၏ အကြံဥာဏ်ဖြင့် ရုပ်ရှင်တော်မြတ်ကြီးကို သေချာ လေ့လာပြီး ပင့်ဆောင်ရန် အစစရာရာ ပြင်ဆင်ကြရလေ၏။


အမရပူရအိမ်ရှေ့မင်းသားဦးဆောင်ပြီး ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို ဖောင်တော်ဖြင့် ပင့်ဆောင်လာရာ AD 1785 , ဇန်န၀ါရီလ , 19 ရက် တွင် ပိုးချည်ကျွန်း ခံတပ် ဆိပ်သို့ ရောက်ရှိလေ၏။(မှတ်ချက် ရခိုင်ရာဇ၀င်ဆရာများကမှာမူ မဟာမြတ်မုနိရုပ်ရှင်တော်ကြီးကို ဖောင်ဖြင့် ပင့်လာရာတွင် အလွန်လေးလံသဖြင့် ရေတွင် ကျတော်မူသည်ဟု မှတ်တမ်းတင်ထားကြ၏) ထိုသို့ ပင့်ဆောင်နေစဉ် မြောက်ဦးတွင် ကျန်ရှိနေသော တပ်မှူးများမှ ရခိုင်ဘုရင် ကို တောနင်းရှာဖွေကြရာ ကျွန်းချောင်းသာယာကျွန်း တွင် ဖမ်းမိလေသည်။ မြောက်ဦး နှင့်တကွ ရခိုင်ပြည် ကို အုပ်စိုးရန် ဘုရင်ခံ အဖြစ် မင်းကြီး မင်းခေါင်ကျော်ကို ရဲမက်အင်အား ၁ သောင်းဖြင့် အုပ်ချူ ပ်စေလေ၏။





တပ်မှူးတို့သည် ဖမ်းမိသော ရခိုင်ဘုရင်ကို အိမ်ရှေ့မင်းသား ထံ လာရောက် ဆက်သကြလေသည်။ အိမ်ရှေ့မင်းသား သည် မြောက်ဦးမှ ရခိုင်ဘုရင် နှင့်တကွ ဆွေတော်မျိုးတော် အပြင်၊ ပညာရှိ ပုရောဟိတ် များ၊ ဗြဟ္မဏမျိုး ( ဟိန္ဒို ဘာသာရေးဆရာ(သို့) ဆာဒူး ဖြစ်နိုင်ချေရှိ)၊ အမြောက်ကြီးငယ် နှစ်ထောင်ကျော်၊ ရွှေငွေရတနာ အစရှိသည်များကို သယ်ဆောင်လာခဲ့ပြီး ဘိုးတော်ဘုရားကို စာရင်းနှင့်တကွ ဆက်သလေသည်။

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အမရပူရရွှေမြို့ တော်သို့ ဆိုက်ရောက်သောအခါ ပညာရှိတို့ ရှာဖွေထားသည့် ကုန်းတော်(ယခု လက်ရှိဘုရားကြီး သီးတင်းသုံးရာနေရာ) တွင် ရွှေပြာသာဒ်ဖြင့် ကျောင်းဆောက်လုပ်ကာ ကြီးစွာသော ပူဇော်မူကို ပြုလေသည်။

ရခိုင်ကို အောင်နိုင်ပြီးသည့်နောက် ဘိုးတော်ဘုရားသည် ယိုးဒယားသို့ ချီတက်လိုသော ဆန္ဒ ပေါ်ပေါက် လာလေ၏။ တချို့ သော မှူးမတ်များလည်း မျက်နှာရချင်ကြသဖြင့် ဘုရင်ကို စကြာမင်းနီးပါး ထင်အောင် မြှောက်ပေးကြလေ၏။ ထိုကြောင့် ဘိုးတော်ဘုရားသည် ဘန်ကောက်သို့ ချီတက်ရန် အမိန့်တော်ထုတ်လေတော့ သည်။

ဘိုးတော်ဘုရားသည် တပ်ကြောင်း ၆ ကြောင်းခွဲကာ စစ်သည် ငါးသောင်း ကျော်ဖြင့် ဘန်ကောက်သို့ AD 1785 , 11 လပိုင်း , 11 ရက်နေ့တွင် ချီတက် စေလေ၏။ ထိုစစ်ကြောင်းကြီးကို မိမိကိုယ်တော်တိုင် ဦးဆောင် ပြီး ချီတက်ခြင်းဖြစ်သည်။ နေပြည်တော်တွင် သားတော်အိမ်ရှေ့မင်း ကို အစောင့်အရှောက်ထား ကာ ချီတက် လေ၏။

ထိုသို့ ချီတက်နေစဉ် ဘိုးတော်ဘုရား၏ ရှေ့စစ်ကြောင်းများ ရိက္ခာအခက်အခဲ  ဖြစ်ပေါ်လေသည်။ ထို အခက်အခဲ ကိုဖြေရှင်းရန် ဗိုလ်မှူးမင်းခေါင်ကျော်၏ စစ်ကြောင်းမှ ရိက္ခာအနည်းငယ်ကို သွားပို့ဆောင်စေလေ၏။ ထိုနောက် နောက်ကြောင်းမှ ချီတက်နေသော စစ်ကြောင်းများကို မုတ္တမမြို့ သို့ အမြန်လာရန် အမိန့်တော် လွှတ်လေ၏။

သို့သော် ၄ ရက်တိုင်အောင် စစ်သည်များ ကုန်စင် အောင် ရောက်မလာသဖြင့် စည်းကမ်းကြီးသော ဘိုးတော်ဘုရားသည် အမျက်ထွက်ကာ မိမိလှံတော်ကို တပ်မှူးတို့ ခစားနေသည့် နေရာ သို့ ပစ်လေ၏။
ထိုလှံသည် စစ်ကဲကြီး နန္ဒကျော်ထင်ကို မှန်ကာ ကွယ်လွန်လေသည်။ ထိုအခါမှ တပ်မှူးများ အားလုံး မြင်းဒုန်းစိုင်း စီးကာ ကျန်ရစ်နေသော တပ်စုကို အလျင်အမြန် မြစ်ကူးရန် သွားရောက် ကူညီကြလေသည်။

ဘိုးတော်ဘုရားသည် မိမိ၏ တပ်ကြောင်းများတွင် ရိက္ခာအခက်အခဲ ဖြစ်နေသည်ကို မသိပေ။ တပ်မှူးများလည်း ဘိုးတော်ဘုရားအမျက်ကြီးကြောင်း သိသဖြင့် မည်သူမှ မလျှောက်တင်ရဲကြပေ။ ဘိုးတော်ဘုရားသည် မိမိသားတော်များကိုလည်း မခေါ်ဆောင်လာခဲ့။ ထို့ကြောင့် ဘိုးတော်ဘုရားအား တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှက်သော်လည်းကောင်း မလျှောက်တင်ဝံ့သူမရှိဖြစ်နေလေသည်။ ဘိုးတော်ဘုရား၏ လက်စွဲတော် ဦးပေါ်ဦးမှာလည်း နေပြည်တော်တွင် ကျန်ရစ်နေခဲ့၏။

ဘိုးတော်ဘုရားသည် မိမိ၏ စစ်တပ်ကို ယုံကြည်ကာ ယိုးဒယားနယ်သို့ အပြင်းချီတက်လေ၏။ စစ်အောင်နိုင်ရန် ပရောဟိတ်များမှ အချိန်အခါ တွက်ချက်ထားပေးသဖြင့် ထိုအချိန်အခါကို ဘိုးတော်ဘုရားမှ လွန်စွာ ယုံကြည် ကာ အခြေအနေအရပ်ရပ်ကို လေ့လာခြင်းမရှိဘဲ တစွတ်ထိုး သာ ချီတက်သဖြင့် တပ်မှူးများမှ ရိက္ခာကို ကောင်းမွန်စွာ မစီမံနိုင်ပေ။ လျှောက်တင်လျှင် သေဒဏ်ပေးခံရဖို့ များသဖြင့် အားလုံးသည် နူတ်ပိတ် ကာ နေကြလေ၏။

ထိုသို့ ချီတက်ပြီး ကမ္မူ ရီ ဒေသ ရောက်သော် ဘိုးတော်ဘုရား၏ ရှေ့ ချီတက်နေသော စစ်ကြောင်းမှ စီးခံနေသော ယိုးဒယားတပ်ကို တွေ့ကာ အကြီးအကျယ် တိုက်ပွဲ ဖြစ်လေ၏။ သို့သော် ယိုးဒယားတို့၏ တပ်ကို မထိုးဖောက်ဘဲ တပ်ဆုတ်လာခဲ့ရလေသည်။ ရိက္ခာမှန်သမျှကိုလည်း ယိုးဒယားတို့ သိမ်းမိလေသည်။

ဘိုးတော်ဘုရားမှာမူ အလယ်စစ်ကြောင်းမှ ဖြည်းဖြည်းချီတက်နေခြင်းဖြစ်၏။ ရှေ့ပြေးတော်ရဲမက်တို့မှ ယိုးဒယား စစ်ကြောင်းနှင့် တွေ့ပြီး အရေးတော်ပုံနိမ့်ကြောင်း လျှောက်တင်လာတော့မှ မိမိတပ်ကြောင်းတွင် ရိက္ခာ ပြဿ      နာ ပေါ်နေကြောင်း သိရလေသည်။ ထိုကြောင့် အမျက်တော်လည်း ထွက်သဖြင့် မိမိ တပ်မှူးများ ကို တပ်ဆုတ်ရန် အမိန့်ထုတ်ကာ ပြန်လည် ပြန်လေ၏။

သို့သော် ဇင်းမယ်ကြောင်းမှ ချီတက်သော စစ်ကြောင်းကို အမိန့်မရောက်သေးသဖြင့် ဇင်းမယ်ကြောင်းသည် ဇင်းမယ်ရှိ မြို့ များကို တိုက်ခိုက်နေရာ တမြို့ြ့ပီးတမြို့  သိမ်းပိုက်မိလေ၏။ သို့သော် တပ်ဆုတ်ရန် ဘုရင့်အမိန့် ရောက်လာတော့မှ တပ်ကို ကျို င်းတုံထိ ဆုတ်ရလေသည်။

ဘိုးတော်ဘုရား တပ်ဆုတ်လာကြောင်း သတင်းရသောအခါ မိဖုရားခေါင်မှ ဘိုးတော်ဘုရား အကြောင်းကို ကောင်းကောင်းသိသဖြင့် မိမိ နှင့်အတူ ဘိုးတော်ဘုရား၏ အချစ်တော် သမီးတော်၊မြေးတော်၊သားတော် များနှင့်အတူ ရန်ကုန်ထိ စုန်ဆင်းကာ စောင့်နေလေသည်။ ဘိုးတော်ဘုရား ရန်ကုန်သို့ ရောက်သော် မိမိကို လာကြို သော မိဖုရားခေါင်ကို မြင်ရသဖြင့် စိတ်ညစ်ညူးနေခြင်းများ ပျောက်ကာ စိတ်ပျော်လာပြီး ပျော်ရွှင်စွာဖြင့် နေပြည်တော်သို့ ဆန်တက်လေ၏။ ( မှတ်ချက်။  ။မိဖုရားခေါင်ကြီး မဆင်းလာခဲ့လျှင် ဗိုလ်မှူးများ အားလုံး သေဒဏ်ပေးခံရဖို့ များ၏။ ) 




Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။