ဧကရာဇ် ချန်လုံ၏ စတုတ္တကျူးကျော်စစ်

မန်ချူးတရုတ်များကို အောင်မြင်စွာ တော်လှန်နိုင်ပြီးနောက် AD 1768 ဧပြီလတွင် ပုဂံရှိ ရွှေစည်းခုံစေတီတော် သည်ငလျင်ကြောင့် ထီးတော်မြေခသဖြင့် ဆင်ဖြူ ရှင်မှ ထီးတော်အသစ်သွားရောက် တင်လှူ လေ၏။ ထိုသို့ တင်လှူ ပြီး ၆ လပိုင်းတွင် ငလျင်ပြင်းစွာ ထပ်လူပ်သဖြင့် ရွှေတိဂုံစေတီတော်သည် ပထမဖောင်းတိုင်ပြို ကာ ထီးတော်မြေခသဖြင့် ဆင်ဖြူ ရှင်မှ ရွှေတိဂုံစေတီတော်ဟောင်းကို ငုံကာ (ယခုလက်ရှိ ဥာဏ်တော်အတိုင်း) ပြန်လည်မြင့်တင်ပြီး ပြုပြင်တော်မူလေ၏။ ပြင်ဆင်ဖို့အတွက်လည်း ရွှေငွေများစွာကို ထုတ်ပေးလေ၏။ ထိုအချိန်တွင် ယူနန်တွင် ချန်လုံ၏ မင်းအတိုင်အပင်ခံ ၀န်ကြီးချူ ပ် Fuheng ရောက်ရှိနေပြီး အင်းဝကို ထပ်မံ ချီတက်ရန် ပြင်ဆင်နေပြန်လေ၏။


ယခုတကြိမ်တွင် စစ်အင်အား ၁ သိန်းနီးပါးဖြင့် ချီတက်လာခြင်းဖြစ်သည်။ အင်းဝတပ်များသည်လည်း ယိုးဒယားကို အောင်နိုင်ပြီးဖြစ်သဖြင့် ခုခံရန် အင်အားအလုံအလောက်ရှိလေသည်။ Fuheng သည် ယခင် မန်ချူးတို့ ချီတက်သည့်အတိုင်းပင် ချီတက်ရန် စီစဉ်သည်။ သို့သော် ယခုတကြိမ်တွင် ပေကျင်းမှ ဆောက်လုပ်ရေး လုပ်သားများစွာ ခေါ်ဆောင်လာခဲ့ပြီး ဧရာဝတီမြစ်ကမ်းတလျှောက်တွင် ခံတပ်အကြီးအကျယ်ဆောက်ရန် ပြင်ဆင်လေ၏။ ယခင် မင်ယွီမှ မှားခဲ့သော ရိက္ခာအမှားကို မမှားနိုင်အောင်လည်း သေချာပြင်ဆင်ထားလေ၏။

Fuheng ၏ ဗျူ ဟာမှာ ယခင်နည်းအတိုင်း ဗန်းမော်နှင့် ကောင်းတုံခံတပ်ကို အပြင်းအထန်တိုက်မည်။ ထိုသို့ တိုက်နေစဉ် နောက်စစ်တကြောင်း မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကုန်းကြောင်း၊ရေကြောင်းဖြင့် ချီတက်မည်။ ရိက္ခာတပ်များကိုလည်း ဧရာဝတီမြစ်ကမ်းဘေးမှသာ ချီတက်မည်။ ထို ရိက္ခာတပ်ကို ရေကြောင်းမှ ကာကွယ်မည်။ ထိုနောက် နေရာကောင်းတခု တွင် ခံတပ်အကြီး တခု တည်ဆောက်ကာ အင်းဝကို ဖြည်းဖြည်းချင်း တိုက်သိမ်း မည် ဖြစ်၏။

ဆင်ဖြူ ရှင်သည် ယခင်နည်းအတိုင်း ကောင်းတုံခံတပ်ကို ထပ်မံကောင်းစွာ ပြင်ဆင်စေလေ၏။ ယခုတခါ တွင်မူ မန်ချူးတပ်များ ဗန်းမော်သို့ မရောက်လာမီ နယ်စပ်တွင် ခုခံတိုက်ခိုက်ရန် ၀န်ကြီး မဟာသီဟသူရ ကို နယ်စပ်သို့ ဦးစွာ ချီတက်ထားခိုင်းလေသည်။

 ကောင်းတုံခံတပ်ကို ဗိုလ်ချူ ပ်ဗလမင်းထင်( ၃ ကြိမ်တိုင်အောင် မန်ချူးကို ခုခံနိုင်သဖြင့် ဗိုလ်ချူ ပ်အထိ ရာထူးတိုးပေးခြင်းခံရ၏)  မှ ထပ်မံပြီး ကွပ်ကဲပြန်၏။ ဆင်ဖြူ ရှင်ဘက်တွင် ယိုးဒယားမှ ပြန်လာသော နွားထိုးကြီးမြို့ ကို အပိုင်စားအဖြစ် ဆင်ဖြူ ရှင်ဘက်မှ ချီးမြှောက်ထားသော ပြင်သစ်နိုင်ငံသား Pierre De Milard လည်း ပါဝင်၏။ Pierre သည် အမြှောက်တပ်နှင့် သေနတ်တပ်ကို တာဝန်ယူ ၏။

Fuheng ကို မန်ချူးဗိုလ်မှူးများမှ မိုးလုံးဝ အကုန် နိုဝင်ဘာလောက်မှ ချီတက်ရန် အကြံပေးသော်လည်း Fuheng သည်လက်မခံဘဲ မဟာသီဟသူရ မှ ယူနန်ကို ချီတက်လာနိုင်သည်ဟု မှားတွက်ပြီး အင်းဝတပ်များ နယ်စပ်မရောက်မီ အလျင်ဦးစွာ တိုက်လိုသဖြင့် မိုးကုန်သည့်လ အောက်တိုဘာလ (မိုးလုံးဝမကုန်သေးပေ) တွင် စတင်ချီတက်လေ၏။ ထိုကြောင့် ဗန်းမော်တွင် မဟာသီဟသူရ ၏တပ်များနှင့်တွေ့ပြီး စစ်ပွဲအကြီးအကျယ်ဖြစ်ကြလေ၏။


 Fuheng သည် အစီအစဉ် အတိုင်း ဗန်းမော်နှင့် ကောင်းတုံကို စစ်ကြီးခင်းနေစဉ်၊ အင်အား ၇ သောင်းကျော်ဖြင့် ရွှေညောင်ပင်ရွာတိုင်အောင် ချီတက်ပြီး ထိုရွာအနီးတွင် ခံတပ်အကြီးတခု တည်ဆောက်လေသည်။ ထိုခံတပ်ကြီး ဆောက်လုပ်ပြီးသော် ထိုခံတပ်ကို ဗဟိုပြုပြီး စစ်လှေယာဉ်များစွာ ဆောက်လုပ်ကာ ရေကြောင်းမှ အင်းဝကို တိုက်ရန် ပြင်ဆင်လေ၏။

ထိုအကြောင်းကို ဆင်ဖြူ ရှင်ကြားသိရသော် လက်ဝဲမှူးကို ကုန်းကြောင်းဖြင့် မန်ချူးခံတပ်ကို လုပ်ကြံရန် ချီတက်စေပြီး၊ မန်ချူး၏ ရေတပ်ကို ခုခံရန် လှေပေါင်းများစွာ ကို အလျင်အမြန် ဆောက်လုပ်စေပြီး ရေတပ်ကို ဗိုလ်မှူး မင်းလှမဟာ ဦးဆောင်စေပြီး ဧရာဝတီမြစ်ကြောင်းကို ဆန်တက်စေလေ၏။

ဝန်ကြီး မဟာသီဟသူရ သည် ဗန်းမော်နှင့် ကောင်းတုံ တ၀ှက်တွင် မန်ချူးတပ်နှင့် ၁ လကြာအောင် တိုက်ပွဲ များစွာ ဖြစ်လေသည်။ မန်ချူးတို့သည် ဗန်းမော်နှင့် ကောင်းတုံကို မသိမ်းနိုင်ပေ။ ဗိုလ်မှူးမင်းလှမဟာ ၏ လှေတပ် နှင့် မန်ချူးလှေတပ်တို့လည်း ဧရာဝတီမြစ်တွင် အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး နှစ်ဦးနှစ်ဖက် များစွာ ကျရူံးရ လေသည်။

ထိုသို့ နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေကြပြီး ဒီဇင်ဘာလ အရောက်တွင် မန်ချူးခံတပ်မှ စစ်သားများ အထွက်နည်းလာသည်ကို အင်းဝဘက်မှ ရိပ်မိလေ၏။ အကြောင်းအမှန်မှာ မင်းအတိုင်အပင်ခံ ၀န်ကြီးချူ ပ် Fuheng သည် ငှက်ဖျားရောဂါ မိ ပြီး အပြင်းဖျားနေခြင်းဖြစ်၏။ မန်ချူးတပ်သား တော်တော်များစွာလည်း ဖျား နေ၏။ ထိုအကြောင်းကို ဆင်ဖြူ ရှင်တို့ မသိပေ။

Fuheng ပုံ
မန်ချူးခံတပ်မှ စစ်သားအထွက်နည်းသည်ကို အခွင့်ကောင်းယူပြီး ဆင်ဖြူ ရှင်ဘက်မှ အင်အား ၄ သောင်းဖြင့် မန်ချူးခံတပ်ကို အလုံးအရင်း တိုက်ခိုက်စေလေသည်။ မန်ချူးတို့လည်း အင်အား ၅ သောင်းဖြင့် ခံတပ်မှ ထွက်ကာ အပြင်းအထန် တိုက်ကြလေသည်။ အင်းဝဘက်မှ အပြင်းအထန် ခုခံတိုက်ခိုက်သဖြင့် မန်ချူးတပ်သား များ အကျအရူံးများလာကာ ဗန်းမော်ဘက်သို့ ပြန်လည် ဆုတ်ခွာကြလေ၏။ သို့သော်လည်း ဗန်းမော်ဘက်တွင် လည်း ကောင်းတုံခံတပ်ကို မထိုးဖောက်နိုင်သေးသဖြင့် မန်ချူးတပ်များသည် နှစ်ဖက်ညုပ်သကဲ့သို့ ဖြစ်လာလေသည်။ Fuheng လည်း အပြင်းဖျားနေသဖြင့် မန်ချူးဗိုလ်ချူ ပ်များမှ အင်းဝကို စစ်ပြေငြိမ်းရန် ကမ်းလှမ်း လာတော့၏။

ထို စစ်ပြေငြိမ်းကမ်းလှမ်းချက်ကို အင်းဝဗိုလ်မှူးများက လက်မခံချင်ကြပေ။ သို့သော် ၀န်ကြီး မဟာသီဟသူရ မှ လက်ခံပြီး ဘုရင့်အပြစ်ပေးလျှင် သူခံမည်ဟု ဆိုသဖြင့် လက်အောက် ဗိုလ်မှူးများလည်း မတတ်နိုင်ကြပေ။ ၀န်ကြီး မဟာသီဟသူရ နှင့် မန်ချူးဗိုလ်ချူ ပ်တို့သည် ကောင်းတုံခံတပ် တွင် စစ်ပြေငြိမ်းစာချူ ပ်ချူ ပ်ဆိုကြ၏။ ထိုစာချူ ပ်တွင်

၁၊ ယူနန်နယ်သို့ ထွက်ပြေးလွတ်မြောက်သွားသော မြို့ စားများ၊စော်ဘွားများကို အင်းဝကို ပြန်လည် အပ်နှံရမည်။
၂၊ ပေကျင်းသည် ရှမ်းပြည်စော်ဘွားနယ်များ နှင့် အင်းဝပိုင်နက်များကို လေးစားရမည်။ အကြောင်းမဲ့ လာရောက် တိုက်ခိုက်ခြင်းမရှိစေရ။
၃၊ ပေကျင်းမှ ဖမ်းဆီးမိထားသော အင်းဝစစ်သားများအားလုံးကို လွှတ်ပေးရမည်၊ ထိုသို့ ပြုလျှင် အင်းဝဘက်မှ လည်း မန်ချူးစစ်သားများကို ပြန် လွှတ်ပေးမည်။
၎၊ တရုတ်ဘုရင် နှင့် ကုန်းဘောင်ဘုရင် တို့ နှစ်ဦး ချစ်ကြည်စွာ ဆက်ဆံရမည်။ ဖြစ်နိုင်လျှင် သံတမန်များ ထားရှိရမည်။

အစရှိသည့် ၄ ချက်ကို ၀န်ကြီး မဟာသီဟသူရမှ ဆင်ဖြူ ရှင်ကို အကြောင်းမကြားဘဲ စာချူ ပ်ချူ ပ်လိုက်လေ၏။ ဆင်ဖြူ ရှင်သည် အလွန်ဒေါသထွက်ပြီး မဟာသီဟသူရ ကို နေပြည်တော်သို့ ချက်ခြင်းပြန်လာရန် အမိန့်ထုတ်လေ၏။ Fuheng ဘက်မှ ထိုအချက်များကို လိုက်လျောသဖြင့် ယူနန်ဘက်သို့ အေးချမ်းစွာ ပြန်လည် ဆုတ်ခွာ သွားနိုင်လေသည်။

Fuheng သည် ပေကျင်းရောက်သော် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်လေ၏။ ချန်လုံသည် ထိုအချက်များကို မလိုက်လျောပေ။ မန်ချူးဗိုလ်ချူ ပ်များ အင်းဝကို နိုင်အောင် မတိုက်နိုင်ပါတော့ကြောင်း ဟူသော လျှောက်ထားချက်ကို လည်း နားမ၀င်ဘဲ နန်းစဉ်မှတ်တမ်းတွင် အင်းဝကို လက်ဆောင်ဆက်နိုင်ငံအဖြစ် မှတ်တမ်းတင်ခိုင်းလိုက်လေ၏။ ကုန်းဘောင်ကို ချီတက်သော စစ်ပွဲကိုလည်း မိမိ၏ အလွန်ကြီးမြတ်သော စစ်ပွဲကြီး ၁၀ ပွဲ တွင် စာရင်း ထည့်ခိုင်းပြီး မိမိမှ အနိုင်ရ ကြောင်း နန်းစဉ်မှတ်တမ်းတွင် ရေးသားလေ၏။

ချန်လုံသည် စာချူ ပ်ပါ အတိုင်း မလိုက်နာသဖြင့် အင်းဝဘက်မှ ဖမ်းဆီးထားသော မန်ချူးစစ်သား ၂ သောင်းကိုလည်း မလွတ်ပေးခဲ့ပေ။ ထိုသို့ ဘုရင့်အမိန့်မပါဘဲ စာချူ ပ်ချူ ပ်လိုက်သဖြင့် အမျက်ထွက်နေသော ဆင်ဖြူ ရှင်ကို အမျက်ပြေရန်အတွက် ၀န်ကြီး မဟာသီဟသူရသည် ပုန်ကန်နေသော မဏိပူရဘက်သို့ သွားရောက် နှိမ်နင်းပြီး အောင်မြင်လာကာ အောင်ပန်း ၂ ခု ကို ဘုရင့်ထံ သယ်ဆောင်လာပေးလေ၏။ အင်းဝသို့ ပြန်ရောက်သော် ဆင်ဖြူ ရှင်မှ ၀န်ကြီး မဟာသီဟသူရ ကို မန်ချူးတို့ ပေးလိုက်သော လက်ဆောင်များကို ခေါင်းပေါ် ရွက်စေပြီး လွှတ်တော် အပြင်တွင် တနေကုန် ရွက်ထားခိုင်းကာ အပြစ်ပေးလေ၏။ (ထိုခေတ်က ပုံမှန်ဆိုလျှင် သေဒဏ်ဖြစ်သည်) 


Share:

No comments:

Post a Comment