Skip to main content

နန်းတွင်း ပုန်ကန်မူများကြားက ဘိုးတော်ဘုရား

ဘိုးတော်ဘုရား သည် အင်းဝရွှေနန်းကို AD 1782၊ 2 လ၊ 11 ရက်နေ့တွင် သိမ်းပိုက်ကာ ဘိသိတ်ခံပြီး ဘုရင် လုပ်လေသည်။ ဘွဲ့တော်မှာ သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာ  ဖြစ်၏။ ဘုရင်ဖြစ်သော် မိမိ၏ ငယ်ကျွန်များကို ချီးမြှောက်တော်မူရာ ဦးပေါ်ဦးတို့လို ငယ်ကျွန် များသည် လွှတ်တော်ဝန်ကြီး နေရာကို ရရှိကြလေ၏။ နန်းသိမ်းပွဲတွင် ပါဝင်သော ဘက်တော်သားများကိုလည်း ငွေအသပြာ သုံးထောင်စီ ချီးမြင့်လေသည်။ ၀န်ကြီးချူ ပ်ဟောင်းဖြစ်သော မဟာသီဟသူရ ကို အင်းဝ လွှတ်တော်တွင် ၀န်ကြီး တနေရာ ပေးပြီး တိုင်းပြည်အုပ်ချူ ပ်ရာတွင် ကူညီရန် ဆိုသော်လည်း မဟာသီဟသူရ မှ လက်မခံ ပယ်ချခဲ့လေ၏။


ထိုသို့ ပယ်ချခဲ့သဖြင့် ဘိုးတော်ဘုရားကို အမျက်ထွက်စေခဲ့လေသည်။ သို့သော် တခြားနန်းတွင်းရေးရာများ လုပ်စရာ ရှိသေးသဖြင့် မဟာသီဟသူရ ကို လစ်လျူ ရူ ခဲ့လေ၏။ ဘိုးတော်ဘုရားမှ အင်းဝနန်းတော် ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မိမိ၏ အာဏာကို တည်ဆောက်ဖို့ လိုနေသေးသည်။ အင်းဝရွှေမြို့ တော်တွင် ရူပ်ထွေး နေသော အခွင့်အရေးကို အမြတ်ထုတ်လိုသူ များလည်း များစွာ ရှိနေ၏။ ဘိုးတော်ဘုရားမှ နန်းကျဘုရင် စဉ့်ကူးမင်း ကို ထိုလ ၁၄ ရက်နေ့တွင် ရေချ ကွပ်မက်သဖြင့် စဉ့်ကူးမင်းကို သနားသူများမှ ဘိုးတော်ဘုရား ကို မကောင်းသတင်းလွင့်ကြလေ၏။

အင်းဝနေပြည်တော်တွင် ဘိုးတော်ဘုရားအတွက် မထင်မှတ်သော ပုန်ကန်မူ တခုဖြစ်ပေါ်ခဲ့သည်။ အလောင်းဘုရား ၏ သားတော်အငယ်ဆုံး ညီတော် စည်သာမင်းသား  နှင့် ၀န်ကြီး မဟာသီဟသူရ တို့ ပုန်ကုန်မူ ဖြစ်၏။ စည်သာမင်းသား သည် ၀န်ကြီး မဟာသီဟသူရ အိမ်နိမ့်ဘ၀ တွင် ၀န်ကြီးအတွက် စားကောင်းသောက်ဖွယ်များ သင့်လျှင်သင့်သလို ပို့ပေးလေ့ရှိသည်။

မဟာသီဟသူရ ထံမှလည်း အကြံဥာဏ်များစွာ ရရှိခဲ့ သူ ဖြစ်၏။ ဖောင်းကားစား မောင်မောင်မှ အင်းဝနေပြည်တော်သို့ ပြန်လာရန် အမိန့်ရချိန်တွင် စည်သာမင်းသား သည် နန်းတော်ကို သိမ်းရန် အစီအစဉ် ရှိပြီးသား ဖြစ်သည်။ ပင်းတလဲမင်းသား နှင့် ဗဒုံမင်းသား( ဘိုးတော်ဘုရား) တို့က တစု ဖြစ်၏။ ဘိုးတော်ဘုရားတို့ အုပ်စုမှ ထီးနန်းကို အလျင်အမြန် တိုက်ခိုက်သိမ်းပိုက်လိုက် သဖြင့် စည်သာမင်းသားသည် မိမိအကြံပျက်သွားရာ အခွင့်ကောင်းရချိန်တွင် အင်းဝထီးနန်းကို သိမ်းပိုက် ရန် ပြင်ဆင်လေ၏။

အမရပူရနန်းတော် တွင် ဘိုးတော်ဘုရားမှ ညီလာခံကျင်းပနေပုံ

ထိုအကြံသည် ဘိုးတော်ဘုရားနားတော်ထံ ပေါက်ကြားလေသည်။ ဘိုးတော်ဘုရားသည် မဆိုင်းမတွ မိမိ၏ ညီတော်အိမ်ကို ၀င်စီးကာ ဖမ်းဆီးစေလေ၏။ စည်သာမင်းသား၏ ရဲမက်များမှ ပြန်လည်ခုခံကြသဖြင့် အခြေအနေ ပိုမို ရူပ်ထွေး ကုန်လေသည်။ ထိုနောက် မင်းသားနှင့်တကွ ကျွန်များကို ဖမ်းဆီးပြီး စမ်းဆေးရာ ပုန်ကုန်ရန် အစီအစဉ် ရှိကြောင်း တွေ့သဖြင့် ပူပေါင်းကြံစည်သူ ကုန်းဘောင်ခေတ်၏ အထက်မြက်ဆုံး ဗိုလ်ချူ ပ်ဟောင်း ၀န်ကြီးဟောင်း မဟာသီဟသူရ ကိုပါ ဖမ်းဆီးလေ၏။

ဝန်ကြီးဟောင်း မဟာသီဟသူရ နှင့် သူ၏ သားတော်များကိုပါ ဖမ်းဆီးကာ သေဒဏ်ပေးလေသည်။ စည်သာမင်းသားလည်း ရေချ ကာ သေဒဏ်ပေးခံရလေ၏။ (ရေချသတ်ခြင်းဆိုသည်မှာ ဂုန်နီအိတ်ကဲ့သို့သော ပိုးချည်ကဲ့သို့ အကောင်းစား ချည်ဖြင့် ပြုလုပ်ထားသော အိတ်ထဲတွင် သေဒဏ်ပေးခံရသူ မင်းဆွေမင်းမျိုး တဦး ကို ထည့်ကာ ကြိုးနီဖြင့် ထိပ်ကို ချည်ပြီး မင်းညီမင်းသား စီးသော ယာဉ်ပေါ်မှ ရေထဲသို့ စိမ်ကာ ရေနစ်သတ် ခြင်း ဖြစ်၏။ ) 

ထိုနောက် ဘိုးတော်ဘုရားသည် ထိုပုန်ကုန်မူကို ဖြေရှင်းပြီး စစ်ကိုင်းရှိ မိမိ အိမ်နိမ့်စံဘ၀ တွင်နေထိုင်ခဲ့သော အိမ်နေရာ တွင် စေတီတော် တည်လေသည်။ ထိုနှစ် ၅ လပိုင်းတွင် မိမိနှင့်အတူ အရေးတော်ပုံတွင် ပါဝင် ခဲ့သော ညီတော်ပင်းတလဲစား ကို ပင်းတလဲမြို့ ကို ထပ်မံပြီး အပိုင်ပေးစားလေ၏။ ပင်းတလဲမင်းသား သည် ဖောင်းကားစား မောင်မောင်၏ အရေးတော်ပုံတွင် ဘိုးတော်ဘုရားဘက်မှ ရွပ်ရွပ်ခြွံခြွံ တိုက်ခိုက် ၀ိုင်းရံ ခဲ့သူ ဖြစ်၏။

ထိုအရေးတော်ပုံ မဖြစ်မီ ဘိုးတော်ဘုရားထံ ပုန်ကန်ရန် အကြံလာပေးသူမှာ ပင်းတလဲမင်းသား ဖြစ်လေသည်။ ထိုနောက် ဦးပေါ်ဦး နှင့် ပူပေါင်းကာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ခဲ့ကြလေ၏။ ဘိုးတော်ဘုရား မှလည်း နန်းရံစေရမည် ဟူသော ကတိကို ပေးခဲ့လေ၏။ ဘိုးတော်ဘုရားသည် ၃ လ ကြာအောင် ပင်းတလဲမင်းသား ကို စောင့်ကြည့်နေပြီး ယုံကြည်တော့မှ ပင်းတလဲမြို့ ကို အပိုင်ပေးစားလေ၏။ သို့သော် ပင်းတလဲ မင်းသားမှ ဘိုးတော်ဘုရားကို သစ္စာမဲ့သူ ဟု ရူမြင်လေ၏။ မိမိကို အိမ်ရှေ့စံ မပေးဘဲ မြို့ စားရာထူး ကိုသာ ပေး သဖြင့် မကျေနပ်ပေ။

တနေ့ ဘိုးတော်ဘုရားမှ စီးတော်ဆင်ဖြင့် မြို့ ပြင်ကို ထွက်ရာ သေနတ်ဖြင့် ပစ်ခံရလေ၏။ သို့သော် ဘိုးတော်ဘုရား၏ ချို င်းအောက်သို့ ကျည်ဆန် ၀င်သွားသဖြင့် ကိုယ်အင်္ဂါ တစုံတရာ ထိခိုက်မူ မရှိချေ။ ထိုနောက် သက်တော်စောင့်များက သေနတ်လာနိုင်သော နေရာကို မြင်းစီးပြီး ၀ိုင်းဖမ်းကြရာ သေနတ်ပစ်သူကို မိလေသည်။ ထိုပစ်သူက ပင်းတလဲမင်းသား ခိုင်းသည်ဟု  ထွက်ဆိုသဖြင့် ပင်းတလဲမင်းသားသည်လည်း ရေချ သတ်ခံရလေသည်။

ထိုကြောင့် ဘိုးတော်ဘုရား၏ ထီးနန်းကို လုယူမည့်သူ များမရှိတော့ပေ။ အလောင်းမင်းတရား၏ သားတော် များတွင် ဘိုးတော်ဘုရား တဦးသာ ကျန်ရှိနေတော့လေသည်။ AD 1782၊ 10 လ ပိုင်း၊ 4 ရက်နေ့ တွင် နောက်ထပ် ပုန်ကန်မူ ဖြစ်ပွားပြန်လေ၏။ ထိုပုန်ကန်မူမှာ ဖောင်းကားစားမောင်မောင်၏ ငယ်ကျွန် မြတ်ဖုန်း ပုန်ကန်မူ ဖြစ်သည်။ မြတ်ဖုန်းသည် ဘိုးတော်ဘုရား မှ ဖောင်းကားစားမောင်မောင်ကို သတ်ပြီး ထီးနန်း သိမ်းပြီး နောက် ရှမ်းပြည်တွင် သွားရောက် ပုန်းရှောင်နေပြီး အခြေအနေ ငြိမ်သွားသည့်အခါ ပင်းယမြို့ သို့ ၀င်ကာ လူသူလက်နက်စုဆောင်းလေ၏။

အစောင့်အရှောက်နည်းသော တောင်မျက်နှာ ကျော်ဘုံတံခါး ဘက်မှလှေကားရှည်ကြီးဖြင့် ၀င်ကာ တံခါးကို ဖွင့်လေ၏။ ဖွင့်ပြီး အင်အား ၃၀၀ ကျော်ဖြင့် အင်းဝနန်းတော်ကို ညအခါတွင် ၀င်စီးလေသည်။ ရုတ်တရက် ၀င်စီးသဖြင့် နန်းတွင်းရဲမက်များ အငိုက်မိကုန်လေသည်။ မြတ်ဖုန်းတို့ အုပ်စုသည် နန်းတော်တောင်ဘက်ခြမ်းကို သိမ်းပိုက်ပြီး ဖြစ်၏။ ဘိုးတော်ဘုရားမှာမူ ထိုနေ့တွင် နန်းတော်မြောက်ဘက်ခြမ်း တွင် စက်တော်ခေါ်နေခြင်း ဖြစ်သည်။

နန်းတွင်းကို ရုတ်တရက်ဝင်စီးခံရသဖြင့် ရဲမက်များမှာ ချက်ခြင်း မခုခံနိုင်ကြ။ ဘိုးတော်ဘုရား၏ သက်တော်စောင့် ဗိုလ်ကြီးလည်း နန်းတော်ဝင်စီး ခံရကြောင်း သိသည်နှင့် ဘိုးတော်ဘုရား စက်တော်ခေါ်နေသော အဆောင်ကို ပြေးကာ ဘုရင်ကို နိုးလေ၏။ ဘိုးတော်ဘုရားကို အစောင့်အရှောက် ရဲမက် အနည်းငယ်ဖြင့် နန်းတော်မှ ထွက်စေလေသည်။ ထိုသို့ ပြေးရန် ပြင်နေစဉ် မြတ်ဖုန်းတို့ အဖွဲ့ ရောက်လာပြီး ဘိုးတော်ဘုရားကို သတ်ရန် အပြင်းဝင်လာကြကုန်၏။

ဘုရင့်သက်တော်စောင့်ရဲမက်များလည်း အပြင်းအထန် ခုခံကြလေ၏။ ဘိုးတော်ဘုရားသည် မြင်းဖြင့် နန်းတော်မှ ထွက်နိုင်လေသည်။ အပြင်းစီးတော်မူပြီး အမတ်ကြီး ဦးပေါ်ဦး အိမ်သို့ ၀င်လေ၏။ ထိုအခါမှ နန်းတော် ၀င်စီးခံရကြောင်း အမတ်ကြီး ဦးပေါ်ဦး သိရသဖြင့် မိမိစုဆောင်းနိုင်သမျှ ရဲမက်များ စုဆောင်းပြီး နန်းတော်သို့ အပြင်း သွားလေ၏။ နန်းတော်တွင် သက်တော်စောင့် တပ်ဖွဲ့ သည် မြတ်ဖုန်းတို့ကို အပြင်းခုခံနေကြသေး၏။ ဦးပေါ်ဦး တို့ တပ်ဖွဲ့ ရောက်လာသော် အင်အားချင်း မမျှ သဖြင့် မြတ်ဖုန်းတို့ ရူံးနိမ့်လေသည်။

မြတ်ဖုန်းလည်း အင်းဝမြို့ အတွင်းသို့ ထွက်ပြေးလွတ်မြောက်လေသည်။ ထိုနောက် ဘုရင်ကို နန်းတော်သို့ ပြန်လည် ပင့်ဆောင်ပြီး လွှတ်တော်အစည်းအဝေး ခေါ်ယူလေ၏။ မြတ်ဖုန်းသည်ဖောင်းကားစား မောင်မောင် ၏ ငယ်ကျွန်မှန်း သိရလေ၏။ ထိုနောက် အင်းဝမြို့ အတွင်း မြတ်ဖုန်းကို အပြင်းအထန် ရှာဖွေစေရာ မင်္ဂလာဈေးအရပ်တွင် မြတ်ဖုန်းကို ဖမ်းမိလေသည်။

သက်တော်စောင့်ဗိုလ်ကြီး ဖြစ်သူ မောင်လွမ်းပြေကို ရဲထွတ်ကျော်ထင် ဘွဲ့ ပေးအပ်လေသည်။ မောင်လွမ်းပြေ သည် ထောင်မှူး၊မြို့ ဝန်၊ နောက်ဝင်းမှူးအထိ ရာထူးအဆင့်ဆင့် တိုးကာ သက်ထက်ဆုံး ဘိုးတော်ဘုရား ထံ အမူထမ်းပြီး အားကိုးရသော ရဲမက်ကောင်း ဖြစ်ခဲ့၏။ ထိုသို့ ဖြစ်သည်ကို ကံဆိုးသည်ဟု ဘိုးတော်ဘုရားမှ မှတ်ယူပြီး ထို ပုန်ကန်မူ အပြီးတွင် ခုနှစ်ရက်တိုင်အောင် နေ့စဉ် ရဟန်းတော်များကို နန်းတော်သို့ ပင့်ပြီး သင်္ကန်းကပ်ခြင်း၊ ဆွမ်းကပ်ခြင်းကို ပြုလုပ်လေသည်။

ထိုနောက် AD 1782၊ 10 လ၊ 20 ရက်တွင် ထီးပေါင်းကားအရပ် (ယခုအမရပူရမြို့ ) တွင် နေပြည်တော် အသစ် တည်ရန် စီစဉ်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။