မင်းခေါင်နော်ရထာ၏ နေ၀င်ချိန်

နောင်တော်ကြီးမင်းသည် စစ်ကိုင်းအရောက်ချီတက်ပြီးလျှင် အင်းဝမြို့ ကို ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင် လေ၏။ ဘုရင့်တပ်များသည် အင်းဝမြို့ ရိုးကို ဖြတ်ပြီး မြို့ တွင်းသို့ ၀င်နိုင်ကြ၏။ သို့သော် မြို့ တွင်းတွင် မင်းခေါင်နော်ရထာကို မြင်လျှင် ကြောက်ရွံသဖြင့် ထွက်ပြေးကြပြီး မြို့ ပြင်ကသာ ရံ၍ နေကြလေသည်။ ထိုသို့ ရံထားစဉ် မင်းခေါင်နော်ရထာမှ မြို့ တွင်းမှ ထွက်တိုက်ရာ ရံထားသော တပ်များ ကစဥ့်ကလျား ထွက်ပြေးကြ ရလေ၏။

နောင်တော်ကြီး၏ တပ်များသည် အင်းဝမြို့ ကို စိန်ပြောင်းကြီးများ၊ အမြှောက်ကြီးများဖြင့် ပစ်ခတ်၏။ မင်းခေါင်နော်ရထာဘက်တွင် အမြှောက်ကြီးများ မရှိပေ။ ထိုသို့ လက်နက်ချို့ ယွင်းနေသူများကိုပင် ဘုရင့်တပ်များက မသိမ်းနိုင် ဖြစ်နေ၏။ ထိုသို့ စစ်ဆင်နေစဉ် ကောလဟာလ များလည်း အလွန်အမင်းထွက်ပေါ်လာ၏။ မင်းခေါင်နော်ရထာမှ ယိုးဒယားဘက်ကို လူလွှတ်ကာ ယခင် အင်းဝမင်းဆက်(မဟာရာဇာဓိပဓိ၏ သားတော် ) ကို နန်းတင်ရန် ကြိုးပမ်းနေကြောင်း အစရှိသဖြင့် ထွက်ပေါ်လာသည်။

ထိုအခါ နောင်တော်ကြီးသည် မင်းခေါင်နော်ရထာအပေါ် ပိုမို စိတ်ကွက်လာကာ အသေရရ၊အရှင်ရရ ဖမ်းရန် လျှို့ ဝှက်အမိန့်ထုတ်လေသည်။ အင်းဝမြို့ ကိုလည်း ယခင်ထက် ပိုမိုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ မြို့ သူ၊မြို့ သားများ အလွန်အမင်း ဆင်းရဲရလေ၏။ သို့သော်လည်း လူငယ်လူရွယ်များသည် မင်းခေါင်နော်ရထာ ဘက်မှ တက်ကြွစွာပါဝင်ကာ ခုခံတိုက်ကြနေကြသေး၏။ မင်းခေါင်နော်ရထာလည်း မြို့ သူမြို့ သားများ ဆင်းရဲသည်ကို မမြင်ရက်တော့သဖြင့် အင်းဝမြို့ မှ ထွက်ခွာရန် ပြင်ဆင်လေတော့သည်။

နောင်တော်ကြီး၏ တပ်များသည် အင်အား ၄ သောင်းကျော်ဖြင့် အင်းဝမြို့ကို ထိုးစစ်ဆင်သည်။ မြို့ ရိုးတက်သော တပ်များကို ခုခံသော တပ်များမှ ငရူတ်ကောင်းမူန့်များဖြင့် ပက်လောင်း သဖြင့် ဘုရင့်တပ်များ ကစဥ့်ကလျား ထွက်ပြေးရသည်သာများ၏။ မင်းခေါင်နော်ရထာလည်း မိမိကြောင့် မြို့ သူမြို့ သားများ သေကြေကြမည် ကို မမြင်လိုသဖြင့် နောက်လက်ပါ အနည်းငယ်မျှ ဖြင့် အင်းဝမြို့ တောင်ဘက်တံခါးထွက်လေ၏။

မြင်းဖြင့် ဒုန်းစိုင်းစီးပြီးနောက် ကန်သစ်ရွာရောက်လျှင် ရွာဘုန်းတော်ကြီးကျောင်း တက်ပြီး တရားနာလေသည်။ တရားနာနေစဉ် နောင်တော်ကြီး၏ ရှေ့ပြေးမြင်းတပ်မှ အမီလိုက်နိုင်ပြီး ကျောင်းကို ၀ိုင်းရံထားရာတွင် တရားဟော ဘုန်းကြီးမှ ကြောက်လန့် ပြီး တုန်လူပ်နေရာ မင်းခေါင်နော်ရထာမှ " အရှင်ဘုရား စိုးရိမ်တော် မမူနှင့်၊ ဖြောင့်ဖြောင့်သာ ဟောတော်မူပါ " ဟု လျှောက်ကာ ဆက်လက်နာကြားလေ၏။ တရားနာပြီးသော် ကျောင်းမှ ဆင်းပြီး မြင်းပေါ်တက်ကာ "ငါ့လှံချက် လူမရွေးဘူးကွ " ဟု ကြုံးဝါးပြီး မြင်းနှင့် ဖောက်၍ ထွက်လေ၏။

ဝိုင်းရံထားသော တပ်မှူးတို့လည်း မျက်နှာချင်း မဆိုင်ဝံ့သဖြင့် ထွက်ပြေးကြပြန်၏။ ထိုနောက် နောက်မှ ဘုရင့်တပ်များ အမှီလိုက်လာနိုင်ပြီး စစ်အင်အား ၅ ထောင်ကျော်ဖြင့် မင်းခေါင်နော်ရထာကို လိုက်ဖမ်းကြလေ၏။ သို့သော်လည်း ၀ိုင်းမိတိုင်း မင်းခေါင်နော်ရထာကို နိုင်အောင် မတိုက်နိုင်ကြချေ။ မင်းခေါင်နော်ရထာလည်း ခုခံရင်း ဓါးဒဏ်များစွာ ရသော်လည်း စိတ်ကို တင်းကာ ဆုတ်မြဲ ဆုတ်လေ၏။

ထိုသို့ ဆုတ်ရင်း မိမိ၏ ပေါင်တွင် သေနတ်ဒဏ်ရာ မိလေသည်။ ထိုတွင်မှ မင်းခေါင်နော်ရထာသည် စိတ် လျှော့ကာ မိမိ၏ နောက်လိုက်များကို အနယ်နယ်အရပ်ရပ် ထွက်ပြေးစေလေ၏။ မိမိမှာ
မူ နောက်ကွယ်မှ လိုက်လာသော ဘုရင့်တပ်ကို အသေအကြေ တိုက်ခိုက်ခုခံလေသည်။ မိမိ၏ မြင်းလည်း အမောဖောက်လာသဖြင့် ချောက်ကမ်းပါး တခုတွင် ခေတ္တ ထိုင်နေရာ နောက်မှ လိုက်လာသော မြေဒူးသား ငချစ်ကောင်းဆိုသော တပ်သား တဦး တွေ့ပြီး ချူံ ကွယ်က ချောင်းပြီး အခွင့်ကောင်းရချိန်တွင် ၀င်လုံးလေ၏။

မင်းခေါင်နော်ရထာလည်း သတိရှိသဖြင့် ၀င်လာသော ငချစ်ကောင်းကို ပြန်ဖမ်းပြီး ထိုးလေ၏။ ငချစ်ကောင်းလည်း ကြောက်လန့်ပြီး ကယ်ပါ၊ကယ်ပါ ဟု အသံနက်ကြီးဖြင့် အော်လေ၏။ ထိုအချိန်နောက်မှ အမှီလိုက်လာသော ဘုရင့်တပ်မှ သေနတ်သမားတို့သည် လုံးထွေးနေသော မင်းခေါင်နော်ရထာကို သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ကြလေ၏။ ငချစ်ကောင်းလည်း သေလေ၏။

မင်းခေါင်နော်ရထာသည် ရဲရင့်ပြီး ထက်မြက်သော စစ်သူရဲကောင်း တစ်ဦးဖြစ်လေ၏။ အထင်အမြင်လွဲမှား မူနဲ့ မယုံရသော ပဒေသရာဇ်ခေတ်က အတွေးအခေါ်များကြောင့်သာ မရူမလှ ဘ၀ကို ဇာတ်သိမ်းခဲ့ရသည်။ သို့သော်လည်း မင်းခေါင်နော်ရထာ၏ ဆွေမျိုးများကိုမူ နောင်တော်ကြီးမင်းမှ ချီးမြှောက်ခဲ့ကြောင်းကို အောက်ပါ ဦးတွန်၏ မိသားစုဇယားကို ကြည့်လျှင် သိနိုင်၏။




Share:

No comments:

Post a Comment