Skip to main content

ဦးတွန်(ခေါ်) မင်းခေါင်နော်ရထာ မှ ပုန်ကန်ရခြင်းအကြောင်း

ရွှေဘိုထီးနန်းကို စတင်တည်ထောင်သူ (သို့) ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ ဦးအောင်ဇေယျ သည် ယိုးဒယားမြို့တော်အယုဒ္ဒယကို ၀ိုင်းရံနေစဉ် နေမကောင်းသဖြင့် ဆုတ်လာရာ အပြန်လမ်းတွင် နတ်ရွာ စံတော်မူလေခဲ့သည်။ နတ်ရွာစံသော် သားတော်အိမ်ရှေ့မင်းသား မောင်လောင် (ခေါ်) နောင်တော်ကြီးဘုရား သည် ရွှေဘိုထီးနန်းကို သိမ်းကာ ဘုရင်အဖြစ် ဘိသိတ်ခံတော်မူလေ၏။

နောင်တော်ကြီးဘုရားသည် ပင်ကိုစရိုက်သည် ရိုးရိုးအေးအေး နေတတ်၏။ ဘုရင်ဖြစ်သော် ဖမည်းတော် မှာထားသည့်အတိုင်း မိမိ၏ ညီတော် (နောင်အခါ ဆင်ဖြူ ရှင်မင်း) ကို အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းလေ၏။  နောင်တော်ကြီး ဘုရင်အဖြစ် နန်းတက်သော် နန်းတွင်းအရေးအခင်း တခု ဖြစ်ပွားလေသည်။ ထိုအရေးအခင်းသည် မြန်မာ့သမိုင်းတွင် အလွန်အရေးပါသော အရေးအခင်းဖြစ်လေ၏။


အလောင်းမင်းတရား၏ လက်ရုံးတော် စစ်သူကြီး မင်းခေါင်နော်ရထာ ပုန်ကန်မူဖြစ်လေ၏။  ဦးတွန် (ခေါ်) မင်းခေါင်နော်ရထာ ၏ ပုန်ကုန်မူ အစမှာ ယိုးဒယားမှ ဆုတ်ခွာလာချိန်ဖြစ်သည်။ မင်းတရားကြီး၏ တပ်မကြီးငယ် များကို ကောင်စွာ ဆုတ်ခွာနိုင်ရန် နောက်ဆုံး ခံတပ်အဖြစ် ဦးတွန်မှ ဆုတ်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် ဦးတွန်ကို မလိုလားသော ဗိုလ်မှူး၊အမတ်အချိုူ့ မှ မြေဒူးမင်းသား(ဆင်ဖြူ ရှင်မင်း) ကို ကုန်းတိုက်စကားများ လျှောက်ထားကြလေ၏။

မင်းခေါင်နော်ရထာသည် အလွန်တော်သော စစ်သူကြီးတဦးဖြစ်၏။ ထိုကြောင့် အလောင်းမင်းတရားမှ စစ်သူကြီး ရာထူးအပြင် စစ်ကြီးပြီးလျှင် သက်တော်ရှည်ဘွဲ့ပါ ပေးရန် ပြင်ဆင်ထားသည်။ သို့သော်လည်း မနာလိုသော အမတ်များ ကုန်းတိုက်မူကြောင့် မြေဒူးမင်းသားမှ အထင်လွဲနေမိလေသည်။ ထိုအချိန်တွင် မင်းခေါင်နော်ရထာ၏ တပ်မသည် မြေဒူးမင်းသား တပ်ကို အမီလိုက်ပြီး ပေါင်းရန် ဖြစ်သည်။ သို့သော် သတ်မှတ်သည့် အချိန်တွင် မင်းခေါင်နော်ရထာ တပ်များ ရောက်မလာသဖြင့် မြေဒူးမင်းသားသည် မင်းခေါင်နော်ရထာ တွင် တခြားအမတ်များ လျှောက်သကဲ့သို့ အကြံများရှိသည်ဟု ထစ်ထစ်ချ ယုံကြည်ကာ မင်းခေါင်နော်ရထာ၏ တပ်များကို ရိက္ခာများ မပို့ရန် အမိန့်ထုတ်လေ၏။

ထိုသို့ ရိက္ခာများ မရောက်သော် မင်းခေါင်နော်ရထာလည်း စုံစမ်းစေရာ မြေဒူးမင်းသားမှ မိမိကို မကောင်းကြံ
နေကြောင်း သတင်းများ ကြားသိရသဖြင့် မြေဒူးမင်းသားတပ်နောက် မလိုက်တော့ဘဲ ရပ်လိုက်လေ၏။ ထိုနောက် သတင်းကို ဆက်လက် နားထောင်နေရာ နောင်တော်ကြီးမှ ဘုရင်အဖြစ် ဘိသိတ်ခံကြောင်း ကြားလျှင် ဘုရင်သစ်ဆီသို့ မြေဒူးမင်းသား၏ လုပ်ရပ်ကို လျှောက်ထားလေ၏။

ထိုလျှောက်ထားချက် နန်းတော်သို့ မရောက်မီ မြေဒူးမင်းသားမှ အလျင်အမြန် လျှောက်စာ ပို့ထားပြီး ဖြစ်နေလေ၏။ ဘုရင်သစ် နောင်တော်ကြီး လည်း မြေဒူးမင်းသား လျှောက်ထားသော စာကို ဖတ်ရူပြီး ချက်ခြင်း မယုံဘဲ" ဦးတွန်သည် သစ္စာဖောက်မည့်သူမဟုတ်"  ဟု ဆိုကာ လျှောက်ထားချက်ကို ပယ်လေ၏။ ဦးတွန်ဆီမှ လျှောက်ထားချက် ရောက်လာသော် ဖတ်ရူပြီးလျှင်" ဦးတွန်ကို မည်သူမျှ မတိုက်ခိုက်ရ နေပြည်တော်သို့ သည်အတိုင်းလာစေ" ဟု အမိန့်ထုတ်မည်ဟု ဆိုရာ အမတ်များက" ဦးတွန်မှ မကောင်းသော အကြံအစည်အမှန်တကယ်ရှိလျှင် နေပြည်တော်ရောက်သော် မင်းကြီးကို လုပ်ကြံကာ ဘုရင်တက်လုပ်ပါလျှင် " အစရှိသဖြင့် မဖြစ်နိုင်သော လျှောက်ထားချက်များစွာကို ၀ိုင်းလျှောက်တင်ကြသဖြင့် နောင်တော်ကြီးလည်း တောင်ငူရောက်လျှင် အရှင်ဖမ်းကာ ဆက်သရမည်ဟု လျှို့ ဝှက်အမိန့်ပြောင်းထုတ်လေ၏။

ထိုအမိန့်ကို တောင်ငူမြို့ ဝန် သတိုးသင်္ခသူထံ ပို့လေသည်။ သတိုးသင်္ခသူလည်း မိမိ၏ လက်ရုံးများဖြစ်သော ဗလမင်းထင်၊ဗလပျံချီ၊ ဥဒိန်ပုညာ၊ ဦးစံလှကြီး ကို မည်သို့မည်ပုံ လုပ်ရန် ကောင်းစွာ မှာကြားပြီး မင်းခေါင်နော်ရထာ၏ တပ်များ တောင်ငူအလာကို စောင့်နေလေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။