Skip to main content

အလောင်းမင်းတရား၏ နောက်ဆုံးတိုက်ပွဲ

ဟံသာဝတီပဲခူးကို အောင်နိုင်တော်မူလျှင် အလောင်းမင်းတရားသည် အေဒီ ၁၇၅၇၊ ၇ လပိုင်း ၁၂ ရက်နေ့ တွင် ရန်ကုန်မှတဆင့် နေပြည်တော်ဖြစ်သော ရတနာပူရရွှေဘိုသို့ ဆန်တက်လေ၏။ ဆန်တက်ပြီး တလ အ ကြာ တွင် နေပြည်တော်သို့ ရောက်လေ၏။ အနယ်နယ်အရပ်ရပ်မှ လူသူများစွာ လာရောက်အခြေချသဖြင့်
မြို့ တော်ကြီးကို ပြန်လည် အသစ် ချဲ့ ရလေ၏။


မင်းကြီးသည် ငြိမ်းချမ်းနေသော ကာလတွင် သာသနာတော်ကို ချီးမြင့်ခြင်း၊ မြို့ တော်သာယာအောင် ပြုလုပ် ခြင်းဖြင့် အချိန်ကုန်စေလေသည်။ကသည်းစော်ဘွားမှ ဆက်သမြဲ လက်ဆောင် များဖြင့် ဆက်သခြင်းမရှိသဖြင့် အေဒီ ၁၇၅၈ ၊ ၁၁ လပိုင်း ၁၂ ရက်နေ့ တွင်  သားတော်မြေဒူးမင်းကို ရှေ့တပ်တွင် ဗိုလ်မှူးခန့်ကာ ကသည်းပြည်သို့ ချီ တက်တိုက်ခိုက်လေသည်။ ရေတပ်၊ကြည်းတပ်ဖြင့် ချီတက်ရာ အေဒီ ၁၇၅၉ တွင် ကသည်းနယ် သို့ ရောက်ရှိပြီး အပြင်းအထန်တိုက်သဖြင့် ကသည်းမြို့ ကျလေ၏။ ကသည်းစော်ဘွားလည်း မိမိဆွေတော်မျိုူးတော်များဖြင့် ထွက်ပြေးလေ၏။

မင်းကြီး၏ တပ်များလည်း နေရာအနှံရှာဖွေသော်လည်း မတွေ့ကြချေ။ မတွေ့သော် ကသည်းမြို့ ကို အုပ်ချု ပ် ရန် စန္ဒရော်မော်နီ အမည်ရသော မင်းသားတပါး ကို ခန့်လေ၏။ ကသည်းတွင် တနှစ်နီးပါး စံမြန်းတော် မူ ပြီး  အေဒီ ၁၇၅၉ တွင် နေပြည်တော်သို့ စုန်ဆင်းတော်မူလေသည်။ ထိုနောက် နေပြည်တော်တွင် တခဏ နားတော်မူပြီး ရန်ကုန်သို့ ဆင်းကာ ရွှေတိဂုံစေတီတော်ကို လုံးတော်အပြည့်ရွှေသင်္ကန်းပြန်လည် လှူ ဒါန်းတော် မူလေ၏။


ရန်ကုန်တွင် စံမြန်းနေစဉ် မှူးမတ်တို့မှ ယိုးဒယားတို့သည် နယ်စပ်ရှိ ကျေးရွာများကို လာရောက်ထိပါး နှောက်
ယှက်ကြသဖြင့် ပြည်သူတို့ ဒုက္ခခံနေရကြောင်း လျှောက်ထားသဖြင့် ယိုးဒယားတို့ကို ဆုံးမရန် စစ်ရေး ပြင် ဆင်လေ၏။ ပေါ်တူဂီတပ်သားအပါအ၀င် မိမိ၏ ရေတပ်တော်ကို ထားဝယ်သို့ အလျင် ချီစေလေသည်။ မိမိမှာ မူ ကြည်းကြောင်းကို ဦးဆောင်ကာ ယိုးဒယားသို့ ချီတက်လေသည်။

အလောင်းမင်းတရားသည် ထားဝယ်မှ တနင်္သာရီ၊ တနင်္သာရီမှ ယိုးဒယားနယ်သို့ ၀င်ရောက်လေ၏။ ထိုသို့ ချီတက်ရာ ယိုးဒယားနယ်စပ် ဖြစ်သည့် ဗန်လွန်ရွာတွင် ရွာသားများမှ ခုခံတိုက်ခိုက်လေ၏။ သို့သော်လည်း မြေဒူးမင်း ဦးဆောင်သော  တပ်သည် ခုခံသူမှန်သမျှကို သတ်ပစ်လေ၏။ မင်းကြီး ချီတက်လာသည်ကို သိသော ယိုးဒယားတို့မှ ဘုရင့်စစ်သည် သုံးသောင်းကျော်ဖြင့် လာရောက်ခုခံလေ၏။ သို့သော်လည်း အလောင်းမင်းတရား ၏ တပ်တော်ကို အောင်မြင်အောင် မခုခံနိုင်သဖြင့် ဆုတ်ရလေ၏။

အလောင်းမင်းတရား၏တပ်များသည် ယိုးဒယားမြို့ များကို တမြို့ြ့ပီးတမြို့ လွယ်ကူစွာ တိုက်နိုင်သဖြင့် မင်းကြီးလည်း အယုဒ္ဒယအထိ သိမ်းပိုက်ရန် အမိန့်တော်ပြန်လေတော့သည်။ ရပ်ဗူရီမြို့ တွင် စစ်သူကြီး မင်းခေါင်နော်ရထာ တပ်များနှင့် ယိုးဒယားတပ်များ တိုက်ကြရာ ယိုးဒယားတို့က ရဲရင့်စွာ ခုခံကြသော်လည်း မခုခံနိုင်ဘဲ မြို့ တော်အထိ ဆုတ်ခွာကြရလေသည်။

မင်းတရားကြီးသည် ယိုးဒယားမြို့တော်ထိ ချီတက်လာသော အခါ ပြည်သူတို့ ဗရုတ်ဗရက် ဖြစ်ကာ ဘုရင်နှင့် အုပ်ချူ ပ်သူများကို အပြစ်တင်ကြသဖြင့် ဘုရင်ဖြစ်သူ အာကာတပ်မှ ရဟန်း ၀တ်နေသော မင်းသားကြီး ဥတွန်ပုံ ကို အခြေအနေထိန်းပေးရန် လျှောက်တင်ရလေတော့၏။ မင်းသားကြီး ဥတွန်သည် ထိုအခါမှ ဘုရင့်အာဏာကို လက်ခံကာ မြို့ တော်ကို ထိန်းသိမ်းလေသည်။

အလောင်းမင်းတရားတပ်များ ပန်ချာဗူရီမြို့ ရောက်သော် ယိုးဒယားဗိုလ်မှူး ဘုရာ့မဟာသေန မှ ဦးဆောင် ခုခံ တိုက်ခိုက်သည်။ ချာကရပ် မြစ်ကမ်းတလျှောက်တွင် ခံတပ်များ ဆောက်လုပ်ကာ ခုခံသည်။ အယုဒ္ဒယမြို့ တော်သည် မြစ်ဆုံတွင် တည်ရှိသဖြင့် ထိုမြစ်တို့မှ ကျူံးသဖြင့် မြို့ တော်ကို ကာကွယ်ပေးလျက်ရှိနေ၏။ အလောင်းမင်းတရားတပ်များမှ ထိုမြစ်များကို ကူးပြီးခံတပ်များကို တိုက်ရလေ၏။ ထိုသို့ မြစ်ကူးချိန်တွင် ယိုးဒယားတို့မှ အမြောက်စိန်ပြောင်းများဖြင့် သဲသဲမဲမဲ ပစ်ခတ်သည်။ မြေဒူးမင်းသား နှင့် မင်းခေါင်နော်ရထာ ၏ တပ်များသည် ထို စစ်ဗျူ ဟာကြောင့် တနေ့တခြား တပ်သားများ လျော့ပါးလာရသည်။

သို့သော်လည်း အလောင်းမင်းတရားတပ်များသည် တပ်ကို မဆုတ်ဘဲ အပြင်းအထန်တိုက်သဖြင့် ဗိုလ်မှူး ဘုရာ့မဟာသေန ကျရူံးလေသည်။ မင်းကြီး၏ တပ်များလည်း အယုဒ္ဒယမြို့ တော်မြောက်ဘက်ကို သိမ်းပိုက် နိုင်လေသည်။ ထိုအချိန် ယိုးဒယားနေပြည်တော်ရှိ တရုတ်လူမျိုးများမှ တရုတ်အမျိုးသား ၂၂၀၀ ပါသော တပ်တခုကို ဖွဲ့ကာ အလောင်းမင်းတရားတပ်ကို ထွက်တိုက်ကြလေ၏။ သို့သော်လည်း ကျရူံးကာ မြို့ တွင်းသို့ ပြန် လည် ဆုတ်သွားကြရလေသည်။

ထိုအခါ ယိုးဒယားတပ်များသည် မြို့ တော်မှ ထွက်လာခြင်းမရှိတော့သဖြင့် မင်းကြီးသည် အမြှောက်ကြီး များဖြင့် မြို့ တွင်းသို့ နေ့စဉ် ပစ်ခတ်စေလေ၏။  မြို့ တော်ကို ၀ိုင်းရံ ထားပြီး ၄ လအကြာ အေဒီ ၁၇၆၀ ၊ ၄ လပိုင်း၊ ၁၁ ရက်နေ့တွင် မင်းကြီးသည် ကိုယ်တော် မအီမသာ ဖြစ် လာသဖြင့် သားတော် မြေဒူးမင်း၊ စစ်သူကြီး မင်းခေါင်နော်ရထာတို့ကို ဆက်လက်ဝိုင်းရံစေပြီး ယိုးဒယားတို့ မသိအောင် ဆုတ်တော်မူလေ၏။ သားတော် မြေဒူးမင်းသား သည် မင်းကြီး အနား အနီးကပ် ပြုစု ခစားပြီးဆုတ်ခွာလေ၏။ စစ်သူကြီး မင်းခေါင်နော်ရထာ မှမူ ယိုးဒယားတပ်များ လိုက်လာလျှင် ခုခံရန် နောက်မှ ဖြည်းဖြည်းချင်း ဆုတ်လာလေသည်။

အလောင်းမင်းတရား အပြင်းဖျားတော်မူပြီး ဆုတ်တော်မူကြောင်းကို ယိုးဒယားတို့ မသိရှိပေ။ အေဒီ ၁၇၆၀ ၅ လပိုင်း ၁၁ ရက် တွင် အလောင်းမင်းတရားသည် နတ်ရွာစံတော်မူလေ၏။ မုတ္တမမြို့ နယ်ရှိ ကင်းရွာစခန်းတွင် နတ်ရွာစံရာ နတ်ရွာစံကြောင်းကို သားတော် မြေဒူးမင်းသား နှင့် အနီးအနားရှိ မှူးကြီးမတ်ကြီး တို့သာ သိကြ လေ၏။

မင်းကြီးနတ်ရွာစံကြောင်းကို မည်သူမှ မသိစေဘဲ လူယုံတော်တဦးကို မြေဒူးမင်းသားမှ ပုရပိုက်စာထည့်ကာ နေပြည်တော်ရှိ နောင်တော်အိမ်ရှေ့မင်းသားကို အလျင်အမြန်အသိပေးရလေ၏။ လူယုံတော်လည်း မြင်းဖြင့် နေပြည်တော်သို့ အပြင်းနှင်ရလေ၏။ မင်းကြီး၏ ရုပ်ကလာပ်တော်ကိုလည်း မည်သူမှ မသိအောင် ပင့်ဆောင်လာပြီး ရန်ကုန်ရောက်မှ နတ်ပြည်စံကြောင်း ကြေညာလေသည်။

မင်းကြီး နတ်ရွာစံကြောင်း သတင်းကို ထိုနှစ် ၆ လပိုင်း ၆ ရက်နေ့ တွင်မှ အိမ်ရှေ့မင်းသား ကြားသိရလေ၏။ တလကြာမှ သတင်းသိရခြင်းဖြစ်လေသည်။ နောက်နေ့ ၇ ရက်တွင် ရွှေနန်းတော်ကို သိမ်းပိုက်ကာ ဘုရင် အဖြစ် ဘိသိတ်ခံတော်မူလေသည်။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။