မင်းတုန်းမင်းသားမှ ပုန်ကန်ခြင်း

အောက်ပြည်တွင် အင်္ဂလိပ်များ၏ တိုက်ခိုက်မူကို ခံနေရသော်လည်း အမရပူရနန်းတွင်း အာဏာလွန်ဆွဲပွဲမှာ ကြီးထွားလာသည်။  ပုဂံမင်းသည် ကြက်တိုက်ရာနေရာမှ မခွာဘဲ မှူးမတ်များ လျှောက်တင်လာသမျှ ကို နားထောင်ပြီး လုပ်စေ၊ ဖြစ်စေ ဟူသော နူတ်မိန့်ကိုသာ ပေးလေ၏။ ထိုကြောင့် နန်းတွင်းတွင် ပုဂံမင်း၏ ဆွေတော်မျိုးတော် မှူးမတ်များ တန်ခိုးအာဏာကြီးထွားလာကာ ထင်တိုင်းကြဲလေတော့သည်။ ထိုနောက်ဆက်တွဲကြောင့် မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့ ပုန်ကန်မူ ဖြစ်ပေါ်လာရသည်။ 
Share:

ဗြိတိသျှ ၏ ဒုတိယကျူးကျော်စစ် နှင့် မင်းတုန်းမင်းသား ၏ ပုန်ကန်မူ

အမရပူရနေပြည်တော်နှင့် အင်္ဂလိပ် တို့ နှစ်ဦးနှစ်ဖက် သံတမန်အဆက်အသွယ်မရှိတော့သည့်အခါ စစ်ကြေဌာ သကဲ့သို့ ဖြစ်သွားလေတော့သည်။ အင်္ဂလိပ်ဘက်မှ ပထမကျူးကျော်စစ်ကဲ့သို့ စာနှင့်ပေဖြင့် တရားဝင် မကြေဌာသော်လည်း အေဒီ ၁၈၅၂၊ ၄ လပိုင်း၊ ၁၁ ရက်တွင် သီလ၀ါဆိပ်ကမ်းရှိ မြန်မာ့ကင်းတပ်ကို သင်္ဘောပေါ်မှ အမြှောက်များဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး စစ်ပွဲ စတင်ဖန်တီးလေတော့သည်။ ရန်ကုန်မြို့ ဆိပ်ကမ်းတပ်မှလည်း အမြှောက်များဖြင့် ပြန်လည် ပစ်ခတ်ပြီး စစ်ပွဲမှာ ၃ ရက်ကြာလေသည်။ သို့သော်လည်း အင်္ဂလိပ်ဘက်မှ ပစ်သော အမြှောက်များသည် အလွန်ခေတ်မှီသည့်အပြင် စွမ်းအားလည်းကြီးသဖြင့် မြန်မာတပ်များ ရွှေတိဂုံစေတီတော်နားထိ ဆုတ်ခွာရလေတော့၏။ 
Share:

အင်္ဂလိပ်တို့၏ မတရားသော ဒုတိယကျူးကျော်စစ်

ပုဂံမင်းသည် ဘိုင်ဆိပ်အရေးအခင်းအပြီးတွင် သတိခေတ္တ၀င်ကာ ပြည်သူအများမှ မိမိ၏ အုပ်ချူ ပ်ပုံကို အလွန်အမင်း မုန်းတီးနေကြကြောင်း သိရသဖြင့် ပြည်သူအပေါင်းတို့ စိတ်သက်သာရာရစေရန် အလှူ အဒါန်း
အကြီးအကျယ်ပြု လုပ်လေသည်။ ရွှေနန်းတော် လေးပြင်လေးရပ်တွင် ပြဿ      ဒ် ကြီးများ ဆောက်ကာ ချမ်းသာမရွေး၊ လူတန်းစား မရွေး၊ အလှူ လာခံသူမှန်သမျှ ကို အလှူ ပေးလေ၏။ ထို့ကြောင့် ရွှေမြို့ တော် တွင် နေထိုင်သူ မှန်သမျှ အလှူ ပစ္စည်းရကြလေ၏။

Share:

မြို့ ဝန် ဘိုင်ဆိပ် အကြောင်း

ပုဂံမင်းသည် မိမိ၏ မယ်တော် မိဖုရားကြီး အကူအညီဖြင့် အမရပူရထီးနန်းကို ရရှိလာသူဖြစ်သော်လည်း တိုင်းပြည်အုပ်ချူ ပ်ရေးကိစ္စများကို စိတ်ဝင်စားသူမဟုတ်သဖြင့် နန်းတော်လွှတ်တော်အရေးများကို မင်းတုန်းမင်းသား၊ ကနောင်မင်းသား နှင့် မှူးမတ်များကို လွှဲအပ်ထားကာ မိမိမှာမူ မနက်မျက်လုံးဖွင့်သည့်နှင့် ကြက်တိုက်၊ အရက်သောက်ရာ နေရာ သို့ အမြဲတမ်းကြွလေ့ရှိလေ၏။ မျက်နှာလိုသူ သဌေးများ၊ အမတ်များသည် ပုဂံမင်း နှင့်အတူ ကြက်တိုက်ကြလေ၏။ ထိုသို့ ကြက်တိုက်ရာတွင် ပုဂံမင်း အမြဲတမ်းနိုင်အောင် မင်းသားဘ၀ ကတည်းက ကူညီပေးသူတဦး ရှိလေသည်။ ထိုသူသည် ပေါ်တူဂီ သွေးစပ်သူ ဘိုင်ဆိပ် (ပိုင်သတ် ဟုလည်း မှတ်တမ်းတချို့ တွင်တွေ့၏) ဖြစ်လေသည်။

Share:

ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း

ပြည်မင်းသားကြီးသည် သာယာဝတီမင်း၏ မိဖုရားခေါင် လုပ်ကြံမူကြောင့် ရာဇ၀တ်သား ဖြစ်သွားရလေတော့သည်။ မိဖုရားခေါင်၏ အမိန့်ဖြင့် အနယ်နယ်အရပ်ရပ် နန်းတွင်းရဲမက်များ စေလွှတ်ကာ မင်းသားကြီး နှင့် သားတော် ၄ ပါးကို အသေရရ၊အရှင်ရရ ဖမ်းစေလေသည်။ ပြည်မင်းသားကြီးတွင် သားတော် ၅ ပါး နှင့် သမီးတော် ၁ ပါး ရှိလေ၏။

(၁) သတိုးမင်းစော၊ အသက် ၁၇ ၊ တပ်မှူး
(၂) သတိုးမင်းဖျား၊ အသက် ၁၅၊ တပ်မှူး
(၃) သတိုးမင်းလှ၊ အသက် ၁၂
(၄) သတိုးမင်းဒင်၊ အသက် ၉၊
(၅) ပြည်ထိပ်ခေါင်တင်၊ အသက် ၇၊
(၆) ပြည်ထိပ်တင်တုတ်၊ အသက် ၃၊

Share:

သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ

သာယာဝတီမင်း၏ သားတော်ကြီးများ ဖြစ်သော ပြည်မင်းသား၊ ပခန်းမင်းသား၊ ပုဂံမင်းသား၊ မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့သည် ငယ်စဉ်ကတည်းက အပြိုင်အဆိုင် စင်ပြိုင်ပြီး ကြီးပြင်းလာကြရသည်။ သာယာဝတီမင်း မှ အင်းဝထီးနန်းကို သိမ်းပိုက်နိုင်ချိန်တွင် မင်းသားများကြားတွင် ပြိုင်ဆိုင်မူ မှာ ပိုမို ကြီးထွားလာကြလေသည်။ သားတော်အကြီးဆုံးမှာ ပြည်မင်းသားဖြစ်လေသည်။


Share:

သာယာဝတီမင်း ၏ နောက်ဆုံးရန်သူ

သာယာဝတီမင်း သည် မိမိ၏ တူတော်ညောင်ရမ်းမင်းသား ကို ကွပ်မက်ပြီးသည့်နောက် နေပြည်တော်တွင် လူထုထောက်ခံမူ ကျဆင်းလာလေ၏။ ပြည်သူထောက်ခံမူရရန်အတွက် ရဟန်းတော် ၄ ထောင်ကို နန်းတော်သို့ ပင့်ကာ ဆွမ်းလောင်းလှူ လေ၏။ ထိုပြင် အလှူ အဒါန်းများစွာကိုလည်း ပြု လုပ်လေ၏။ သာယာဝတီမင်း သည် နောင်တော့်မျက်နှာတော်ကြောင့်သာ မယ်နုကို ထောင်သွင်းမချခြင်းဖြစ်လေ၏။ မယ်နု ၏ မောင်တော် ဦးအို နှင့် အပေါင်းအပါများကို ထောင်သွင်းချထားလေသည်။ ထိုပြင် ဦးအိုတို့ ပိုင်ဆိုင်သမျှ ကိုလည်း သိမ်းလိုက်သဖြင့် ဦးအို၏ သမီးများ သည် အင်းဝမြို့ ဟောင်းတွင် တောင်းရမ်းသည့် ဘ၀ သို့ ရောက်သွားလေ၏။ ဘုရင့်အမိန့်ရှိသဖြင့် မည်သူမှ မကူညီဝံ့ကြပေ။

Share:

ကံမကောင်းရှာသော စကြာမင်းသားလေး

အေဒီ ၁၈၃၇ ၊ ၄ လပိုင်း၊ ၃၀ ရက်နေ့ တွင် သာယာဝတီမင်း မှ ကုန်းဘောင်ထီးနန်း ကို သိမ်းပိုက်ကာ ဘုရင် အဖြစ် ဘိသိတ်ခံတော်မူလေသည်။ ခေတ်ပြိုင် မင်းများမှာ
 ဗြိတိန်တွင် ၀ိတိုရိယ ဘုရင်မ- Queen Victoria ,1837 June 20 - 1901 Jan 22 ( အိန္ဒိယ နိုင်ငံ နှင့် မြန်မာ နိုင်ငံ ၏ ဘုရင်မ ဖြစ်ခဲ့သူ ) ,
တရုတ်ပြည်တွင် Daoguang Emperor - 1820 Oct 3 - 1850 Feb 25 ( ၈ ယောက်မြောက် မန်ချူး ဧကရာဇ် - ဗြိတိန် နှင့် ဘိန်းစစ်ပွဲ ( First Opium War) ဖြစ်ပွားခဲ့ပြီး မန်ချူးတရုတ်ရူံးနိမ့်ကာ ဟောင်ကောင် ကို ဗြိတိန်သို့ ပေးအပ်လိုက်ရ )

Share:

သာယာဝတီမင်းသား မှ အင်းဝထီးနန်းကို သိမ်းပိုက်နိုင်ခြင်း

အေဒီ ၁၈၃၇၊ ၃ လပိုင်း၊ ၆ ရက်တွင် သာယာဝတီမင်းသား၏ စစ်ဗိုလ်မှူး ဖြစ်သူ မဟာမင်းလှမင်းခေါင်ကျော် မှ စိုင်နံရွာ ခံတပ်ကြီး ကို စစ်သုံးမျက်နှာ ဖိပြီး တိုက်ခိုက်လေသည်။ တိုက်ပွဲ မှာ ပြင်းထန်ပြီး နောက်ဆုံး စိုင်နံရွာခံတပ်ရှိ ဘကြီးတော်တပ် မခံနိုင်တော့ဘဲ ပရမ်းပတာ ဖြစ်ကုန်လေ၏။ ထိုစဉ် စစ်ကူရန် ချီတက်လာသော ပင်းတလဲမင်းသား တပ်မှ အင်းဝဘုရင့် ၀တ်စုံ ရဲမက်များစွာ ပရမ်းပတာ ပြေးနေသည်ကို မြင်သဖြင့် အားလုံး ကို ပြန်လည် စုရုံးပြီး ရွှေဘိုရှိ သာယာဝတီမင်းသားကို တိုက်ရန် ချီတက်လေသည်။


Share:

ညီနောင် နှစ်ပါး ၏ စစ်ပွဲ

သာယာဝတီမင်းသား သည် စလင်းစား မင်းသားမောင်အို တို့ အုပ်စု၏ အကြံအစည်ကို ရိပ်မိသဖြင့် နေပြည်တော်မှ ထွက်တော်မူရာ ဘုရင်ကို ပုန်ကန်သူ အဆင့်သို့ ရောက်ရှိသွားလေသည်။ မင်းသားမောင်အိုလည်း ထို အခွင့်အရေးကို လက်လွတ်မခံဘဲ ဘုရင့်တပ် အင်အား ၂ ထောင်ကျော်ဖြင့် သာယာဝတီမင်းသားကို ဖမ်းရန် စေခိုင်းလေသည်။

သာယာဝတီမင်းသား အင်းဝနေပြည်တော်မှ အောင်မြင်စွာ ထွက်တော်မူနိုင်သော် နန်းတွင်းရှိ မင်းသား၏ ၀န်စာရေးကြီး နှင့် မင်းသားကို သစ္စာရှိသော အမတ်များကိုဖမ်းဆီးကာ ထောင်ထဲတွင် သတ်ပစ်လိုက်ကြလေ၏။ ထိုပြင် နှမတော် ပုဂံမင်းသမီး အိမ်တော်ကိုလည်း ၀င်စီးကာ မင်းသမီး နှင့်တကွ အိမ်သားများ၊ ကျွန် များကို ဖမ်းဆီး ထောင်ချလေ၏။

Share:

သာယာဝတီမင်းသား ပုန်ကန်ရခြင်းအကြောင်း

ဘကြီးတော်ဘုရားသည် ၁၈၂၉၊ ၅ လ၊ ၃ ရက်နေ့ မနက် ညီလာခံတွင် ခေတ်အဆက်ဆက်က ဘုရင်များ၏ ရာဇ၀င်တော်ကြီးကို ရေးသားလိုစိတ်ရှိကြောင်း ထုတ်ဖော်လေ၏။ ထိုချိန်က စဉ့်ကိုင်သဌေးသား မောင်ကုလား ရေးသားသော ရာဇ၀င်ကြီး ရှိနေပြီးဖြစ်သည်။ သို့သော် ဘုရင်မှ ပြုစုလိုသဖြင့် အမတ်များနှင့် တိုင်ပင်ရာ မှန်နန်းရာဇ၀င်တော်ကြီး ဆိုပြီး ထွက်ပေါ်လာလေသည်။

ဘကြီးတော်သည် ဘုရားတည်ခြင်း၊ တိုင်းခန်းလှည့်ခန်း များကိုသာ ပြုမူနေပြီး တိုင်းရေးပြည်မူများကို စလင်းစား မင်းသားမောင်အို နှင့် အပေါင်းအပါတို့မှ ဆောက်ရွက်လေသည်။ ဘကြီးတော်သည် အသက်အရွယ်ကြီးရင့်လာပြီး မကျန်းမမာဖြစ်လာလေ၏။ ကိန်းခန်းအရ ရွှေနန်းတော်၏ ဥယျာဉ်တော်တွင် ယာယီတဲနန်းကို ဆောက်လုပ်ကာ ထိုနေရာတွင် စံမြန်းလေ၏။

Share:

သမိန်ပရူခံ ငစပ်၏ ပုန်ကန်မူ

ပထမ-အင်္ဂလိပ် ကျူးကျော်စစ် အပြီးတွင် ဘကြီးတော်ကို လူထုထောက်ခံမူ ကျဆင်းလာလေသည်။ ဘကြီးတော် သည်လည်း တိုင်းပြည်အရေးကိစ္စအ၀၀ လျစ်လျူ ရာမှ မင်းသားကြီး မောင်အို နှင့် မိမိ၏ မိဖုရားခေါင်မယ်နု တို့ထံ အလုံးစုံသော အာဏာ အလိုလို ရောက်လာသလို ဖြစ်သွားလေ၏။ မောင်အို တို့ အုပ်စု သည် ကျန်ရှိနေသေးသော မြို့ ရွာများက စည်ပင်အောင် တနည်းအားဖြင့် လူထု ထောက်ခံမူ ပြန်ရအောင် ကြိုး ပမ်းကြလေ၏။
Share:

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

Share:

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး သံမှူး John Crawfurd ၏ ဘကြီးတော်ဘုရား ညီလာခံ မှတ်တမ်း

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်းဝနေပြည်တော်သို့ လာရောက်သော သံမှူး John Crawfurd ၏ မှတ်တမ်း ကို လေ့လာနိုင်စေရန် တင်ပြလိုက်ရပါသည်။

ကျွန်တော်တို့ သံအဖွဲ့ကို ရှေ့တော်သို့မ၀င်မီ လွှတ်တော်၏ အရှေ့တွင်ရှိသော အဆောင်တခုတွင် နားနေကြရန် နေရာထိုင်ခင်း ပေးပါသည်။ လွှတ်တော်မှာ ကျွန်းသားနှင့် ဆောက်လုပ်ထားသော ဇရပ်ကြီး ဖြစ်သည်။ ရွှေချခြင်း၊ ပန်းပုလက်ရာတို့နှင့် မွမ်းမ့ခြင်း မရှိပါ။ ထရံများလည်း မရှိပါ။ ဘန်ကောက်မြို့ တော်တွင် ယိုးဒယားဘုရင် ၏ ရှေ့တော်သို့ ၀င်ခဲ့စဉ်က ကျွန်တော်တို့ ခေတ္တရပ်နားခဲ့သော ဗိမာန်မှာ ယခုရုံးတော်ထက် အပုံကြီး သာပါသည်။

Share:

အင်္ဂလိပ်-ကုန်းဘောင် ပထမ စစ်ပွဲ

 အိန္ဒိယဘုရင်ခံချူ ပ် လော့အမ်းမှတ် ( Lord Earl Amherst) မှ ၁၈၂၄ မတ်လ ၅ ရက်နေ့ တွင် ကုန်းဘောင်အင်ပါယာ နှင့် တရားဝင် စစ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစစ်ကြေညာစဉ် ကုန်းဘောင်အင်ပါယာ ၏ စစ်သူကြီး  မဟာဗန္ဓုလ သည် ရခိုင်နယ်စပ်တွင် ရောက်ရှိနေပြီး ရှင်မဖြူ ကျွန်းအရေးကို စစ်နှင့် ဖြေရှင်းနေချိန်ဖြစ်သည်။ အင်းဝလွှတ်တော် တွင်လည်း အထူးအရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ယူကြပြီး အင်္ဂလိပ်ကို ခုခံရန် ဆွေးနွေးကြရလေ၏။ 

 စစ်သေနာပတိ ဖြစ်သည့် မဟာဗန္ဓုလ ၏ ကွပ်ကဲမူ အောက်တွင် ရှိသော တပ်မ သည် ထိုခေတ်က အကောင်းဆုံး တပ်ဟု ဆိုနိုင်၏။  မဟာဗန္ဓုလ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ပြီး အမြဲတမ်းစစ်တပ် မထားရှိသည့် ကုန်းဘောင်ခေတ် တွင် အကောင်းဆုံးသော အရည်အသွေး ရှိသော စစ်တပ်ဖြစ်ခဲ့သည်။ ထိုတပ်မ ဖြင့်  မဟာဗန္ဓုလ သည် ပန်းဝါ(ရာမူး) တိုက်ပွဲ တွင် ဗြိတိသျှ တပ်များကို အနိုင်တိုက် နိုင်ခဲ့သည်။ 

Share:

အာသံ အရေးအခင်း

ဘကြီးတော်သည် လွှတ်တော်ကို တက်လေ့မရှိပေ။ ကိစ္စအရပ်ရပ်အားလုံးကို မင်းသားမောင်အိုမှ ဆုံးဖြတ် ၏။ လွှတ်တော်ရှိ အိမ်ရှေ့မင်းသား ပလ္လင်ပေါ်တွင် ထိုင်ကာ အမိန့်ပေးခြင်း၊ ဘုရင့်အမိန့်တော်ပြန်ခြင်း များကို ဘုရင်သဖွယ်ပြု မူ၏။ ထိုကြောင့် သာယာဝတီမင်းသား ၏ အုပ်စုမှ ကြိုက်နှစ်သက်ခြင်း မရှိပေ။ သာယာဝတီ မင်းသားလည်း မောင်အို၏ ပြုမူချက်များကို မတွေ့လိုသဖြင့် လွှတ်တော်ကို တက်လေ့မရှိတော့ပေ။

နန်းတွင်း ထဲတွင် အင်အားအနည်းဆုံး မင်းသားမှာ စကြာကိုယ်တော် ခေါ် ညောင်ရမ်းမင်းသားလေး ဖြစ်သည်။ မယ်နု တို့ အုပ်စု တွင် စစ်သူကြီး မဟာဗန္ဓုလ၊ မြ၀တီမင်းကြီး ဦးစ အစရှိသည့် ထူးချွန်ထက်မြက်သည့် သူများ ရှိနေသည်။ 

Share:

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။
Share:

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

Share:

ဘိုးတော်ဘုရား နတ်ရွာစံခြင်း

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီးကို မိမိ နတ်ရွာစံမစံခင် ပြီးစီးစေရန် နေ့ရောညပါ လူသူ အင်အား မြောက်မြားစွာ သုံးကာ ဆောက်လုပ်သဖြင့် ပြည်သူများ ပင်ပန်းကြရကုန်၏။ ထိုပြင် ဘိုးတော်ဘုရား မှ ပြည်သူများကို အခစား ပေးကာ ခိုင်းစေသော်လည်း အရာရှိများမှ အခကြေးငွေကို ခေါင်းပုံဖြတ်ကြသဖြင့် မသိသော ပြည်သူများမှ ဘုရင့်ကို စိတ်နာကြဉ်းကြလေကုန်၏။ ထိုကြောင့် မင်းကွန်းပုထိုးတော်ပြီးလျှင် ဘုရင် နတ်ရွာစံမည် ဟူသော သဘောင် ပြည်သူများအကြား ရေပန်းစားလာလေ၏။ 
Share:

ဘိုးတော်ဘုရား၏ အချစ်ဆုံးမြစ်တော် ညောင်ရမ်းမင်းသား(စကြာမင်းကလေး)

ခရစ်နှစ် ၁၈၁၂၊ ၉ လပိုင်း၊ ၂၄ ရက်တွင် အမရပူရ နန်းတော် ဘုရင့်ဥယျာဉ်တော် အတွင်းရှိ ကသစ်ဖြူ ပင် ၏ အရွက်များ အကိုင်းများမှ ရေများ ပန်းပန်းထွက်သဖြင့် ဘိုးတော်ဘုရားကိုယ်တော်တိုင် သွားရောက်ကြည့်ရူ၏။ ထိုစဉ်က အမရပူရနေပြည်တော် တ၀ှက်တွင် မကြုံ ဖူးသော ငလျင်ငယ်များစွာ အကြိမ်ကြိမ် လူပ်လေ့ ရှိ ၏။ ပညာရှိများက စစ်ကိုင်းမင်းသား ၏ မိဖုရား ဆင်ဖြူ မယ် တွင် ဘုန်းကံကြီးသူ တဦး သန္ဓေယူနေကြောင်း တွက်ချက်ကြ၏။ ဘိုးတော်ဘုရားအိပ်မက်၊ ငလျင်နိမိတ်၊ များအပေါ်မူတည်ပြီး တွက်ကြခြင်း ဖြစ်၏။

Share:

ဆင်ဖြူ ကြို ပွဲ အီတာလျံ ကိုယ်တွေ့

လိုင်မြို့ က ဖမ်းမိသော ၀ါဂွမ်းကဲ့သို့ ဖြူ သော ဆင်ဖြူ တော်မ ကို ဘိုးတော်ဘုရားမှ သီရိမလ္လာမဟာ ဘွဲ့ ချီးမြင့်ထား၏။ ထိုအချိန်တွင် မြန်မာပြည်ကို သာသနာပြု ရန် ရောက်ရှိနေသော အီတာလျံ ဘုန်းတော်ကြီး စန်ဂါမနို (Sanagarmano) ၏ မြန်မာ့အင်ပါယာ အကြောင်း စာအုပ်တွင် စိတ်ဝင်စား ဖွယ် တင်ပြထားသည့်အတိုင်း
ကောက်နုတ်တင်ပြပါမည်။

ဆင်ဖြူ တော် မြင့်မြတ်ပုံကို မြန်မာတို့ အဘယ်မျှ အယူသီးစွာ လေးစားသည်မှာ အမရပူရ နေပြည်တော်တွင် ကျွန်တော် မျက်မြင် ဖြစ်ခဲ့ပါသည်။ ဆင်ဖြူ တော်ကို ဖမ်းမိပြီ ဆိုသည်နှင့် အနီရောင်ကြိုး များ ချည်နှောင်စေလျက် ဆင်အကြောင်း ကျွမ်းကျင်နားလည်သော မင်းမူထမ်းများကို စေလွှတ် စောင့်ရှောက်စေသည်။ နေပြည်တော်တွင် မင်းညီမင်းသားနှင့် တန်းတူဖြစ်သော တန်ဆောင်းတော်(ဆင်တင်းကုပ်) ကိုလည်း အမြန် ဆောက်လုပ်စေသည်။

Share:

နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်

ထားဝယ်ကို လာတိုက်သော ယိုးဒယားတို့ကို အောင်မြင်စွာ တွန်းလှန်နိုင်သော အိမ်ရှေ့မင်းသား ကို ဘိုးတော်ဘုရားမှ အလွန်သဘောတော်ကျကာ မိမိ၏ သားတော်ကို ဘုရင်နီးပါး အာဏာရှိသောရာထူးကို ပေးသနား တော်မူလေသည်။ ဘိုးတော်ဘုရားမှာမူ မင်းကွန်းတွင် ပုထိုးတော်ကြီး ဆောက်လုပ်ရေးကိုသာ အာရုံစိုက်ကာ နေလေ၏။
Share:

ဘိုးတော်ဘုရား မှ မင်းကွန်းပုထိုးတော်ကြီးကို စတင်ဆောက်လုပ်ခြင်း

ဘိုးတော်ဘုရားသည် ဒုတိယအကြိမ် ယိုးဒယားကို ချီတက်စေရာတွင် ဇင်းမယ်နယ်ဘက်ကို အရင် ချီတက် တိုက်ခိုက်စေလေ၏။ ၀န်ကြီး မဟာဇေယျသူရ ဦးဆောင်ပြီး ချီတက်ခြင်းဖြစ်သည်။ ကျို င်းတုံမှတဆင့် ဘားသင်မြို့ ကို စတင်တိုက်ခိုက်လေသည်။ သို့သော်လည်း ယိုးဒယားဘက်မှ အပြင်းအထန် ခုခံသဖြင့် မြို့ ကို မသိမ်းပိုက်နိုင်ပေ။ ၀န်ကြီး မဟာဇေယျသူရ တပ်များသည် ဇင်းမယ်ရှိ မြို့ တော်တော်များများကို တပ်ကြောင်း ကြီးများ ခွဲကာ တိုက်ခိုက်သော ဗျူ ဟာကို သုံးကာ ၃ လနီးပါး တိုက်သော်လည်း တမြို့ မှ မသိမ်းပိုက်နိုင်ခဲ့ပေ။

Share:

ဘိုးတော်ဘုရား နှင့် တရုတ်သံအဖွဲ့ အကြောင်း

ဘိုးတော်ဘုရားသည် ယိုးဒယားကို  ပထမအကြိမ်ကျူးကျော်ရာတွင် မအောင်မြင်ခဲ့ပေ။ ဗိုလ်မှူးများလည်း မိဖုရားခေါင်ကြီး၏ ကျေးဇူးကြောင့် သေဒဏ်မပေးခံခဲ့ရပေ။ နေပြည်တော်ပြန်ရောက်သော် သိန္ဒီစော်ဘွားမှ ပေကျင်း တရုတ်သံများ ရောက်ကြောင်း လျှောက်တင်လာလေသည်။ ဘိုးတော်ဘုရားလည်း ထိုသံအမတ် ကို လက်ခံတွေ့ဆုံလေ၏။ ထိုသံအမတ်သည် ယခင် ဆင်ဖြူ ရှင်လက်ထက်က အကျဉ်းတန်ရူံးနိမ့်ခဲ့သော မန်ချူးတို့၏ ကျူးကျော်စစ်ကို သမိုင်းလှအောင် ပြန်လည် ရေးသားမည့် သံအမတ်များ ဖြစ်၏။ ပေကျင်းရှိ မှူးမတ်တဦး ၏ အကြံပေးမူဖြင့် ချန်လုံမှ လွှတ်သဖြင့် ရောက်လာခြင်း ဖြစ်သည်။

Share:

စိတ်လိုက်မာန်ပါ လုပ်တတ်သော ဘိုးတော်ဘုရား

ရခိုင်ကို သိမ်းပိုက်အောင်မြင်ပြီးသော် အိမ်ရှေ့စံမင်းသားကြီးသည် ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ကို ပင့်ဆောင်ရန် မှူးမတ်များနှင့်တကွ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် စံပယ်ရာ ကျောင်းတော်သို့ သွားရောက် ကာ အခမ်းအနားကြီးကျယ်စွာဖြင့် ပင့်ဆောင်ပါမည့်အကြောင်း ဂါထာတော်များ၊ စည်တော်များဖြင့် တီးခတ်ကာ ပူဇော်လျှောက်ထားလေသည်။ ထို့နောက် ပညာရှိများ၏ အကြံဥာဏ်ဖြင့် ရုပ်ရှင်တော်မြတ်ကြီးကို သေချာ လေ့လာပြီး ပင့်ဆောင်ရန် အစစရာရာ ပြင်ဆင်ကြရလေ၏။

Share:

ဓည၀တီပြည်ကြီးကို သိမ်းပိုက်ခြင်း

ဓည၀တီပြည်ကြီးသည် အလောင်းမင်းတရား လက်ထက်မှ စပြီး ကုန်းဘောင်းမင်းဆက်၏ အနှောက်အယှက် ကို မခံခဲ့ရပေ။သို့သော်ဘိုးတော်ဘုရားလက်ထက်တွင်မူ ယခင်အခြေအနေများနှင့် မတူတော့ပေ။ ဘိုးတော်ဘုရား သည် ဓည၀တီပြည်ကြီးကို သိမ်းပိုက်ရန် အမရပူရရွှေမြို့ တော်မှ အင်အား ၃၃၀၀၀ရှိသော တပ်
တော်ဖြင့် ချီတက်စေလေ၏။

Share:

ဘိုးတော်ဘုရား၏ ပထမဦးဆုံးသော စစ်ပွဲ

ဘိုးတော်ဘုရားသည် အင်းဝနေပြည်တော်ကို မနှစ်သက်ပေ။ အထူးသဖြင့် ရန်သူများက အင်းဝနန်းတော်၏ ပုံစံ၊ အဆောင်တော်များအကြောင်းကို သိနေသည်ဟု ဘိုးတော်ဘုရားမှ ယူဆ၏။ ထိုခေတ်က ဘုန်းကံကြီး သည်ဟု မိမိကိုယ်ကို ယူဆသော ဘုရင်များသည် မြို့ သစ်ထူထောင်လေ့ရှိ၏။ ဘိုးတော်ဘုရားလည်းထိုနည်းတူ ထီးပေါင်းကား အရပ်တွင် မြို့ သစ်တည်ရန် လေ့လာစေလေသည်။ လေ့လာရေးအဖွဲ့ ကို ဦးဆောင်သူမှာ ၀န်ကြီးမဟာစည်သူ ဖြစ်သည်။

Share:

နန်းတွင်း ပုန်ကန်မူများကြားက ဘိုးတော်ဘုရား

ဘိုးတော်ဘုရား သည် အင်းဝရွှေနန်းကို AD 1782၊ 2 လ၊ 11 ရက်နေ့တွင် သိမ်းပိုက်ကာ ဘိသိတ်ခံပြီး ဘုရင် လုပ်လေသည်။ ဘွဲ့တော်မှာ သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာ  ဖြစ်၏။ ဘုရင်ဖြစ်သော် မိမိ၏ ငယ်ကျွန်များကို ချီးမြှောက်တော်မူရာ ဦးပေါ်ဦးတို့လို ငယ်ကျွန် များသည် လွှတ်တော်ဝန်ကြီး နေရာကို ရရှိကြလေ၏။ နန်းသိမ်းပွဲတွင် ပါဝင်သော ဘက်တော်သားများကိုလည်း ငွေအသပြာ သုံးထောင်စီ ချီးမြင့်လေသည်။ ၀န်ကြီးချူ ပ်ဟောင်းဖြစ်သော မဟာသီဟသူရ ကို အင်းဝ လွှတ်တော်တွင် ၀န်ကြီး တနေရာ ပေးပြီး တိုင်းပြည်အုပ်ချူ ပ်ရာတွင် ကူညီရန် ဆိုသော်လည်း မဟာသီဟသူရ မှ လက်မခံ ပယ်ချခဲ့လေ၏။

Share:

အိမ်နိမ့်စံ ဗဒုံမင်းသားကြီး နှင့် ငယ်ကျွန်များ

ဘိုးတော်ဘုရား ဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ ငယ်နာမည်မှာ မောင်ဝိုင်း ဖြစ်သည်။ သူကို မွေးစဉ် အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီများ ၀ိုင်းရံနေသဖြင့် အလောင်းဘုရား မှ မောင်ဝိုင်း ဟု အမည်မှည့်ထားလေ၏။ ဗဒုံမြို့ ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟု လည်း မင်းအသိုင်းအ၀ိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရား သည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူ ရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။ သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀ နှင့် မထင်မရှား နေရလေ၏။

Share:

သွေးစွန်းခဲ့သော ကုန်းဘောင်ရာဇ၀င်

စဥ့်ကူးမင်းသည် ၀န်ကြီးချူ ပ် မဟာသီဟသူရ ၏ ကူညီမူဖြင့် ဘုရင်ဖြစ်လာသူဖြစ်၏။ ဘုရင် မဖြစ်ခင်က ကဗျာရေးဖွဲ့ခြင်း၊ သီချင်းဆိုခြင်း၊ အစရှိသည့် အနုပညာတွင်သာ မွေ့လျော်နေသူဖြစ်သဖြင့် စဥ့်ကူးမင်းကို အများမှ အထင်အမြင်သေးကြလေသည်။ သို့သော် ထိုအထင်အမြင်သည် စဥ့်ကူးမင်းနန်းတက်သော် ထက်တက်စင် လွဲလေတော့၏။

 AD 1777၊ 5 လပိုင်း၊ 22 ရက်နေ့ တွင် လွှတ်တော်တွင် ထူးခြားသော အမိန့်တခု ဖတ်ကြား စေခဲ့သည်။ စဥ့်ကူးမင်းမှာမူ လွှတ်တော်အစည်းအဝေးမတက်ပေ။ အမိန့်တော်ကား ၀န်ကြီးချူ ပ် မဟာသီဟသူရကို စစ်ကိုင်းသို့ နယ်နှင်ဒဏ်ပို့သော စာဖြစ်၏။ ထိုအပြင် မဟာသီဟသူရ၏ သမီးတော် မြောက်နန်း မိဖုရားကိုလည်း သေဒဏ်ပေးလေ၏။ ပေးရသော အကြောင်းအရင်းအမှန်ကို မည်သူမျှ မသိရှိရပေ။

Share:

တုံပူရီဘုရင် Taksin နှင့် ဆင်ဖြူ ရှင်

မန်ချူးတရုတ်များ ဆုတ်ခွာသွားပြီးနောက် ဆင်ဖြူ ရှင်သည် ဇရပ်ဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ဘုန်းတော်ကြီး ပြဿ      ဒ် များကိုဆောက်လုပ်လှူ ဒါန်းခြင်းများ ပြု လုပ်ကာ အေးချမ်းစွာ နေထိုင်လေ၏။ မန်ချူးကျူးကျော်စစ် အပြီးတွင် အင်းဝအင်ပါယာ၏ သတင်း၊ အထူးသဖြင့် ဆင်ဖြူ ရှင်၏ သတင်းသည် အနယ်နယ်အရပ်ရပ်သို့ ကျော်ကြားလေ၏။ AD 1771 , 6 လ , 7 ရက်နေ့ မနက်လင်းအားကြီးချိန်တွင် မကွေးမြို့ အနီးတောစပ်နား တွင် ဆင်ဖြူ တော် တွေ့ကြောင်း မြို့ သူ၊မြို့ သားများမှ မကွေးစားကို လျှောက်တင်ကြလေ၏။

Share:

ဧကရာဇ် ချန်လုံ၏ စတုတ္တကျူးကျော်စစ်

မန်ချူးတရုတ်များကို အောင်မြင်စွာ တော်လှန်နိုင်ပြီးနောက် AD 1768 ဧပြီလတွင် ပုဂံရှိ ရွှေစည်းခုံစေတီတော် သည်ငလျင်ကြောင့် ထီးတော်မြေခသဖြင့် ဆင်ဖြူ ရှင်မှ ထီးတော်အသစ်သွားရောက် တင်လှူ လေ၏။ ထိုသို့ တင်လှူ ပြီး ၆ လပိုင်းတွင် ငလျင်ပြင်းစွာ ထပ်လူပ်သဖြင့် ရွှေတိဂုံစေတီတော်သည် ပထမဖောင်းတိုင်ပြို ကာ ထီးတော်မြေခသဖြင့် ဆင်ဖြူ ရှင်မှ ရွှေတိဂုံစေတီတော်ဟောင်းကို ငုံကာ (ယခုလက်ရှိ ဥာဏ်တော်အတိုင်း) ပြန်လည်မြင့်တင်ပြီး ပြုပြင်တော်မူလေ၏။ ပြင်ဆင်ဖို့အတွက်လည်း ရွှေငွေများစွာကို ထုတ်ပေးလေ၏။ ထိုအချိန်တွင် ယူနန်တွင် ချန်လုံ၏ မင်းအတိုင်အပင်ခံ ၀န်ကြီးချူ ပ် Fuheng ရောက်ရှိနေပြီး အင်းဝကို ထပ်မံ ချီတက်ရန် ပြင်ဆင်နေပြန်လေ၏။

Share:

ဧကရာဇ် ချန်လုံ၏ တတိယကျူးကျော်စစ်

ဆင်ဖြူ ရှင် အုပ်ချူ ပ်နေသော ကုန်းဘောင်အင်ပါယာကို တရုတ်ဧကရာဇ် ချန်လုံသည် ၂ ကြိမ် တိုင်အောင် ကျူးကျော်စစ် ဆင်နွဲခဲ့သော်လည်း အောင်မြင်မူ မရခဲ့ပေ။ ထိုကြောင့် တတိယအကြိမ်တွင်မူ မိမိ၏ သားမက်တော် စစ်သူကြီး မင်ယွီကို ယူနန်ဘုရင်ခံ ခန့်အပ်ကာ ကုန်းဘောင်အင်ပါယာ၏ မြို့ တော်ဖြစ်သော အင်းဝကို သိမ်းပိုက်ရန် ပေကျင်းမှ ဘုရင့်စစ်သည်ရဲမက် ၇ သောင်းကျော် ဖြင့် ချီတက်စေလေ၏။ မင်ယွီသည် သာမန် စစ်ဗိုလ် တဦး မဟုတ်ပေ၊ စစ်တိုက်ရာတွင် အလွန်တော်သဖြင့် ချန်လုံမှ မိမိ၏ သမီးဖြင့် လက်ဆက်စေကာ မင်းသားဘွဲ့ အထိ ချီးမြင့် ခံရသူဖြစ်၏။ (သားမက်ဟုဆိုသော်လည်း အိမ်ရှေ့စံမင်းသားမဟုတ်ပေ)

Share:

ဧကရာဇ် ချန်လုံ ၏ ဒုတိယကျူးကျော်စစ်

ယူနန်ဘုရင်ခံ သည် ယခင် ဘုရင်ခံဟောင်း ချီတက်ပုံကို သေချာလေ့လာပြီး မိမိအလှည့်တွင် ဗန်းမော် နှင့် သိန္ဒီမှ တဆင့် ၀င်ကာ တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ပေကျင်းမှလည်း စစ်သည်ရဲမက်အင်အား ၄ သောင်းကျော် အထိ ပံ့ပိုးပေးပြီး ယူနန်တွင် အခြေချကြလေ၏။ ယူနန်ဘုရင်ခံအသစ်၏ ဗန်းမော်မှ တဆင့် ချီတက်မည့်အကြောင်းကို ဆင်ဖြူ ရှင်တို့ အရင်သိရလေသည်။ တရုတ်ကုန်သည် မှတဆင့် မြန်မာကုန်သည်၊ ထိုမှတဆင့် မှူးမတ်များ သိရှိလေရာ လွှတ်တော်တွင် ဘုရင်ကို လျှောက်တင်ကြလေ၏။
Share:

တရုတ်ဧကရာဇ် ချန်လုံ ၏ ပထမကျူးကျော်စစ်

ဆင်ဖြူ ရှင်မင်းမှ ယိုးဒယားကိုမဟာဗျူ ဟာအသစ်ဖြင့် ချီတက်စေသည့်အချိန် AD 1765 နှစ်တွင် ဂုံရှမ်းတို့ ဌာနေဖြစ်သော ကျို င်းတုံမြို့ သို့ မန်ချူးတရုတ်တပ်များ စတင်ကျူးကျော်လေ၏။ တရုတ်ပြည်ကို အုပ်စိုးနေသော မင်းမှာ ဧကရာဇ် ချန်လုံ (Qianlong 1735-1796) ဖြစ်သည်။ သူ့လက်ထက်တွင် တရုတ်ပြည်သည် အလွန်အမင်း တိုးတက်ဖွံ့ဖြိုးနေပြီး ဘုရင့်ရွှေတိုက်သည်လည်း အခွန်များကြောင့် ရွှေငွေရတနာများ အလွန်အမင်း များပြားနေသည်။ ချန်လုံ၏ အိပ်မက်သည် အာရှတခွင်လုံးကို မန်ချူးအင်ပါယာသို့ သွတ်သွင်းလိုသည်။ ထိုကြောင့် ငွေကြေးအရလည်း အင်အားကြီး၊ စစ်ပွဲတိုင်းလည်း အနိုင်ရနေသဖြင့် ချန်လုံသည် မြန်မာနယ်စပ်တွင် ပြဿနာ ဖြစ်သော် ထိုအကြောင်းပြချက်လေးတခုဖြင့်  မြန်မာကို ချီတက်ရန် ဆုံးဖြတ်လေ၏။

Share:

ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ

ဆင်ဖြူ ရှင်မင်းသည် ယိုးဒယားသို့ ကိုယ်တော်တိုင် ချီတက်ခြင်းမပြုဘဲ မိမိ၏ လက်ရွေးစင် စစ်သူကြီး နှစ်ဦး ဖြစ်သည့် နေမျိုးသီဟပတေ့ နှင့် မဟာနော်ရထာ တို့ကို ချီတက်သိမ်းပိုက်ခိုင်းခဲ့သည်။ မိမိ၏ ဗျူ ဟာကိုသာ ချပြ ခဲ့ပြီး လက်ရွေးစင် စစ်သူကြီးနှစ်ဦးမှ အကောင်အထည်ဖော် ဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်း ဇင်းမယ်ကြောင်းကို ချီတက်သော နေမျိုးသီဟပတေ့သည် ၁၇၆၄ နှစ်၊၁၀လပိုင်း၊၃၁ ရက်နေ့တွင် လင်းဇင်းမြို့ နှင့်တကွ မြို့ ကို အနိုင်ရလေ၏။ လင်းဇင်းမင်း၏ သမီးတော်များ၊အမတ်များ၊ ရွှေငွေ၊ အမြှောက်သေနတ်၊ တိုက်ဆင်တို့ကို နေပြည်တော်သို့ အဆက်အသ လွှတ်လေ၏။

Share:

အလောင်းမင်းတရား၏ စကားကိုပယ်သော မောင်ရွ (ခေါ်) ဆင်ဖြူ ရှင်

မြေဒူးမင်းသားသည် အေဒီ ၁၇၆၃၊ ၁၁ လ ပိုင်း၊ ၂၃ ရက်နေ့တွင် ရွှေဘိုထီးနန်းကို တရားဝင် သိမ်းပိုက်ကာ ဘိသိတ်ခံတော်မူလေ၏။ ၆ လကြာမှ တရားဝင် နန်းတက်ခြင်းဖြစ်လေ၏။ ထို ၆ လအတွင်း ရွှေမြို့ တော်တွင် မိမိ၏ တန်းခိုးသြဇာကြီးမားလာအောင် တည်ဆောက်နေရ၏။ နောင်တော်မင်းကြီး ရုတ်တရက် နတ်ရွာစံ မူကြောင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ စားရွာစားများ မပုန်ကန်အောင် မြေဒူးမင်းသားမှ ဆောင်ရွက်၏။ နန်းတော်အတွင်းအပြင် အကုန်လုံး မိမိယုံကြည်ရသူများကိုသာ ခန့်အပ်၏။

Share:

နောင်တော်ကြီးမင်း၏ နောက်ဆုံးည

နောင်တော်ကြီးမင်းမှ မင်းခေါင်နော်ရထာပုန်ကန်မူကို တိုက်ခိုက်နေစဉ် မသိလိုက်သော အဖြစ်အပျက်တခုမှာ သူ၏ညီတော် မြေဒူးမင်းသားမှ ယိုးဒယားမှ အပြန်တွင် သစ္စာဖောက်ခြင်းကိစ္စဖြစ်သည်။ မြေဒူးမင်းသားသည် အလွန်ရည်ရွယ်ချက်ကြီးသော မင်းသား တဦးဖြစ်ပြီး ခမည်းတော် ဦးအောင်ဇေယျနှင့် စစ်ပွဲတိုင်းတွင် ၀င်တိုက်ခိုက်ဖူးပြီး မိမိကိုယ့်ကို အလွန်အထင်ကြီးသော မင်းသားတဦးလည်းဖြစ်၏။ ယိုးဒယားမှ ဆုတ်ခွာလာချိန် မုတ္တမအရောက်တွင် မိမိနှင့်အတူတကွ ပါလာသော စစ်ဗိုလ်မှူးများကို သစ္စာပေး၏။ စစ်ဗိုလ်မှူးများလည်း သစ္စာခံသည်။ သို့သော် မင်းခေါင်နော်ရထာမှ သဘောမတူဘဲ နောင်တော်ကြီးကိုသာ သစ္စာခံရန် တိုက်တွန်း၏။

Share:

နောင်တော်ကြီးမင်း နှင့် သခွားယာခင်းရှင်

နောင်တော်ကြီးမင်းသည် မာန်မာန နည်းသောမင်းဖြစ်၏။ ရွှေဘိုနှင့်စစ်ကိုင်း နှစ်မြို့ ကို အချိန်မရွေး ပြောင်းစံ လေ့ရှိ၏။ မိမိ၏ မြင်းသည် မြင်းကောင်းဖြစ်သဖြင့်" ငါ စစ်ကိုင်းသွားအုံးမည် (သို့) ငါ ရွှေဘို သွားဦးမည် " ဟု ဆိုပြီး ရုတ်တရက် မြင်းစီး၍ ထွက်လာတတ်၏။ ထိုအခါမှ စစ်သည်ရဲမက် နောက်လိုက်များမှာ ကပျာကသီ မြင်းပြင်၍ လိုက်ရသဖြင့် မမီသည်က များ၏။

တခါသော် စစ်ကိုင်းမှ ရွှေဘိုသို့ အပြန် နောက်လိုက်နောက်ပါ အခြွှေအရံများ ဝေးလံစွာ ကျန်ရစ်နေသဖြင့် မိမိတပါးတည်း ခေါတော်အရပ်သို့ ရောက်လာလေ၏။ ထိုအရပ်တွင် သခွားယာခင်းတစ်ခင်း တွေ့လျှင် ဆာလောင် သဖြင့် မြင်းကို ယာခင်းပြင်ဘက်မှာ ချိတ်ထားပြီး ယာတွင်းသို့ ၀င်ကာ ယာရှင် ယောက်ျားအား သခွားသီး စားပါရစေ ဟု ကောင်းမွန်စွာ တောင်း၏။ ယာရှင်လည်း ကြည့်လိုက်ရာ သာမန် ခရီးသွားသူတစ်ဦး လို့သာ ထင်သဖြင့် "အလိုရှိသမျှ စားလေ၊အပင် အနွယ် အကင်းတို့ကို မပျက်စေနှင့် "လို့ ဆိုလေ၏။

Share:

မင်းခေါင်နော်ရထာ၏ နေ၀င်ချိန်

နောင်တော်ကြီးမင်းသည် စစ်ကိုင်းအရောက်ချီတက်ပြီးလျှင် အင်းဝမြို့ ကို ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင် လေ၏။ ဘုရင့်တပ်များသည် အင်းဝမြို့ ရိုးကို ဖြတ်ပြီး မြို့ တွင်းသို့ ၀င်နိုင်ကြ၏။ သို့သော် မြို့ တွင်းတွင် မင်းခေါင်နော်ရထာကို မြင်လျှင် ကြောက်ရွံသဖြင့် ထွက်ပြေးကြပြီး မြို့ ပြင်ကသာ ရံ၍ နေကြလေသည်။ ထိုသို့ ရံထားစဉ် မင်းခေါင်နော်ရထာမှ မြို့ တွင်းမှ ထွက်တိုက်ရာ ရံထားသော တပ်များ ကစဥ့်ကလျား ထွက်ပြေးကြ ရလေ၏။

Share:

ပဒေသရာဇ်၏ သားကောင်ဖြစ်ရသူ မင်းခေါင်နော်ရထာ

နောင်တော်ကြီး ၏ လျှို့ ဝှက်အမိန့်တော်အရ မင်းခေါင်နော်ရထာကို အရှင်ဖမ်းရန် တောင်ငူမြို့ ၀န် မှ ပြင်ဆင် လေ၏။ မင်းခေါင်နော်ရထာကို ဘုရင်မှ ဒီအတိုင်းချီတက်လာရန် အမိန့်တော်ပေးထားရာ မင်းခေါင်နော်ရထာလည်း သတိကြီးစွာဖြင့် ချီတက်လာနေပြီး တောင်ငူမြို့ အနီးတွင် စခန်းချလေသည်။ တောင်ငူမြို့ ဝန် သတိုးသင်္ခသူ လည်း မြို့ ပြင်တွင် စခန်းချနေသော မင်းခေါင်နော်ရထာကို မိမိ အိမ်တော်တွင် ဆွမ်းကပ်မည်ဖြစ်ရာ လာလိုလျှင် လာရောက်ပြီး တရားနာပါရန် ဖိတ်ခေါ်လေ၏။

Share:

ဦးတွန်(ခေါ်) မင်းခေါင်နော်ရထာ မှ ပုန်ကန်ရခြင်းအကြောင်း

ရွှေဘိုထီးနန်းကို စတင်တည်ထောင်သူ (သို့) ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ ဦးအောင်ဇေယျ သည် ယိုးဒယားမြို့တော်အယုဒ္ဒယကို ၀ိုင်းရံနေစဉ် နေမကောင်းသဖြင့် ဆုတ်လာရာ အပြန်လမ်းတွင် နတ်ရွာ စံတော်မူလေခဲ့သည်။ နတ်ရွာစံသော် သားတော်အိမ်ရှေ့မင်းသား မောင်လောင် (ခေါ်) နောင်တော်ကြီးဘုရား သည် ရွှေဘိုထီးနန်းကို သိမ်းကာ ဘုရင်အဖြစ် ဘိသိတ်ခံတော်မူလေ၏။

နောင်တော်ကြီးဘုရားသည် ပင်ကိုစရိုက်သည် ရိုးရိုးအေးအေး နေတတ်၏။ ဘုရင်ဖြစ်သော် ဖမည်းတော် မှာထားသည့်အတိုင်း မိမိ၏ ညီတော် (နောင်အခါ ဆင်ဖြူ ရှင်မင်း) ကို အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းလေ၏။  နောင်တော်ကြီး ဘုရင်အဖြစ် နန်းတက်သော် နန်းတွင်းအရေးအခင်း တခု ဖြစ်ပွားလေသည်။ ထိုအရေးအခင်းသည် မြန်မာ့သမိုင်းတွင် အလွန်အရေးပါသော အရေးအခင်းဖြစ်လေ၏။

Share:

အလောင်းမင်းတရား၏ နောက်ဆုံးတိုက်ပွဲ

ဟံသာဝတီပဲခူးကို အောင်နိုင်တော်မူလျှင် အလောင်းမင်းတရားသည် အေဒီ ၁၇၅၇၊ ၇ လပိုင်း ၁၂ ရက်နေ့ တွင် ရန်ကုန်မှတဆင့် နေပြည်တော်ဖြစ်သော ရတနာပူရရွှေဘိုသို့ ဆန်တက်လေ၏။ ဆန်တက်ပြီး တလ အ ကြာ တွင် နေပြည်တော်သို့ ရောက်လေ၏။ အနယ်နယ်အရပ်ရပ်မှ လူသူများစွာ လာရောက်အခြေချသဖြင့်
မြို့ တော်ကြီးကို ပြန်လည် အသစ် ချဲ့ ရလေ၏။

Share:

အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း

အလောင်းမင်းတရားသည် ဟံသာဝတီပဲခူးကို ၀ိုင်းရံနေရာမှ မြို့ ၏ တာရှစ်ရာအကွာ တွင် ဇေတုဝတီမြို့ ကို စတင် တည်ဆောက်လေသည်။ မြို့ တည်ဆောက်မူကို ကိုယ်တော်တိုင် ကြီးကြပ်လေ၏။ အေဒီ ၁၇၅၆ ၁၂ လပိုင်း ၇ ရက်နေ့ နံနက်မိုးသောက်အချိန်တွင် မွန်အမာခံ တပ်သား ၅ ထောင်ကျော် ကို စစ်သူကြီး တလပန်း ကွပ်ကဲပြီး မြို့ ပြင်တွင် ၀ိုင်းရံနေသော တပ်များကို ရုတ်တရက်ဝင်တိုက်သဖြင့် ရွှေဘိုတပ်သား အများအပြား ကျရူံးရလေ၏။

Share:

အလောင်းမင်းတရား၏ ဟံသာဝတီမြို့  သိမ်း တိုက်ပွဲ (၁)

သန်လျင်ခံတပ်ကျလျှင် ဟံသာဝတီမှ မွန်ဘုရင်၏ သမက်တော် စောဗြ နှင့် မတ္တရာဗိုလ် ပယ်ကျော် တို့ကို ကမာပီအရပ် နှင့် ပိုင်ကြုံဝအရပ်တွင် ခံတပ်အကြီးအကျယ်ဆောက်ကာ အလောင်းမင်းတရား၏ တပ်ကို ခုခံ ရန်ပြင်ဆင်တော့၏။ မင်းတရားလည်း ရန်ကုန်တွင် အနားယူပြီး ကမာပီ ခံတပ်နှင့် ပိုင်ကြုံ ၀ ခံတပ်ကို
ပြင်းပြင်းထန်ထန်တိုက်မှ အောင်မြင်လေ၏။ တပ်သားများစွာလည်း ကျရူံးလေသည်။ မြစ်ကြီးများလည်း ကျရူံးသော စစ်သားများမှ စီးသော သွေးများကြောင့် ၃ ရက်တိုင်အောင် သွေးရောင်သန်းနေလေ၏။

Share:

အလောင်းမင်းတရားမှ သန်လျင်ခံတပ်ကို တိုက်ခိုက်ခြင်း

အလောင်းမင်းတရား နေပြည်တော်သို့ ပြန်လည် ဆန်တက်ကြောင်း သတင်းကြားသိလျှင် တလပန်းနှင့် မတ္တရာဗိုလ်ပယ်ကျော်တို့သည် မြို့ သစ်ဖြစ်သော ရန်ကုန်ကို လာရောက်တိုက်ခိုက်ကြလေ၏။ သို့သော် ရန်ကုန်မြို့ စောင့်မင်းလှမင်းခေါင်မှ အပြင်းခုခံသဖြင့် မြို့ ကို သိမ်းနိုင်ခြင်းမရှိပေ။ အလောင်းမင်းတရားသည် ရှမ်းစော်ဘွားများကို သွားရောက် သိမ်းသွင်းနေသော သေနတ်ဝန်မင်းကို အလျင်အမြန်ဆင့်ခေါ်လေ၏။

Share: