Skip to main content

ဦးအောင်ဇေယျ နှင့် ဦးချစ်ညို

မုဆိုးဘိုသူကြီး ဦးအောင်ဇေယျသည် အင်းဝဘုရင် ဟံသာဝတီသို့ ပါပြီးနောက် မိမိ၏ ရွာကို ထန်းတပ် ခံတပ် အဖြစ်သို့ တိုးမြင့်ပြီး မိမိ၏ ရည်မှန်းချက်ကို စတင်အကောင်အထည်ဖော်ပြီး ဖြစ်နေလေ၏။ ဦးအောင်ဇေယျသည် အင်းဝမပျက်မီ ၁၀ ခန့်က ထွက်ပေါ်သော ဖို ၃ ဖို တဖို မီးတောက်မည် ဟု ဆိုသော တဘောင်များတွင် ပါဝင်သူ တစ်ဦး ဖြစ်ပေရာ အင်းဝပျက်စီးသောအခါ မှူးမတ်များ၊ရဲမက်များတချို့ သည် ထို ဖို ၃ ဖို ထံ ၀င်ရောက် ခိုလူံကြလေ၏။

နဂါးဗိုလ်ရွာမှ ရွှေနဂါးသည် အဖျားကြောင့် ကွယ်လွန်သွားရာ ဖို ၂ ဖို သာ ကျန်တော့၏။ မုဆိုးဖို နှင့် မတ္တရာအုတ်ဖိုမှ ကွေ့မင်း ဖြစ်လေသည်။ ထိုတဘောင်ထဲတွင် မပါဝင်သော်လည်း ဘုရင်ဖြစ်လိုသူ တဦး ရှိနေလေ၏။ ထိုသူကား ခင်ဦးစား ဦးချစ်ညို ဖြစ်၏။ အင်းဝ ကောင်းစား စဉ်က ဦးချစ်ညို၏ ဖခင်သည် မင်းကြီးကျော်ရွာ ဟူသော ဘွဲ့ဖြစ် နေပြည်တော်တွင် အမူတော်ထမ်းသော အမတ်ဖြစ်လေ၏။ မိခင်သည် လည်း နက္ခတ်ဗေဒင်ကို တတ်မြောက်သူဖြစ်လေ၏။

ဦးချစ်ညိုသည် သားလတ်ဖြစ်ပြီး အင်းဝဘုရင်မှ လက်ယာပျံချီ ဘွဲ့ကို ချီးမြင့်ကာ ခင်ဦးမြို့ကို အပိုင်ပေး ထားလေ၏။ ဦးချစ်ညိုသည် လက်ရုံးအရာတွင် ဦးအောင်ဇေယျထက် ပိုပြီး ထက်လေ၏။ မြင်းစီး၊လှံထိုး၊ ကြိုး ပစ် စသော သူရဲကောင်း အတတ်တွင် တဘက်ကမ်း ကျွမ်းကျင်သူဖြစ်လေသည်။ အင်းဝပျက်သော် မိမိ၏ အကြံကို မိခင်ထံ တိုင်ပင်လေသည်။ မိခင်မှ " င့ါသား မင်းဖြစ်လိုလျှင် မုဆိုးဘိုသား အောင်ဇေယျကို သုတ်သင်ရမည်။ အောင်ဇေယျကို စောစော မသုတ်သင်နိုင်လျှင် သင့်အဖို့ အခက်ကြုံမည်။ သူ့ကို  မရလျှင် မွန်တို့ထံ ကျွန်ခံလေ " ဟု မိခင်မှ ဆိုလေ၏။

တနေ့ မိခင်မှ "ဒီနေ့ဟာ အလွန်အခါကောင်း၏။ မုဆိုးဘိုသားကို ဖမ်းထွက်လော့" ဟု သူသားကို အကြံပေး လေ၏။ ဦးချစ်ညိုသည် ညီ မောင်ချစ်မြ ကို ခေါ်ကာ မုဆိုးဘိုရွာသို့ သွားလေ၏။ ထိုနေ့တွင် ဦးအောင်ဇေယျသည်လည်း သူရဲကောင်းများကို သိမ်းသွင်းလိုသည့် သဘောဖြင့် ဦးချစ်ညိုကို သိမ်းသွင်းလို သဖြင့် မုဆိုးဘိုရွာမှ ထွက်ကာ ခင်ဦးမြို့ဆီ အလာ ဖြစ်လေ၏။ လမ်းခုလတ်တွင် နှစ်ဦးသာ ဆုံမိလေသည်။

လမ်းတွင် စကားများ စမြည်ကြပြီး သူရဲကောင်းတို့ ပီပီ စတင်တိုက်ခိုက်ကြလေ၏။ ဦးချစ်ညိုမှ ကြိုးဖြင့်ပစ် ကာ ဦးအောင်ဇေယျ၏ လည်ပင်းကို ရစ်ပတ်မိထားလေ၏။ ထိုနောက် ဦးချစ်ညိုမှ လှံဖြင့် ထိုးလေရာ ဦးအောင်ဇေယျမှ ဓားဖြင့်ကာလေ၏။ ထိုသို့ အထွေးအထွေးအရုံးရုံး ဖြစ်နေစဉ်။ ဦးချစ်ညို၏ ညီ မောင်ချစ်မြ ကို ထန်းပင် ပေါ်မှ ထန်းသမားမှ ရုတ်တရုက် ဖမ်းကာ လည်ပင်းညစ်သဖြင့် ကယ်ပါဟု အော်သဖြင့် ဦးချစ်ညိုသည် ညီဘက်သို့ လာကာ ကူလေ၏။ ထန်းသမားလည်း ထွက်ပြေးသွားလေ၏။

ထိုအခါ ဦးအောင်ဇေယျသည် နှစ်ဦး တစ်ဦး အရေးမသာမှန်းသိသဖြင့် မြင်းဖြင့် မုဆိုးဘိုရွာသို့ အလျင်အမြန် မြင်းစီး ထွက်လေ၏။ ဦးချစ်ညို လည်း မြင်းဖြင့် မှီအောင် မလိုက်နိုင်သဖြင့် ခင်ဦးသို့ ပြန်လာခဲ့လေသည်။ အိမ်ရောက်သော် မိခင်မှ အောင်ခဲ့သလောဟု မေးရာ အကျိုးအကြောင်းများ ကို ပြောပြရာ မိခင်မှ "ဟယ် သားမောင် မှားခဲ့ပြီ၊ ရှင်ဘုရင်လုပ်မည့်သူသည် ညီ ဟူသော အမှတ်ကို ထားရသလော၊ ညီ ဆိုသည်မှာ ဟောဒီ မိခင် ၀မ်းရှိသမျှ ရနိုင်သည်၊ အခါ ရသော ယနေ့တွင်မှ မအောင်မြင် လျှင် မနက်ဖြန် မွန်တို့ထံ ၀င်လေ " ဟု အကြံပေးလေတော့၏။

ထိုနေ့မှ စပြီး ခင်ဦးစားဦးချစ်ညိုသည် ဟံသာဝတီထံ ၀င်ကာ အမူထမ်းလေတော့သည်။ ( မှတ်ချက်။ ။  လူအများမှ ထိုထန်းသမားသည် ဦးအောင်ဇေယျ ၏ ဘုန်းကံကြောင့် နတ်များမှ ဖန်ဆင်းပြီး ကူညီသူ၊ တချို့ သမိုင်းဆရာများမှလည်း တိုက်ဆိုင်မူသာ ဖြစ်သည်ဟု ဆိုကြလေ၏။ မည်သို့ပင်ဆိုစေကာမူ ထို ထန်းသမား မကူလျှင် ဦးအောင်ဇေယျသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်နိုင်အုံးမည် မဟုတ်ပေ၊ မြန်မာနိုင်ငံ သမိုင်းသည်လည်း တမျိုး တဖုံ ပြောင်းသွားနိုင်ပါလိမ့်မည်။)

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။