Skip to main content

စနေမင်း နှင့် တနင်္ဂနွေမင်း

မင်းရဲကျော်ထင် နတ်ရွာစံလျှင် သားတော် မဟာသီဟသူရ(စနေမင်း) မှ အင်းဝနန်းတော်ကို သိမ်းပိုက်လေ၏။ စနေမင်းသည် ဘာသာသာသနာကို အလွန်အလေးထားသော မင်းတပါးဖြစ်လေ၏။ ဘုရင်ဖြစ်ပြီးသော် ၁၆၉၈ အောက်တိုဘာ ၅ ရက်တွင် ၀မ်းဘဲအင်းကျောင်းတော်အသစ်ကို ပန္နက်ချ ကာ ဆောက်လုပ်လှူ ဒါန်းလေ၏။ ထိုနောက် ကောင်းမူတော်မြေနေရာကိုလည်း စေတီတော် လာဖူးမျှော် သူများ မြေနေရာကို ပြုပြင်စေလေ၏။

စနေမင်းသည် တိုင်းပြည်တခုလုံး တိုင်းခန်းလှည့်ပြီး စေတီတော်များအား ပြင်ခြင်း၊ ကျောင်းတော် အသစ်များ အားဆောက်လုပ်လှူ ဒါန်းခြင်းဖြင့် အချိန်ကို ကုန်စေလေ၏။ စနေမင်းလက်ထက်တွင် ဗုဒ္ဒဘာသာသာသနာတော်မြတ်သည် ဘုရင်၏ ချီးမြှောက်မူကြောင့် ရဟန်းတော်များ၊ စာပြန်တော်ပွဲများ ဖြင့် အနယ်နယ်အရပ်ရပ်တွင် စည်ကားနေလေ၏။

စနေမင်းသည် ယိုးဒယားကို စစ်ချီခဲ့သေး၏။ သို့သော် နယ်စပ်မှ ပြန်လည် လှည့်ပြန်ခဲ့ရလေ၏။ သမိုင်းမှတ်တမ်းတွင် မထင်မရှားသာ ဖော်ပြခဲ့လေ၏။ ကသည်းစော်ဘွားမှလည်း သူ့၏ သမီးတော်ကို စနေမင်းထံ ဆက်သရာ သားတော်ဖွားမြင်ခဲ့လေ၏။ အေဒီ ၁၇၁၁ အောက်တိုဘာ ၂၂ တွင် သားတော်အကြီးကို အိမ်ရှေ့အရာခန့်တော်မူလေ၏။

၁၇၁၂ ဒီဇင်ဘာလ ၂၅ တွင် တရုတ်ပေကျင်းမှ လွှတ်လိုက်သော သံအဖွဲ့ရောက်လာပြီး စနေမင်းအတွက် ရွှေလင်ပန်း နှစ်ချပ်၊ ကျောက်စီဓား၊ အစရှိသော ရတနာများကို လက်ဆောင်အဖြစ် ဆက် သခြင်းခံရလေ၏။ ၁၇၁၄ ဇွန်လ ၄ ရက်တွင် ဆင်ဖြူ တော်ရသည်ဟု သတင်းရသဖြင့် သွားကြည့်ရူရာ ဆင်ဖြူတော်သည် ဦးကင်းသာဖြူနေသဖြင့် စနေမင်းမှ သဘောတော်သိပ်မကျပေ။ ထိုနောက် ဆင်ဖြူတော် ကျမ်းများအရ ဦးကင်းဖြူသော ဆင်ဖြူတော် ဖြစ်ကြောင်း ၀ိုင်းပြီး လျှောက်ကြမှ စိတ်ပျော်တော်မူပြီး နန်းတော်သို့ ပြန်ကြွလေ၏။

စနေမင်းသည် ထိုသို့ နန်းတော်သို့ ပြန်ကြွနေရာ လမ်းခုလတ်တွင် အဖျားဝင်ပြီး နတ်ရွာစံတော်မူလေ၏။ နတ်ရွာစံချိန်တွင် သက်တော် ၄၂ နှစ်သာရှိသေးသည်။ စနေမင်းသည် ဘာသာတရားကို ကိုင်းရိုင်းသော် လည်း အမျက်အလွန်ကြီးသူဖြစ်၏။ တရားစီရင် ဒဏ်ခတ်ရာတွင် သူ၏ရှေ့မှောက်တွင် ၀ါးရင်းတုတ်ဖြင့် အသေရိုက်ခတ်စေရလေ၏။

စနေမင်းလွန်သော် ညီတော်ပုဂံစားမှ မြင်းဖြင့် နန်းတော်သို့ အလျင်အမြန်သွားပြီး သားတော်အိမ်ရှေ့မင်းကို ထီးနန်းသိမ်းရန် သတင်းပေးလေ၏။ သားတော်လည်း တနင်္ဂနွေမင်းအဖြစ် သမိုင်းဆရာများ မှတ်တမ်း တင်ခြင်းခံရသူဖြစ်၏။

တနင်္ဂနွေမင်းသည် မဟာသီရိသီဟသူရ ဓမ္မရာဇာဓိရာဇာ ဟူသော ဘွဲ့ကို ခံယူပြီး အင်းဝထီးနန်းကို သိမ်း လေသည်။ သို့သော် ဘထွေးတော်ပုဂံမင်းသည် စိတ်ပြောင်းကာ မိမိတူတော်မင်းကြီးကို သစ္စာမခံဘဲ ခြားနားလေ၏။ တနင်္ဂနွေမင်းလည်း စစ်သည် ၄ သောင်းကျော်လွှတ်ပြီး တိုက်ခိုက် နှိမ်နင်းရ လေ၏။ ဘထွေးတော်ပုဂံစားလည်း မခံနိုင်သဖြင့် အောက်ပြည်အောက်ရွာ သို့ ထွက် ပြေးလွှတ်မြောက်လေသည်။

တနင်္ဂနွေမင်းလက်ထက်တွင် လက်အောက်ခံ ဇင်းမယ်မှ ပုန်ကန်ခြားနားလေ၏။ အနယ်နယ်အရပ်ရပ်မှ စော်ဘွားများလည်း လက်ဆောင်များ မပို့ဘဲနေလေ၏။ သို့သော်လည်း တနင်္ဂနွေ မင်း သည် စစ်တပ်များကို စေလွှတ်ခြင်းမရှိပေ။ စစ်မက်လိုလားသော မင်းမဟုတ်ပေ။ တနင်္ဂနွေမင်းသည် သူ၏ လက်ထက်တွင် အနီးအနားပတ်ဝန်းကျင်ရှိ မြို့ရွာများကိုသာ သာယာစေရေးအတွက် အာရုံစိုက်သော ဘုရင်ဖြစ်လေ၏။

အနယ်နယ်အရပ်ရပ်ရှိ လက်အောက်ခံနယ်စားများ ပုန်ကန်သော်လည်း စစ်တပ်မလွှတ်သဖြင့် သမိုင်းတွင် ဘုရင်ညံအဖြစ် မှတ်တမ်းတင်ကြလေ၏။ သို့သော် သူလက်ထက်တွင် ပြည်သူအများ စစ်မက်ဒဏ်များ မခံခဲ့ရပေ။ တနင်္ဂနွေမင်းသည် သက်တော် ၄၅ တွင် နတ်ရွာစံတော်မူလေသည်။ နတ်ရွာစံသော် တောင်ငူမင်းဆက်၊ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇဓိပဓိ နန်းတက်လေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။