Skip to main content

အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း

သားတော်အမြင့်မင်းသား လူလွှတ်ပြီးလုပ်ကြံသည်ကို  သာလွန်မင်းမှ အလွန်ဒေါသဖြစ်ပြီး စိတ်လည်း အလွန်မကောင်းဖြစ်တော်မူလေ၏။ ထို့ကြောင့် လေးထပ်ကျောင်းတွင် ကြာကြာနေရန် မဖြစ်ဟု ဆုံးဖြတ် ပြီး အင်းဝမြို့ကို တိုက်ရန် စစ်ပြင်ဆင်လေ၏။ သာလွန်မင်း၏ စစ်သူကြီး ဗညားကျန်းထောဦးဆောင်သော တပ်တော်ရောက်လာလေသည်။ သာလွန်မင်းလည်း တိုင်းတားမင်းသားနှင့်တကွ ကျန် မင်းသားများကို စစ်ကိုင်း ကြက်ယက်တွင် စခန်းတည်နေစေလေ၏။ မိမိမှာမူ ဗညားကျန်းထောတပ်ကို ဦးဆောင်ပြီး အင်းဝသို့ ချီတက်လေ၏။

သာလွန်မင်းသည် အမြှောက်များမရှိသဖြင့် ရွှံများ၊သစ်လုံးများကို အမြှောက်ဆံပြုကာ မြို့တွင်းရှိ အမြင့်မင်းသားတပ်သားများရှိရာ သို့ အဆက်မပြတ်ပစ်ခတ်စေလေ၏။ မြို့ပြင်မှလည်း အဆက်မပြတ် စစ်မောင်းများတီးခတ်စေလေ၏။ အမြင့်မင်းသားမှမူ မြို့ပြင်ကို ထွက်တိုက်ခြင်းမပြုပေ။ ထိုအခါ နန်းတော်ရှိ မင်းညီမင်းသားတချို့မှ သာလွန်မင်း၏ တပ်ကို မြင်သဖြင့် သာလွန်မင်းမှ အလုံးအရင်းဝင်တိုက်သော် အမြင့်မင်းသားရူံးနိုင်သည်ဟု ခန့်မှန်းကြပြီး အမြင့်မင်းသားကို ဖမ်းကာ သာလွန်မင်းထံ အပ်နှံရန် ပြင်ဆင် ကြလေ၏။

လူသူစုရုံးပြီး နံနက် သုံးချက်တီးတွင် နန်းတော်၏ အရှေ့တံခါးတွင် ဆင်များဖြင့် အမြင့်မင်းသားကို စောင့်
နေလေ၏။ ထိုအကြောင်းကို အမြင့်မင်းသားသိလျှင် ဒေါသထွက်ပြီး ကျိုင်းထွတ်ပြောင်မုံ ဟူသော ဆင်ကို စီးကာ အရှေ့တံခါးတော်သို့ အပြင်းစီးလာလေ၏။ သို့သော် အရှေ့တံခါးတွင် ဆင်အကောင်မှာ ၁၀ ကောင်
လောက်ရှိသဖြင့် အားမတန်နိုင်ပါ ဆုတ်ပါ ဟု ဘေးက လူယုံအမတ်များက ပြောဆိုသဖြင့် အနောက်တံခါးမှ ထွက်ရန် ဆုတ်ရန် ဆင်ဦးလှည့်လေ၏။  သို့သော်လည်း အရှေ့တံခါးနန်းမြင့်မျှော်စင်တွင် ရှိနေသော သေလုတ်လုလင်မှ လှမ်းပစ်ရာ ဆင်ထက်ပေါ်တွင် ဆုံးလေသည်။

မင်းညီမင်းသားတို့လည်း အမြင့်မင်းသား၏ လူယုံ ရှင်တရုပ်ကို အရှင်ဖမ်းပြီး အပေါင်းအပါများကို ဖမ်းဆီးကာ စစ်သူကြီးဗညားကျန်းထောထံ အပ်နှံကြလေသည်။ ပုန်ကန်သူမှန်သမျှကို အစစ်အဆေးမရှိ အားလုံး ကွပ်မက်ခြင်းခံရလေ၏။ အမြင့်မင်းသားနှင့်ပတ်သက်နေသော မင်းဆွေမင်းမျိုးများအားလုံးလည်း ကွပ်မက်ခံရလေ၏။သာလွန်မင်းလည်း  လေးထပ်ကြီးတွင် ၇ ရက်နေတော်မူပြီး လေးထပ်ကြီးကျောင်း ဆရာတော်ကို ပင့်ကာ ဘုရင့်နန်းတော်တွင် ဆွမ်းကပ်ကာ မင်းဆရာအဖြစ် တင်မြှောက်လေ၏။

ထိုသို့ နန်းတွင်းရေး ရူပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ ကသည်းစော်ဘွားမှ သောင်ထွပ်မြို့ ကို အလုံးအရင်းဖြင့် ၀န်းရံထားလေ၏။ ထိုအကြောင်းကို သောင်ထွပ်စော်ဘွားမှ အကြောင်းကြားသဖြင့် သာလွန်မင်းလည်း အင်းဝတပ်ကို စေလွှတ်ကာ သောင်ထွပ်မြို့ကို ကာကွယ်စေလေ၏။

အေဒီ ၁၆၄၈ ခုနှစ် အမြင့်မင်းသားအရေးအခင်းအပြီး တစ်နှစ်အကြာတွင် သာလွန်မင်းတရားသည်
 နေမကောင်း ဖြစ်လာရာ နန်းတွင်းသမားတော်များမှ ကြိုးစားကုသသော်လည်း မကုနိုင်ဘဲ ရှိနေရာ ၁၇ သြဂုတ်လ ၁၆၄၈ တွင် နတ်ရွာစံတော်မူလေသည်။ သာလွန်မင်းနတ်ရွာစံသော် သားတော် ပင်းတလဲမင်းသားမှ နန်းတက်ကာ ဘုရင်အဖြစ်ခံယူတော်မူလေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။