Skip to main content

ရဟန်းတော်များ၏မေတ္တာရပ်မူ့ကြောင့် တောင်ငူစစ်ပွဲ ငြိမ်းရခြင်း

တောင်ငူဘုရင် နတ်ရှင်နောင်လည်း စစ်ပွဲ နိုင်မည့်အရေးကို မမြင်သဖြင့် တောင်ငူရှိ ရဟန်းဆရာတော်များ ထံ ချဉ်းကပ်ကာ မိမိတို့ဘက်က အညံ့ခံမည့်အကြောင်းကို ရပ်ခံပေးပါရန် လျှောက်ထားလေ၏။ ဆရာတော် များလည်း စစ်ပွဲကိုမမြင်တွေ့လိုသဖြင့် တိုင်းပြည်သာယာမည့်အရေးအတွက် အင်းဝတပ်ထံသို့ သွားရောက်
ကာမေတ္တာရပ်ခံပေးပါမည်ဟု မိန့်ကြားကြလေ၏။ 

ဆရာတော်များလည်း မေတ္တာရပ်ခံရန် အင်းဝဘုရင်၏ ဘထွေးတော်ခံတပ်ဆီသွားလေ၏။ သို့သော်လည်း ဘထွေးတော်မှ မိမိအရေးမပိုင်ကြောင်း အင်းဝဘုရင်ထံ သွားပါရန် လျှောက်ထားသဖြင့် ဆရာတော်များ
လည်း အင်းဝဘုရင်တပ်တော်ဆီသွားရာ လမ်းခုလတ်တွင် ၀န်ရှင်တော်မင်းတို့မှ မသွားရန် တားမြစ်ကြ သဖြင့် ဘုရင်ဆီမရောက်ဘဲ ဖြစ်နေလေ၏။ 

ဆရာတော်များလည်း လက်မလျော့ဘဲ အင်းဝဘုရင့်ညီတော် မင်းရဲသိင်္ခသူထံ သွားကြလေ၏။ ညီတော် မင်းရဲသိင်္ခသူလည်း တပည့်တော် မလျှောက်ဝံ့ပါ ဟု ပြန်လည်လျှောက်ထားသဖြင့် ဆရာတော်များလည်း အင်းဝဘုရင့်ယာယီခံတပ်ထံသို့ ထပ်မံသွားပြန်လေ၏။ 

ထိုအချိန်တွင် အင်းဝဘုရင်မှ တပ်တော်ကို စစ်ဆေးနေရာ ဆရာတော်များကို အဝေးမှ တွေ့သဖြင့် ပင့်လာ ရန် မိန့်ကြားလေ၏။ ၀န်မင်းတို့လည်း ဆရာတော်များကို ပင့်ပြီး ယာယီနန်းတဲတွင် သီတင်းသုံးစေလေ၏။ ဘုရင်လည်း တပ်တော်ကို စစ်ဆေးပြီးလျှင် ယာယီနန်းတဲသို့ ၀င်ကာ ဆရာတော်များကို အကျိုးအကြောင်း 
မေးမြန်းလေ၏။ တောင်ငူဆရာတော်များလည်း ခပ်သိမ်းသော လူအပေါင်းတို့ ချမ်းငြိမ်းမည့်အကြောင်းကို 
မေတ္တာရပ်ခံပါ သည်ဟု မိန့်ကြားကြလေ၏။ 

အင်းဝမင်းလည်း တောင်ငူဘုရင်၏ ညီတော်များဖြစ်သော မင်းရဲကျော်စွာ၊မင်းရဲသီဟသူ၊မင်းရဲကျော်ထင် တို့ အဆောင်အယောင်တို့ဖြင့် မြို့တွင်းမှ ထွက်လာကာ ခံတပ်တော်အထိ လာရောက်ရန် စကားပြန်ပါးလိုက်၏။
ဆရာတော်တို့လည်း အင်းဝဘုရင်မှာသည့်အတိုင်း မိန့်ကြားရာ နတ်ရှင်နောင်လည်း ညီတော်များကို အခမ်းအနားဖြင့် အင်းဝဘုရင်ခံတပ်သို့ စေလွှတ်လိုက်လေ၏။ 

တောင်ငူဘုရင် ညီတော်များ အင်းဝခံတပ်သို့ ရောက်လျှင် အင်းဝဘုရင်သည် နေရာအထိုင်အခင်း ပေးပြီး စကားများပြောကြားပြီး မင်းသားများကို ပြန်လွှတ်လိုက်လေ၏။ ထိုနောက် ယာယီတဲနန်းတွင် မိမိ၏ ရာဇပလ္လင်ထက် အနည်းငယ်နိမ့်သော ပလ္လင်ငယ်တခုကို ပြုလုပ်စေပြီး တောင်ငူဘုရင်ကို မည့်သည့်နေ့ရက်
တွင် မိမိထံ လာပါစေ ဟု မင်းသားများနှင့် စကားပါးလိုက်လေ၏။ 

နတ်ရှင်နောင်လည်း သတ်မှတ်သည့်ရက်တွင် အင်းဝယာယီခံတပ်သို့ ၀င်လေသည်။ ယာယီနန်းတဲ သို့ ရောက်လျှင် အင်းဝဘုရင်မှ ထွက်တော်မမူသေးသဖြင့် နတ်ရှင်နောင်အပါအ၀င် မှူးမတ်များအားလုံး ယာယီနန်းတဲ၏ အပြင်တွင် ရပ်ကာ စောင့်နေကြရလေ၏။ အချိန်အတော်အတန်ကြာမှ အင်းဝဘုရင် ထွက်တော်မူလေ၏။ ထိုအခါမှ နတ်ရှင်နောင်လည်း ယာယီနန်းတဲထဲသို့ ၀င်ပြီး စီစဉ်ထားသော နေရာ တွင် ထိုင်လေ၏။ 

အင်းဝဘုရင်လည်း နတ်ရှင်နောင်နှင့် စကားများ ပြောပြီးသော် နတ်ရှင်နောင်၏ လျှောက်ထားချက်များကို သဘောကျသဖြင့် တောင်ငူထီးနန်းကို ပြန်လည်ပေးအပ်ပြီး တောင်ငူလွှတ်တော်ဝန်ရှင်တော်မင်းကိုမူ မိမိ၏ လူယုံ စစ်ကိုင်းမြို့စားကို ခံအပ်လေ၏။ 

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။