Skip to main content

ဟံသာဝတီအိမ်ရှေ့စံမင်းသား ၏ နောက်ဆုံးတိုက်ပွဲ

နန္ဒဘုရင်သည် ယိုးဒယားမှ ဆုတ်ခွာလာပြီး ဟံသာဝတီတွင် အင်အားဖြည့်နေစဉ် ယိုးဒယားဘုရင် ဗြနရစ် မှ စစ်အင်အား ၈ သောင်းကျော်ဖြင့် ချီတက်လာလေ၏။ စစ်ချီတက်လာခြင်းအကြောင်းကို မုတ္တမစားသည် ကင်းစောင့်မှ တဆင့်သိရပြီး နေပြည်တော်သို့ သတင်းချက်ခြင်းပို့လေသည်။ နန္ဒဘုရင်လည်း မုတ္တမစားကို ဗိုလ်မှူးခန့်ကြောင်း အမိန့်တော်ပြန်လိုက်ပြီး မုတ္တမနယ်တစ်ဝိုက်ရှိ မြို့စား ၃၂ ဦးတို့၏ စုပေါင်းတပ်မ ဖြင့် ခုခံ စေလေ၏။ 

ဗြနရစ်၏ ရှေ့ဦးဆောင်တပ်များနှင့် မုတ္တမစား၏ တပ်များ လမ်းခုလတ်တွင် တွေ့ကြပြီး အပြင်းအထန် တိုက်ကြရာ ယိုးဒယားတပ်များ အားနည်းသဖြင့် တပ်ကို ဆုတ်လေသည်။ ပထမစစ်ဦး တိုက်ပွဲ နိုင်ကြောင်း သိလျှင် နန္ဒဘုရင်သည် အားရသဖြင့် မုတ္တမစား နှင့်တကွ မြို့စား ၃၂ ဦးကို ဆုများ ချီးမြှင့်လေ၏။ နန်းတော်တွင်လည်း ယိုးဒယားနှင့် တိုက်မည့်အရေးကို အထူးအလေးပေးပြီး ဆွေးနွေးကြလေသည်။ ဗညားလော အမတ်ကြီးမှ သားတော်များကို နောက်ထပ်အခွင့်အရေးပေးပြီး တိုက်စေပါလျှင် အရေးတော် 
ပြီးလွယ်မည်ဟု နားတော်လျှောက်၏။ 

သက်တော်ရှည်အမတ်ကြီးဖြစ်သော ဗညားဗလ မှာမူ ထိုအရေးကို သဘောမတူဘဲ ဘုရင်နှင့်တကွ စွမ်းရည်ထက်မြက်သော ဗိုလ်မှူးများ ဦးဆောင်ပါမှ အရေးတော် ပြီးမည်ဟု
ထပ်လျှောက်၏။ သားတော်ဥပရာဇလည်း ဘုရင်ထံ စစ်ချီတိုက်ခွင့် ပေးရန် အလေးအနက် တောင်းဆို သဖြင့် နန္ဒဘုရင်လည်း သားတော်များ၏ အရည်အချင်းကို မြင်စေရန် အလို့ဌာ ဗညားလော အမတ်၏ တောင်းဆိုချက်ကို လိုက်လျောလေသည်။ 

သို့ဖြင့် နန္ဒဘုရင်လက်ထက် ပဉ္စမအကြိမ် ယိုးဒယားသို့ စစ်ချီတက်လေသည်။ သက္တရာဇ် ၉၅၄ ခု၊ နတ်တော်လဆန်း ၁၂ ရက်(အေဒီ ၁၅၉၂ နိုဝင်ဘာ ၅ ရက်) တွင် နေပြည်တော်မှ စစ်တပ်အလုံးအရင်းဖြင့် ထွက်လေသည်။ ဦးဆောင်သူမှာ အိမ်ရှေ့မင်းသား ဖြစ်ပြီး မင်းသားအား စောင့်ရှောက်အကြံပေးရန် အသက် ၇၈ အရွယ် သက်တော်ရှည်အမတ် ဗညားဗလ ကိုပါ လိုက်ပါစေလေ၏။ အမတ်ကြီး ဗညားလော မှာမူ နန္ဒဘုရင်ကို အကြံပေးရန် နေပြည်တော်တွင် ကျန်ရစ်ခဲ့လေ၏။ 

တလနီးပါး စစ်ချီပြီး အေဒီ ၁၅၉၂ ဒီဇင်ဘာ ၃၀ တွင် ယိုးဒယားပိုင်နက်သို့ ရောက်လေသည်။ ဗြနရစ် လည်း သတင်းရကတည်းက စောင့်ကြိုနေရာ စစ်တပ် နှစ်တပ် တွေ့ကြပြီး သွေးချောင်းစီးသည် အထိ တိုက်ကြလေ၏။ အိမ်ရှေ့မင်းသား နှင့် ဗြနရစ်တို့ စီးချင်းထိုးကြလေရာ ဗြနရစ်၏ ကုန်းလယ်မှ နေသော ရဲမက်မှ သေနတ်ဖြင့် ပစ်ရာ အိမ်ရှေ့မင်းသားအား ထိမှန်လေ၏။ ထိုအခါ အိမ်ရှေ့မင်းသား၏ ကုန်းလယ်တွင် နေသော ဗညားကျန်းထောမှ မင်းသားကို မပြီး နေရာချင်းလှဲကာ စီးတော်ဆင်ကို နောက်
သို့ဆုတ်စေလေ၏။ 

အိမ်ရှေ့မင်းသား၏ စီးတော်ဆင်ဆုတ်သည်ကို မြင်လျှင်၊ သမိန်ရဲသင်ရံ၊ သမိန်လကွန်းအိမ်၊ ဘယကျော်ထင် များမှ တိုက်ဆင်များဖြင့် ကာပေးကြလေ၏။ ဗြနရစ်လည်း မထိုးဖောက်နိုင်သဖြင့် မိမိဆင်ကို ဆုတ်လေသည်။ အိမ်ရှေ့မင်းသားသည် ယိုးဒယားမှ ပစ်သော သေနတ်ဒဏ်ရာကြောင့် ယာယီ နန်းတော်တွင် ကံကုန်လေသည်။ မင်းသား ကံကုန်သော် စိတ်ဓါတ်ပြင်းထန်သော ဗိုလ်မှူးများမှ အမတ်ကြီး ဗညားဗလအား တိုက်မိန့်၊တက်မိန့် သာ ပေးရန် တောင်းဆိုကြလေ၏။ 

သို့သော်လည်း အမတ်ကြီးနှင့် အိမ်ရှေ့မင်းသား၏ညီတော် ပြည်စား သတိုးဓမ္မရာဇ တို့မှ အိမ်ရှေ့ဥပရာဇကို 
နေပြည်တော်ထိ သယ်ပြီး နန္ဒဘုရင် ရှေ့မှောက်တော်တွင် သင်္ဂြိုဟ်ရန် ဆုံးဖြတ်ကြပြီး တပ်အားလုံးကို ဆုတ်စေ လေသည်။ နန္ဒဘုရင်လည်း ထိုသတင်းကိုကြားလျှင် အလွန်ကြေကွဲတော်မူပြီး သားတော်၏ ရုပ်အလောင်းကို နယ်စပ်အထိ စီးတော်မြင်းဖြင့် လာကြိုတော်မူလေသည်။ နေပြည်တော်တွင် အိမ်ရှေ့မင်းသား ဈာပနကို စကြ၀တေးမင်း သင်္ဂြိုဟ်သကဲ့သို့ စီရင်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။