Skip to main content

မျိုးချစ်စိတ်ပြင်းသော ယိုးဒယားမင်းဗြနရစ်

ဟံသာဝတီနန္ဒဘုရင် အင်းဝသို့ ချီတက်ချိန်တွင် ယိုးဒယားဘုရင်ဗြနရစ်အား စစ်ကြောင်းတခုအဖြစ်ချီရင် အမိန့်ချထားရာ ယိုးဒယားဘုရင်ဗြနရစ်သည် အချိန်နောက်ကျမှ ချီတက်လာလေ၏။ နန္ဒဘုရင်မှ အင်းဝ သို့ ချီတက်သွားပြီဟု ကြားလျှင် အင်းဝသို့ မလိုက်ဘဲ ဟံသာဝတီမြို့တော်သို့ ချီတက်လာလေသည်။ ထို ချီတက်လာသော ယိုးဒယားတပ်ကို ဟံသာဝတီမြို့တော်စောင့် မင်းသားဥပရာဇာလည်း ခမည်းတော် အင်းဝ သို့ ချီသွားလေပြီ၊ အင်းဝသို့သာ လိုက်လေ ဟု စာချွန်တော်ဖြင့် ဟံသာဝတီမရောက်ပြီ မြင်းဖြင့် ပို့ စေလေ၏။ အိမ်ရှေ့ဥပရာဇာလည်း ဗြနရစ်ကို မယုံသဖြင့် မြို့တော်ကို အခိုင်အလုံလုပ်ကာ မြို့ရိုးပေါ်တွင် စိန်ပြောင်းကြီးများကို တင်ပြီး အသင့်အနေထားဖြင့် နေလေ၏။ 

ယိုးဒယားမင်း ဗြနရစ်လည်း မိမိ၏ တပ်များကို ဟံသာဝတီမြို့ရင်းအနားအထိ ချီတက်ကာ စခန်းချနေလေ ၏။ အိမ်ရှေ့ဥပရာဇာမှ အင်းဝသို့ ချီရန် ထပ်မံစာပို့သော်လည်း စာပြန်ခြင်းမရှိဘဲ နေလေ၏။ ထိုအခါ အင်းဝကို နန္ဒဘုရင်မှ အလိုတော်ပြည့်သည်ဟု သတင်းကြားလျှင် မိမိ၏ တပ်ကို အလျင်အမြန် ဆုတ်စေပြီး မုတ္တမတစ်လျှောက်ရှိ ရွာစားများကို မိမိ သစ္စာခံစေကာ ယိုးဒယားသို့ ပြန်လေသည်။ ထိုအကြောင်းကို နန္ဒဘုရင်ကြားလျှင် အမျက်ထွက်ကာ ဟံသာဝတီတွင် တပ်အင်အား ပြန်လည် ဖြည့်တင်းကာ ယိုးဒယားကို စစ်ချီရန် ပြင်ဆင်လေတော့သည်။ 

နန္ဒဘုရင်သည် အမျက်ထွက်သဖြင့် အလျင်အမြန် စစ်တပ်ကို အင်အားဖြည့်ကာ ယိုးဒယားသို့ ဒုန်းစိုင်း ချီတက်လေ၏။ အချိန်ကာလကို ကြည့်ခြင်းလည်းမရှိ၊ မှူးမတ်များ၏ လျှောက်တင်ချက်လည်း နားမ၀င် တော့ဘဲ အမျက်ဖြင့်သာ ချီတက်လေ၏။ ယိုးဒယားမြို့မြောက်ဘက်ရှိ စုက္ကလိဟူသော အရပ်တွင် တပ်တည်ပြီးနေလေသည်။ ထိုအခါ ယိုးဒယားမင်းမှ မြို့ကာထွက်ကာ ရုတ်တရက်ဝင်တိုက်လေ၏။ ရုတ်တရက်ထိုးစစ် ကြောင့် ဟံသာဝတီတပ်များ ဖရိုဖရဲဖြစ်လေ၏။ 

နန္ဒဘုရင်ကို မှူးမတ်များမှ တပ်ကို ဆုတ်တော်မူပါ၊ မိုးလည်းကျတော့မည်၊ စစ်သည်တော်များလည်း အင်းဝစစ်ကြောင့် ပင်ပန်းကုန်ကြသည်၊နောင်တကြိမ်မှ စစ်ပြန်ချီတော်မူပါ ဟု မှူးမတ်ဗိုလ်ပါအပေါင်း အကြိမ်ကြိမ်နားတော်ချပါမှ နန္ဒဘုရင်လည်း စိတ်လျှော့ကာ ဟံသာဝတီသို့ ပြန်ဆုတ်ရန် အမိန့်တော်ထုတ် 
လေသည်။ ယိုးဒယားမင်းလည်း နန္ဒဘုရင်တို့ ဆုတ်ခွာပြီဟု ကြားလျှင် ပျော်ရွှင်သဖြင့် မြို့တော်အတွင်း 
ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ၏။ 

အေဒီ ၁၅၈၅ ဧပြီလ တွင် နန္ဒဘုရင်သည် တိုက်ဆင် တစ်ထောင်၊ မြင်း တစ်သောင်းနှစ်ထောင်၊ စစ်သည် တစ်သိန်းနှစ်သောင်း ကို တပ်မ ၁၉  တပ်မ ဖွဲ့ကာ၊ တစ်တပ်မတွင် အမတ်ကြီးတစ်ဦးနှင့် ဗိုလ်မှူးတစ်ဦး ခန့် ပြီး တပ်များကို ကြီးစိုးရန် ဗိုလ်(ငယ်) ပေါင်းများစွာဖြင့် ယိုးဒယားသို့ ဒုတိယအကြိမ်ချီတက်လေ သည်။ ယိုးဒယားမင်း ဗြနရစ်သည်မူကား ဘုရင့်နောင်၏ သားတော်များနှင့် အတူ စာပေ၊သိုင်းပညာ အစရှိသည် ကို ဟံသာဝတီရွှေနန်းတွင် သင်ကြားခဲ့ဖူးသူဖြစ်လေ၏။ ဟံသာဝတီ၏ စစ်ပရိယာရ်ကိုလည်း ကောင်းစွာ သဘောပေါက်သူ ဖြစ်ရုံသာမက၊ ဟံသာဝတီ၏ စစ်အင်အားကိုလည်း သိရှိသူဖြစ်လေ၏။ နန္ဒဘုရင် မင်းသား ဖြစ်စဉ်ကာလည်း နန္ဒဘုရင်နှင့် စာအတူသင်ဖူးသဖြင့် နန္ဒဘုရင်အကြောင်းကို ကောင်းစွာ သဘောပေါက်သူဖြစ်လေသည်။ ဘုရင့်နောင် ယိုးဒယားကိုသိမ်းပြီး ဓားစာခံ မင်းသားအနေဖြင့် ဟံသာဝတီ ကို ပါလာသူ ဖြစ်လေရာ ယိုးဒယားပြည်ကြီးကို ဟံသာဝတီလက်အောက်မှ လွှတ်မြောက်ရန်သာ စိတ်အား စိတ်သန်နေသော ယိုးဒယားမင်းတဦးဖြစ်လေတော့သည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။