Skip to main content

နန္ဒဘုရင် နှင့် အင်းဝသတိုးမင်းစော တို့ စစ်ပွဲ

အင်းဝရှိ သူလျှိုများ၏ သတင်းပေးမူကြောင့် အင်းဝစစ်ပြင်နေသည်ကို ဟံသာဝတီ နန္ဒဘုရင်သိလျှင် ပြန် ခုခံ တိုက်ရန် ပြင်ဆင်လေ၏။ ဟံသာဝတီမှူးမတ်တို့၏ တိုက်တွန်းအကြံပေးမူကြောင့် နန္ဒဘုရင်သည် အင်းဝစစ်မချီမီ လက်ဦးမူယူပြီး အင်းဝသို့ အပြင်းချီတက်လေသည်။ နန္ဒဘုရင်သည် သားတော်ဥပရာဇာကို ဟံသာဝတီမြို့စောင့်ရန် ထားခဲ့ပြီး အေဒီ ၁၅၈၄ မတ်လ ၁၅ တွင် အင်းဝသို့ ချီတက်လေသည်။ 

ဟံသာဝတီရှိ အင်းဝဘုရင် သတိုးမင်းစော၏ သမီးတော်ကိုလည်း အိမ်တွင်းအကျယ်ချလိုက်ရာ အင်းဝဘုရင် ထံ သတိပေးစာများ ရောက်လာခြင်းမရှိတော့ပေ။ နန္ဒဘုရင်လည်း အင်းဝပိုင်နက်ရှိ ပင်းယတွင် စခန်းချလေသည်။ ထိုအခါ ပြင်စည်စားသည် အင်းဝဘုရင်ထံ အပြေးအလွှားရောက်လာပြီး နန္ဒဘုရင်မှ အလုံးအရင်းဖြင့် စစ်ချီလာကြောင်းကို လျှောက်တင်လေ၏။ 

အင်းဝဘုရင်လည်း ဟံသာဝတီမှ ရုတ်တရုက်ချီတက်လာသည်က တကြောင်း၊ ရှမ်းပြည်မှ စစ်ကူစော်ဘွား တပ်များ ရောက်မလာသေးသဖြင့် တံတားဦးပတ်လည် တွင် ခံတပ်တခု အလျင်အမြန်ဆောက်စေလေ၏။
ထိုနောက် နန္ဒဘုရင် ရှိရာသို့ အလုံးအရင်းဖြင့် ချီတက်လေသည်။ ရောက်လျှင် နန္ဒဘုရင် နှင့် မင်းနှစ်ပါး ဆင်စီးချင်း တိုက်မည်ဟု ရာဇသံ ပေးလေ၏။ ယောက်ဖတော်ဖြစ်သူ နန္ဒဘုရင်လည်း လက်ခံပြီး ရက် အချိန်းအချက် လုပ်ကြလေ၏။ 

ရက်ချိန်းသည့်နေ့ရောက်လျှင် နန္ဒဘုရင်မှ လက်ဝဲတော်တွင် ဆင်ကူ ၃၀ ၊ လက်ယာတော်တွင် ဆင်ကူ ၃၀ ဖြင့် မင်းခန်းမင်းနား နှင့် စစ်မြေပြင်သို့ ထွက်လာလေ၏။ အင်းဝဘုရင် သတိုးမင်းစော လည်း လက်ယာ ဆင်တော် ၃၀၊ လက်ဝဲ ဆင်တော် ၃၀ ဖြင့် ထွက်လာလေ၏။ သတ်မှတ်သည့်နေ့တွင် မင်းနှစ်ပါး ချင်းသာ တိုက်မည်ဟု ဆိုသော်လည်း ဟံသာဝတီမှ နန္ဒဘုရင်မှ ဆင်ကူများဖြင့် အလုံးအရင်း စစ်မြေပြင် သို့ချီလာသဖြင့် အင်းဝဘုရင်လည်း အစီအစဉ်ပြောင်းကာ မိမိ၏ ဆင်ကူများကိုပါ ၀င်တိုက်ရန် အမိန့် ပေးလေ၏။ 

ဟံသာဝတီဘုရင်၏ ဆင်ကူများသည် ရဲစွမ်းထက်သည့် ဆင်များဖြစ်ကာ အင်းဝဘုရင်၏ ဆင်ကူများမှာမူ စစ်ဆင်ဖြစ်သော်လည်း ဟံသာဝတီဘက်ကဲ့သို့ အထူးတလည် ရွှေးထားခြင်းမရှိပေ။ တဘက်နှင့်တဘက် စာပြန်ရာတွင် မင်းနှစ်ပါးသာ တိုက်မည်ဟု သဘောတူကြသဖြင့် အင်းဝဘုရင်မှ ယုံကြည်ကာ မိမိ ဆင်ကိုသာ လျှင် အကောင်းဆုံးရွေးထားခဲ့လေ၏။ 

ထိုကြောင့် ထိုတိုက်ပွဲတွင် အင်းဝဘုရင်ဘက်မှ အထိနာလေ၏။ ဟံသာဝတီဘက်မှ ဆင်တပ်များ အပြင်း ဖိတိုက်လေရာ အင်းဝဘုရင်၏ စီးတော်ဆင် သည် သေဆုံးလေ၏။ အင်းဝဘုရင် သတိုးမင်းစောလည်း 
နောက်ဆင်တစီးဖြင့် တံတားဦးခံတပ်ဘက်သို့ အပြင်းဆုတ်လေသည်။ အင်းဝဘုရင် သတိုးမင်းစောလည်း ယခု တိုက်ပွဲတွင် ဟံသာဝတီဘက်မှ ကောက်ကျစ်သောကြောင့်သာ ငါတို့ ကျရူံးရသည်၊ ရှမ်းပြည်စော်ဘွား
များထံသွားမည်၊ ရှမ်းပြည်တွင် အင်အားထပ်စုပြီးမှ ဟံသာဝတီသို့ အပြင်းချီမည်ဟု ကြုံးဝါးပြီး ရှမ်းပြည် သို့ စစ်အင်အား ၂၀၀၀ ကျော်ဖြင့် ချီတက်လေသည်။ သို့သော်လည်း စစ်ပွဲတွင် ရသော ဒဏ်ရာကြောင့် ခန္တီး အရောက်တွင် ကံကုန်တော်မူလေသည်။ 

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။