Skip to main content

ပိသလောက်မြို့ စား နှင့် ယိုးဒယားမင်း တို့ စစ်ပွဲ

ဘုရင့်နောင်သည် ဟံသာဝတီနေပြည်တော်တွင် ကြုံတွေ့နေရသော အစာရေစာ ရှားပါးမူပြသနာကို ဖြေရှင်း
ပြီးနောက် မိမိ၏ စစ်တပ်အင်အားကို ထပ်မံတိုးချဲ့ ကာ ဒုတိယအကြိမ်ယိုးဒယားသို့ ချီတက်ရန် ပြင်ဆင်
လေ၏။ ထိုသို့ စစ်ပြင်နေစဉ် အေဒီ ၁၅၆၈ မေလ တွင် သီရီင်္လာကာဘုရင်မှ မြသပိတ်တော်ကြီးကို လက်ဆောင်အဖြစ် ပေးအပ်လာရာ သင်္ဘောဆိပ်သို့ မင်းခန်းမင်းနားဖြင့် မင်းညီမင်းသားများကို သွားပင့် ဆောင်စေလေသည်။

မြသပိတ်တော်ကြီးကို ပင့်ဆောင်လာသော သီရီင်္လာကာဘုရင့် ဆရာတော်ကိုလည်း ဟံသာဝတီ နေပြည်တော်တွင် ကျောင်းဆောက်ပြီး လှူ တော်မူလေသည်။ အေဒီ ၁၅၆၈ ဇွန် ၁၅ တွင် ဘုရင့်နောင်၏ မိဖုရားခေါင် အတုလသီရိမဟာရာဇာ ဒေ၀ီ နတ်ရွာစံလေ၏။ ဘုရင့်နောင်သည် အလွန်ကြေကွဲ တော်မူရာ ရက်အတော်အတန်ကြာအောင် လွှတ်တော်အစည်းအဝေး မတက်ဘဲ ရှိနေလေ၏။ အမတ်ကြီးဗညားဒလမှ တိုင်းရေးပြည်မူကို ရေူးရူတော်မူရန် အတန်တန်လျှောက်တော့မှ အစည်းအဝေး ပြန်တက်ကာ ပိသလောက်မြို့စားအား ပိသလောက်မြို့ သို့ ချီတက်စေပြီး မြို့ ကို အခိုင်အမာ ပြု ထားရန် အမိန့်ပေးလေသည်။

ပိသလောက်မြို့ စား လည်း အမိန့်အတိုင်း စစ်သည် အင်အား ၃ သောင်းကျော်ဖြင့် ပိသလောက်မြို့ သို့ ချီတက်လေသည်။ ထိုသတင်းကို ယိုးဒယားမင်းကြားလျှင် လင်းဇင်းမင်းသို့ စာစေလေ၏။ လင်းဇင်းမင်းလည်း ယိုးဒယားကို ကူရန် စစ်အင်အားအလုံးအရင်းဖြင့် ပိသလောက်သို့ ချီလာလေသည်။ ပိသလောက်သို့ ယိုးဒယားမင်းအရင် ရောက်ရာ မြို့ ပြင်တွင် စစ်တပ်များကို ချထားကာ ရန်သူ အလာကိုစောင့်နေလေ၏။

ပိသလောက်မြို့ စားလည်း အဝေးမှ ယိုးဒယားမင်း၏ တပ်ကို တွေ့ရာ တိုက်သင့်မတိုက်သင့်ကို အတူပါလာ သော အမတ်ဗညားဦး နှင့် တိုင်ပင်လေ၏။ ဗညားဦးမှ ကြောက်ရွံရန် မလို တိုက်မည် ဟု အကြံပေးသဖြင့် စစ်အင်အား နှစ်သောင်းဖြင့် ၀င်တိုက်လေသည်။ ယိုးဒယားမင်းဘက်မှလည်း အလုံးအရင်း ဖြင့် တိုက်ကြလေရာ နှစ်ဦးနှစ်ဘက် အကျအရူံးများလေ၏။ ထိုသို့ တိုက်နေရင်း ယိုးဒယားမင်း၏ လက်ရုံး သီမာမြို့ စားကြီး စစ်ပွဲတွင် ကျလေသည်။

ထိုအခါ သီမာမြို့စား၏ တပ်သားများလည်း လက်နက်ချပြေးလေ၏။ ယိုးဒယားမင်းလည်း အရေးမသာသဖြင့် တပ်ကို ရေဆိပ်ဆီသို့ အလျင်အမြန်ဆုတ်ရလေသည်။ ပိသလောက်မြို့စားတို့ နောက်မှ လိုက်ရာ ယိုးဒယားမင်း၏ ရေတပ် မှ မြတပူအမြှောက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဆက်မလိုက်တော့ဘဲ မြို့ တွင်းသို့ ၀င်ကာ မြို့ ကို အခိုင်အမာ ဖြစ်အောင် လုပ်လေ၏။

နောက် ၁၅ ရက်ခန့် တွင် လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို့ နား ရောက်လာသော ကျူံးနား တိုင်အောင် တပ်စခန်း ချလာလေ၏။ ထိုသို့ စခန်းချနေသော လင်းဇင်းတပ်ကို ပိသလောက်မြို့ စားမှ အလုံးအရင်းဖြင့် မြို့ တွင်းမှ ထွက်တိုက်ပြန်လေ၏။ လင်းဇင်းစားလည်း မခံနိုင်ဘဲ မြို့ နားမှ ဆုတ်လေသည်။

တပ်ကိုဆုတ်ပြီး ယိုးဒယားမင်းရှိရာကို သွားလေသည်။ ယိုးဒယားမင်းနှင့် တိုင်ပင်ပြီးနောက် လင်းဇင်းမင်းမှ ကြည်းကြောင်း၊ယိုးဒယားမင်းမှ ရေကြောင်းဖြင့် တိုက်ရန် သဘောတူကြလေသည်။ ၅ ရက်နေပြီး နောက် လင်းဇင်းမင်းမှ ပိသလောက်သို့ ထပ်မံ တိုက်ပြန်လေသည်။ ပိသလောက်မြို့ စားလည်း မြို့ မှ ထွက်ကာ လင်းဇင်းမင်းကို တိုက်လေသည်။ ယိုးဒယားမင်းလည်း ရေတပ်ဘက်မှ  မြတပူအမြှောက်ကြီးများ၊ စိန်ပြောင်း သေနတ်များဖြင့် အဆက်မပြတ်ပစ်ပေးလေ၏။

သို့သော်လည်း လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို့ စား၏ တပ်ကို မထိုးဖောက်နိုင်ဘဲ ရှိနေလေသည်။ ထိုသို့ အလုံးအထွေးတိုက်ကြရင်း လင်းဇင်းတပ်များမခံနိုင်တော့ဘဲ တပ်ကို ဆုတ်ရလေ၏။ ပိသလောက်မြို့ စားလည်း မြို့ တွင်းမှ မြတပူအမြှောက်များကို ယိုးဒယားမင်းရှိရာ ဘက်သို့ တဖက်လှည့်ပို့ပြီး လှေများကို ပစ်ခတ်စေရာ လှေကြီးတချို့  နစ်လေသည်။ ယိုးဒယားမင်းလည်း အမြှောက်လွတ်ရာ နေရာသို့ ဆုတ်ပြီး စခန်း ချလေ၏။

ယိုးဒယားမင်းနှင့် လင်းဇင်းစား တို့လည်း အထိအခိုက်အကျအရူံးများသဖြင့်  ပိသလောက်မြို့  မနီးအဝေးတွင် အေဒီ ၁၅၆၈ အောက်တိုဘာအထိ စခန်းချပြီး နေလေ၏။ ထိုနောက် ဘုရင့်နောင်သည် ဟံသာဝတီမှ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာပြီဟု ကြားမှ ယိုးဒယားမင်းသည် တပ်ကို
အယုဒ္ဓယမြို့ နေပြည်တော်သို့ ဆုတ်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။