လင်းဇင်းသို့ စစ်ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ပုန်ကန်မူဖြစ်ခြင်း

ဘုရင့်နောင်သည် မှူးမတ်များ၏ တိုက်တွန်းမူကြောင့်လည်းကောင်း၊ မိမိ၏ ဘုန်းအာဏာကို ပြန်လည် တည်ဆောက် လိုသည်က တစ်ကြောင်း စစ်ပန်းနေသော စစ်တပ်ကို ၆ လ သာနားပြီး ဇင်းမယ်သို့ စစ်ထပ်မံ ချီပြန်လေ သည်။ အေဒီ ၁၅၆၄ အောက်တိုဘာ ၂၂ တွင် ဟံသာဝတီနေပြည်တော်မှ ထွက်တော်မူလေသည်။ ဇင်းမယ်မင်းလည်း ဘုရင့်နောင်စစ်ချီသော သတင်းကိုကြားလျှင် မြို့မှ ထွက်ပြေးလေ၏။

 ဇင်းမယ်မင်း သည် ဇင်းမယ်ထက် ပိုမိုခိုင်ခံ့သော လင်းဇင်းမြို့ ကို ၀င်တော်မူလေသည်။ ဘုရင့်နောင်လည်း လင်းဇင်း ကို တိုက်ရန် ညီတော်တို့ကို စေလွှတ်လေသည်။ ညီတော်တို့မှ ရွပ်ရွပ်ချွံချွံ တိုက်သဖြင့် လင်းဇင်းမြို့ ကျကာ မင်း ၂ ပါးကို ဖမ်းဆီးရမိလေသည်။ မင်း နှစ် ပါးလည်း ကွပ်မျက်ခံရလေ၏။

ထိုသို့ ဇင်းမယ်တွင် စစ်ခင်းနေစဉ် ဟံသာဝတီ ထောင်တွင် အကျဉ်းချခံနေရသော ရှမ်းစစ်သူကြီး တစ်ဦးကို
ထောင်တွင်းရှိ ရှမ်းများမှ ကူညီကာ လွတ်သွားပြီး ရှမ်းစစ်သူကြီးမှ လူသူစုရုံးကာ ဟံသာဝတီနေပြည်တော်
ပတ်ဝန်းကျင်ရှိ ရွာများကို သိမ်းပိုက်နေလေ၏။ရှမ်းစစ်သူကြီးသည် ဗညားကျန်းထော ဟူသော အမည်ကို ခံယူပြီး လူသူများကို စုရုံးရာ ဘုရင့်နောင်အား မကျေနပ်သော လူများမှ ပူပေါင်းကြသဖြင့် အင်အား ၄ သောင်း အထိ ရှိလာလေသည်။

ထိုသို့ အင်အားကြီးလာပြီး ဟံသာဝတီနေပြည်တော်ကို သိမ်းပိုက်မည်ဟု စစ်ကြေဌာပြီး ချီတက်လာလေ၏။
နေပြည်တော်အတွင်းတွင် မြို့စောင့်တပ် ၇ ထောင်သာ ရှိပြီး မြို့စောင့်မင်း အဖြစ်ကျန်ခဲ့သော နရပတိစည်သူ မှ နေပြည်တော်ကို ခိုင်ခံ့အောင် ပြု ပြီး ဘုရင့်နောင်ထံသို့ စာပို့လေသည်။ သို့သော် စာပို့ သံကို ဗညားကျန်းထော တပ်မှ ဖမ်းဆီးမိပြီး စစ်ကူခေါ်စာမှာ ဘုရင့်နောင်ထံသို့ မရောက်နိုင် ဖြစ်လေ၏။

ဗညားကျန်းထော လည်း နေပြည်တော် ကို ၀ိုင်းရံပြီး မြို့ ကို ပေးရန် အမိန့်ပေးလေသည်။ မြို့ စောင့်မင်း နရပတိစည်သူမှ ပရိယာရ်ပြုကာ ဘုရင့်နောင်၏ ဆွေးတော်မျိုးတော်များ နန်းတော်မှ တောင်ငူသို့ ပြေးသည့် ပုံစံလုပ်ကာ အမတ်တစ်ဦးဖြင့် အခြံအရံ အယောင်အဆောင်ဖြင့် မြို့ အနောက်တံခါးမှ ထွက်စေလေသည်။

ဗညားကျန်ထော၏ ရဲမက်များမှ ထိုအခြင်းအရာကို မြင်လျှင် ဗညားကျန်းထောထံ လျှောက်ရာ မြင်းတပ် ၅ ထောင်ဖြင့် လိုက်စေလေရာ ဗညားကျန်းထောတွင် မြင်းတပ်အင်အားလျော့လေသည်။ နရပတိစည်သူ လည်း အခွင့်ကောင်းယူပြီး ဆင်တပ် ၅၀၀ ဖြင့် မြို့  တံခါးဖွင့်ကာ ရုတ်တရုက် ထွက်တိုက်လေသည်။

ဗညားကျန်းထောတွင် ဆင် ၁၀ စီးသာ ရှိပြီး ရဲမက်များလည်း ရုတ်တရုက် ထွက်လာသော ဆင်တပ်ကို မတိုက်ဝံ့ဘဲ ဖရိုဖရဲ ပြေးလေသည်။ ဗညားကျန်းထောလည်း အခြေအနေမကောင်းသည်ကို သိသဖြင့် တပ်ကို ဆုတ်ရလေ၏။ နေပြည်တော်တွင် ပုန်ကန်သူများ သောင်းကျန်းနေသည် ဟူသော သတင်း သည် လူချင်းဆောင်ပြီး ဇင်းမယ်မြို့ အတွင်း ပြန့်နှံနေရာ ဘုရင့်နောင်မှ ထို သတင်းကို အတည်ပြု ရန် အမတ်တစ်ဦး ကို ဆင် ၆ စီး ၊ ခြေမြန် ကုလား ရှစ်ရာ ဖြင့် အလျင်အမြန် စုံစမ်းစေလေ၏။

ထိုစုံစမ်းလာသော အမတ်ကို ဗညားကျန်းထောတပ်မှ တိုက်ခိုက်ရာ အမတ်လည်း ကျဆုံးပြီး ကုလားရှစ်ရာ ကိုလည်း ဗညားကျန်းထောတပ်မှ ဖမ်းဆီးမိလေ၏။ ဘုရင့်နောင်လည်း ဧကန်အမှန် ပုန်ကန် သူ ရှိလိမ့်မည် ဟု တွေးမိပြီး သံလျင်မြို့ စားကို တိုက်ဆင် သုံးရာ၊ စစ်သည် နှစ်သောင်းဖြင့် နေပြည်တော်သို့ အလျင် ချီ တက်စေလေ၏။

လမ်းခုလတ်တွင် ဗညားကျန်းထောတပ်နှင့် တွေ့ပြီး တိုက်ကြရာ ဗညားကျန်းထော ထိုစစ်ပွဲတွင် ကျလေ၏။ ပုန်ကန်သူတို့လည်း ခေါင်းဆောင်ကျသဖြင့် ဖရိုဖရဲ ထွက်ပြေးကြကုန်လေသည်။ သံလျင်မြို့ စားလည်း ဟံသာဝတီနေပြည်တော်သို့ အလျင်ချီတက်ကာ ပုန်ကန်သူများကို ဘုရင့်နောင်၏ အမိန့်အတိုင်း လိုက်လံ ဖမ်းဆီးရာ ၅ ထောင်ကျော် ဖမ်းဆီးမိလေသည်။


Share:

No comments:

Post a Comment