Skip to main content

လုံဖလီခံတပ် တိုက်ပွဲ

ယိုးဒယားမင်းမှ လုံဖလီတွင် တပ်စခန်းချနေသည်ကို ဘုရင့်နောင်ကြားလျှင် မိမိ၏ တပ်အပေါင်းတို့ကို လုံဖလီခံတပ်အား တိုက်စေလေသည်။ နှစ်ဦးနှစ်ဖက် စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး ယိုးဒယားမင်းမှ အရေးမသာသဖြင့် စီးတော်မြင်းနှင့် ရရာ ရဲမက်များဖြင့် အယုဒ္ဓယမြိုတွင်း သို့ ဆုတ်လေ၏။ အေဒီ ၁၅၆၄ ဖေဖော်ဝါရီ ၁၁ တွင် လုံဖလီခံတပ်ကို ဘုရင့်နောင်သိမ်းပိုက်ရလေသည်။

ဘုရင့်နောင်သည် လုံဖလီခံတပ်တွင် နေကာ မိမိ၏သားတော်၊ညီတော်များကို အယုဒ္ဓယမြိုအား ၀ိုင်းရံစေ ပြီး အမြှောက်ကြီးများ၊မြတပူကြီးများကို အယုဒ္ဓယမြိုရိုးထက်မြင့်သော မျှော်စင်များပေါ်တွင်တင်ကာ မြို့ တွင်းသို့ အဆက်မပြတ်မိုးရွာသလို ပစ်စေလေ၏။  အယုဒ္ဓယမြိုလည်း ရစရာမရှိ ပျက်စီးလာသဖြင့် မှူးမတ်တို့မှ ယိုးဒယားမင်းအား လက်နက်ချရန် အကြံပြု လေရာ ယိုးဒယားမင်းလည်း ရဟန်းတော်တစ်ပါးကို သံအဖြစ် ကြွစေပြီး လက်နက်ချမည့်အကြောင်းဘုရင့်နောင်ထံ လျှောက်တင်လေ၏။

ဘုရင့်နောင်လည်း စစ်ပွဲငြိမ်းစေလျှင် ယိုးဒယားမင်းကိုယ်တိုင် ဆင်ဖြူ လေးစီး နှင့် အဆောင်အယောင် အခမ်းအနားများဖြင့် ထွက်လှာစေရန် အမိန့်တော်ပေးလိုက်၏။ ယိုးဒယားမင်းလည်း ထို့အမိန့်ကိုကြားလျှင် ဆင်ဖြူ လေးစီး ပေါ်တွင် အထူးထူးသော ရတနာများကို တင်လျက်၊ မင်းခန်းမင်းနား အဆောင်အယောင်
ဖြင့် အေဒီ ၁၅၆၄ ဖေဖော်ဝါရီ ၁၈ တွင် မြို့ တွင်းမှ ထွက်ကာ ဘုရင့်နောင်ထံ အညံခံလေသည်။


ဘုရင့်နောင်နှင့် တွေ့ဆုံကြပြီး ဘုရင့်နောင်မှ ယိုးဒယားမင်း၏ သားတော်ကို  အယုဒ္ဓယမြို၏ ဘုရင်အဖြစ် ခန့်ပြီး ကျန်ရှိနေသော ယိုးဒယားမင်း၏ ညီတော်များကိုလည်း စားမြဲရာထူးအတိုင်းပေးလေ၏။ ယိုးဒယားဘုရင်၊ သားတော်အငယ် နှင့် ဆင်ဖြူလေးစီး ကိုမူ ဟံသာဝတီသို့ ခေါ်ယူတော်မူခဲ့သည်။

ယိုးဒယားမှ ပြန်တော်မူပြီး ဟံသာဝတီသို့ အေဒီ ၁၅၆၄ မတ် ၂၈ တွင် ရောက်တော်မူလေသည်။ အေဒီ ၁၅၆၄ မေ ၁၅ တွင် မိဖုရားခေါင်နတ်ရွာစံတော်မူလေသည်။ နောက်တနေ့တွင် မြေငလျင်ပြင်းစွာ လူပ်သဖြင့် ဘုရားဂူကျောင်းများ ပြို ပျက်လေ၏။ ဘုရင့်နောင်လည်း ပြို ပျက်သော ဘုရားဂူကျောင်းများကို
ပြန်လည် မွမ်းမံစေလေ၏။

လွှတ်တော်အစည်းအဝေးတွင် မှူးမတ်များမှ ဇင်းမယ်ဘုရင်သည် မိမိတို့ ယိုးဒယားကို စစ်ချီစဉ် နောက်တော်မှ လိုက်ပါခြင်းမရှိ၊ အခွန်တော်ကိုလည်း မဆက်သ၊ ဇင်းမယ်တွင်ရှိသော ဟံသာဝတီသံ များမှလည်း သတင်း မကြား စသဖြင့် လျှောက်တင်ကြလေသည်။ ဘုရင့်နောင်လည်း ညီတော်များကို မေးလျှင် ညီတော်များမှ ဇင်းမယ်မင်းသည် ဘုရင့်နောင်၏အမိန့်တော်အား ပမာမခန့်လုပ်သဖြင့် စစ်ချီခြင်းဖြင့်သာ အရေးတော်ကို ပြီးနိုင်မည်ဟု ပြန်လည် လျှောက်တင်ကြလေ၏။

သို့ဖြင့် ဘုရင့်နောင်သည် ဇင်းမယ်ကို စစ်ချီရန် အမိန့်တော် ထုတ်ပြန်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။