Skip to main content

ဘုရင့်နောင်၏ ဆင်ဖြူ တော်စစ်ပွဲ

ဗညားဒလ ယိုးဒယားသို့ ရောက်ပြီး စာပေစီကုံးကာ ယိုးဒယားဘုရင်ထံ လျှောက်ရာ ဘုရင်မှ လက်မခံသည့် အပြင် ဘုရင့်နောင်၏သံကိုလည်း မချေမငံ တုံ့ပြန်လိုက်လေ၏။ ဗညားဒလလည်း နေပြည်တော်ပြန်ရောက် လျှင် အကြောင်းစုံကို ဘုရင့်နောင်အား လျှောက်တင်လေသည်။ ဘုရင့်နောင်လည်း အမျက်တော်ရှပြီး လွှတ်တော်အစည်းအဝေးခေါ်ကာ ယိုးဒယားအား စစ်တိုက်မည်ဟု အမိန့်တော်ထုတ်လေသည်။ ထိုအခါ မှူးမတ်နှင့် စစ်သူကြီးများကလည်း အောင်နိုင်ရေးအတွက်သာ ကြိုးပမ်းစုံစမ်းရလေ၏။

ယိုးဒယားသို့ ရောက်ခဲ့သော ဗညားဒလမှာမူ အရေးတော်မသာလျှင် မိမိ၏သခင်သည် စစ်တိုက်လိမ့်မည် ကို သိသဖြင့် ယိုးဒယားမြို့ ၏ အနေအထားတို့ကိုပါ တခါထဲလေ့လာ ခဲ့သဖြင့် ဘုရင့်နောင်အတွက် အလွန် အကျိုးရှိခဲ့၏။ ဘုရင့်နောင်သည် ရှမ်းစော်ဘွားများကိုလည်း နေပြည်တော်သို့ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာရန် အမိန့်ပြန်ပြီး နေပြည်တော်တွင် မိမိ၏ ရွှေဖြင့်ပြီးသော သောက်တော်ရေ တကောင်းဖုံး၊ စားတော်အိုး၊ ရွှေယပ်တော် တို့ကို မဟာစေတီတွင် ဌာပနာကာ ရဟန်းတော်များကို ဆွမ်းလုပ်ကျွေးတော်မူ
ပြီး အလှူ အကြီးအကျယ်လုပ်လေသည်။

ရှမ်းစော်ဘွားတပ်များ ရောက်လာသော် မိမိ၏ တပ်မကြီးနှင့် စည်းကမ်းတကျ ပူပေါင်းစေပြီး စော်ဘွားများကို မိမိလက်ဝဲလက်ယာ တွင် မိမိနှင့် တန်းတူ ထီးဖြူ မိုးစေလျက် ယိုးဒယားသို့ ချီတက်လေသည်။ အေဒီ ၁၅၆၃ အောက်တိုဘာလ ၁၂ တွင် နေပြည်တော်မှ စစ်အင်အား ၃ သိန်းကျော်ဖြင့် ချီတက်လေ၏။ (တချို့  မှတ်တမ်းတွင် ၄ သိန်းကျော် )


ဘုရင့်နောင်၏ တပ်တော်သည် ရှေးဦးစွာ ကမန်ပိုက်ကို သိမ်းတော်မူသည်။ တပ်မှူးအပေါင်းနှင့် ရဲမက်တို့ သည် အမိန့်တော်အတိုင်း အကြောက်အရွံ့ မရှိ မြို့ ရင်းကို အလုံးအရင်း ချီတက်ပြီး လှေကားများဖြင့် ထောင် တက်သဖြင့် ယိုးဒယားနေပြည်တော်၏ မြို့ ရံများသည် လျင်မြန်စွာ ကျလေ၏။ ဘုရင့်နောင်သည် အယုဒ္ဓယမြို့ တော်ကို အလျင်မတိုက်ဘဲ မြို့ ရံများကို အရင်တိုက်၏။

မြို့ ရံများအားလုံးကို ရလျှင် အယုဒ္ဓယမြို့ တော်သို့ အလုံးအရင်းဖြင့် ချီတက်လေသည်။ ထိုသတင်းကို ယိုးဒယားမင်းနောင်တော်မှ စာဖြင့်စေပြီး ဘုရင်အား လက်နက်ချရန် အကြံပြု လေသည်။ ယိုးဒယားမင်းသည် သတင်းကိုကြားသော်လည်း လက်နက်ချလိုခြင်းမရှိဘဲ ခေါင်းမာစွာ ဖြင့် သားတော်အိမ့်ရှေ့မင်း ကို လက်နက်အများဖြင့် ဘုရင့်နောင်ကို ဆီးကြို တိုက်စေလေသည်။

အိမ်ရှေ့မင်း ဗြမဟိန်( Phra Mahin ) ၏ တပ်နှင့် နေမျိုးကျော်ထင် ဦးဆောင်သော မြင်းတပ်တို့ လမ်းမှ တွေ့ကြရာ အပြင်းအထန်တိုက်ကြလေသည်။ နေမျိုးကျော်ထင်ဘက်မှ အကျအရူံးများလေ၏။ ထိုအချိန်တွင် ဟံသာဝတီ ဥပရာဇ ဦးဆောင်သော တပ်များ ရောက်လာပြီး ဆင်ဖြင့် ဖိတိုက်ရာ ယိုးဒယား အိမ်ရှေ့မင်းတပ် နောက်ဆုတ်ရလေသည်။

ယိုးဒယားဘုရင်လည်း မိမိသား အရေးမလှသည်ကို သိသော် ညီတော်အား စစ်အင်အား ၆ သောင်းကျော် ကို ဦးဆောင်စေပြီး ယိုးဒယားဘုရင်ကိုယ်တော်မူ နောက်မှ ဆင်သုံးရာ၊မြင်း သုံးထောင် ၊ ခြေလျင်တပ် ၅ သောင်းဖြင့်  ချီတက်လေသည်။ ချီတက်ပြီး လုံဖလီ( Lumphli ) ဆိုသော အရပ်တွင် ခံတပ်မြို့  ဆောက်ကာ ဘုရင့်နောင်အလာကို စောင့်နေလေသည်။ ယိုးဒယားဘုရင်သည် စစ်အင်အား အလုံးအရင်း နှင့် ဥရောပမှ လာသော လက်နက်ကောင်းများရှိသဖြင့် ဘုရင့်နောင်၏ တပ်ကို အနိုင်တိုက် နိုင်မည်ဟု ယုံကြည်နေလေ၏။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။