ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက် ဇင်းမယ်ကို သိမ်းရန်စစ်ပြင်ဆင်ခြင်း

မိုးမိတ်နှင့် မိုးညှင်းကို အောင်မြင်ပြီးသော် ဘုရင့်နောင်သည် အုန်းပေါင်၊မိုးကောင်း၊မိုးနဲ၊ညောင်ရွှေ အစရှိသော ရှမ်းစော်ဘွားများ၏ ပြည်ထောင်များကို တိုက်ရန် ပြင်ဆင်တော့လေ၏။ ညီတော် အင်းဝစား သတိုးမင်းစောကို မြင်းတပ် ၉ တပ်အား ကြီးကြပ်စေလျက် ဘုရင့်နောင်နှင့် ကျန်ရှိ ညီတော်၊သားတော် များကမူ နောက်မှ အလုံးအရင်းဖြင့် အုန်းပေါင်စော်ဘွားနဲ့ စစ်ခင်းရန် ချီတက်လေ၏။

လမ်းခုလတ်တွင် စစ်အင်အား ခုနှစ်သောင်း ဖြင့် ချီ တက်လာသော အုန်းပေါင်စော်ဘွား၏ တပ်နှင့် တွေ့ သဖြင့် သတိုးမင်းစော၏ မြင်းတပ် နှင့် အပြင်းအထန်တိုက်ကြလေ၏။ စော်ဘွားဘက်မှ ဆင်တပ်များဖြင့် အလုံးအရင်း ၀င်တိုက်သဖြင့် မခံနိုင်ဘဲ ဆုတ်ရာ နောက်မှ ချီတက်လာသော ဘုရင့်နောင်တပ်တော်မှ အင်အားဖြည့်ကာ အပြင်းအထန်ဝင်တိုက်ကြသဖြင့် နှစ်ဦးနှစ်ဘက် အကျအရူံးများလေ၏။

စော်ဘွား၏ ညီတော်မှ တပ်အင်အား ၁ သောင်းဖြင့် စစ်ကူလာကာ အပြင်းအထန် တိုက်ကြလေသည်။ ဘုရင့်နောင်၏ လက်ရုံးဖြစ်သော ဗညားဒလ နတ်သပြောင်ကျော် နှင့် စော်ဘွား၏ ညီ စီးချင်းထိုးကြရာ
စော်ဘွားညီ၏ ဆင်မှာ အင်အားမတန်ဖြစ်ရာ ဗညားဒလ၏ ဆင်မှ အစွယ်ဖြင့် ထိုးသဖြင့် သေဆုံးလေ၏။
စော်ဘွားညီလည်း မြင်းဖြင့် ပြေးလေ၏။

ဘုရင့်နောင်ဘက်မှ အပြင်းအထန် ပြန်ဖိတိုက်ခိုက်သဖြင့် စော်ဘွားတပ်များ မခံနိုင်ဘဲ တပ်ပျက်ကာ အုန်းပေါင်မြို့ နှင့်တကွ စော်ဘွားအား အရှင်ဖမ်းမိလေသည်။ ဘုရင့်နောင်၏ တပ်လည်း တစ်ဝက်ကျော် ကျရူံးရလေသည်။ မိမိ၏ တပ်အင်အားကို ပြန်လည် ဖြည့်ရန် အမိန့်ထုတ်ပြီး အုန်းပေါင်တွင် တစ်လခန့် နားပြီး မိုးကောင်းကို တိုက်ခိုက်ရန် ပြင်ဆင်လေ၏။

အေဒီ ၁၅၅၇ ဖေဖော်ဝါရီ ၈ ရက်တွင် မိုးမိတ်မှ တဆင့် မိုးကောင်းကို ချီတော်မူလေ၏။ မိုးကောင်းစော်ဘွား လည်း ဘုရင့်နောင်တပ်များ ချီတက်လာသည်ကို ကြားသော် မြို့ မှ ခွာကာ နွယ်ပတ်ပု တောတွင် သစ်ခံတပ်မြို့  ဆောက်ကာ ခုခံရန် ပြင်ဆင်လေ၏။ ခံတပ်မြို့ မှာ သစ်ခံတပ်သာ ဖြစ်သဖြင့် ဘုရင့်နောင် လည်း မိမိ၏ သမက်တော် သတိုးမင်းစောကိုသာ လွှတ်ပြီး တိုက်ခိုက်စေရာ စော်ဘွားမှာ မခံနိုင်ဘဲ လက်နက်ချလေသည်။ ဘုရင့်နောင်လည်း စော်ဘွားကိုဖမ်းကာ နေပြည်တော်သို့ ပို့ကာ အကျယ်ချူ ပ်ဖြင့် စော်ဘွား စည်းစိမ်အတိုင်း ထားရန် အမိန့်ထုတ်လေ၏။

မိုးကောင်းကို နိုင်လျှင် မိုးနဲမြို့ ကို ချီတက်တိုက်ခိုက်ရန် ပြင်ဆင်လေတော့၏။ မိုးနဲစော်ဘွားလည်း ဘုရင့်နောင် ချီတက်လာသည်ကိုကြားလျှင် မြို့ တွင်းမှ မခံဘဲ ထွက်ပြေးလေ၏။ ထိုကြောင့် မိုးနဲမြို့ ကို အလွယ်တကူ ရလေသည်။ အနီးတစ်ဝှက်တွင်ရှိသော မိုးနဲစော်ဘွား၏ လက်အောက်ခံ မြို့ စား၊ရွာစား များမှ လက်ဆောင်များဖြင့် ဘုရင့်နောင် လက်အောက်သို့ ၀င်လာကြကုန်၏။ မိုးနဲစော်ဘွားလည်း အမတ်များ၏ တိုက်တွန်းမူကြောင့် လက်နက်ချတော်မူရာ ဘုရင့်နောင်မှ စားမြဲ မိုးနဲကိုသာ ပြန်လည် ပေးအပ်လေသည်။

ပုဂံခေတ်မှ အရှေ့တောင်အာရှ ပြည်ထောင်များ
ဘုရင့်နောင်လည်း သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ရှမ်းစော်ဘွားပြည်ထောင်များကို အလိုပြည့်ပြီးသော် မှူးမတ်များ နှင့် ရှမ်းပြည်တစ်လွှားကို ထပ်မံသိမ်းပိုက်သင့်မသင့်ကို တိုင်ပင်လေ၏။ ထိုအခါ ညီတော် အိမ်ရှေ့မင်းမှ သိန်းနီစော်ဘွားသည် မင်တရုတ် ( Ming Dynasty ) နှင့် အဆက်အသွယ်ရှိ၏၊ စစ်ဖြစ်လျှင် တရုတ်တပ်များ စစ်ကူချီကာ အရေးတော် မလှ ဖြစ်လိမ့်မည်။ ဟရိဘုဥတိုင်း ( Haribhunjaya - ဇင်းမယ် ) သည် ဆင်ကောင်း၊မြင်းကောင်း များ၏၊ ရွှေငွေရတနာများဖြင့်လည်း ကြွယ်ဝ၏။ မြို့ ရံ ၅၇ မြို့  နှင့်လည်း အလုံးအရင်းဖြင့် ဖြစ်သည်။ မည်သည့် ပြည်ထောင်နှင့်မျှ စစ်မဖြစ်ဖူးသေး၊ သို့ကြောင့် စစ်ဖြစ်လျှင် မိမိတို့ သာ လျှင် နိုင်ရန်အကြောင်းရှိသည် ဟု လျှောက်လေ၏။

စစ်သူကြီး ဗညားဒလ ကလည်း အိမ်ရှေ့မင်းသား အား ထောက်ခံပြီး ဇင်းမယ်ကို အလိုပြည့်ပြီးလျှင် မဟာနဂရတိုင်း ဖြစ်သော ကျို င်းရုံး၊ ခေမာဝရတိုင်းဖြစ်သော ကျိုူ င်းတုံ စသည်ကို လက်နက်နိုင်ငံအဖြစ် သိမ်းမည် ဟု လျှောက်တင်လေ၏။ ကျန်ရှိသော စစ်သူကြီးများဖြစ်သော ဗညားပရံ၊ သတိုးမင်းစော၊ မင်းရဲကျော်စွာ များကလည်း ဇင်းမယ်အား အရင်တိုက်မည့်အရေးကို ထောက်ခံကြရာ ဘုရင့်နောင်လည်း ဇင်းမယ် သို့ စစ်ချီရန် စစ်ပြင်တော့လေသည်။

Share:

No comments:

Post a Comment