Skip to main content

အင်းဝမင်းဆက် ပျက်သုဉ်းခြင်း

အင်းဝတပ်ပျက်လျှင် ဘုရင်နရပတိစည်သူလည်း တပ်ကို အင်းဝနေပြည်တော်ထိ အလျင်အမြန် ပြန်ဆုတ်
လေ၏။ ဘုရင့်နောင်တပ်တို့လည်း အင်းဝမြို့ အထိ လိုက်သွားသော်လည်း မြို့ တွင်းမှ စိန်ပြောင်းများဖြင့် အဆက်အပြတ် ပြန်ပစ်သဖြင့် မချဉ်းနိုင်ဘဲ စခန်းချရာသို့ ပြန်လည် ဆုတ်သွားလေသည်။ ဘုရင့်နောင် လည်း မိမိ၏ တပ်သားများ စစ်မာန်များတက်နေချိန် အင်းဝလက်အောက်ခံ မြို့ များကို သိမ်းရန် ညီတော် ကို အမိန့်ချကာ ရဲမက် ၅ ထောင်ကျော်ပေးပြီး တိုက်စေလေသည်။ ညီတော်လည်း မြောင်းတူး၊ ပုခန်းကြီး များကို တိုက်ခိုက်အောင်မြင်၏။ ပုခန်းစားလည်း စစ်ရူံးကာ မိုးညှင်းစော်ဘွားထံ ပြေးဝင်လေသည်။



အင်းဝခေတ်မှ ရဲမက်များ စစ်အစီအရင်
ဘုရင့်နောင်အမိန့်ဖြင့် အင်း၀၀န်းကျင်ရှိ မြို့ ရွာ အတော်အများကို သိမ်းပိုက်ရမိလေသည်။ ဘုရင့်နောင်သည် စစ်ကူလာသော မိုးကောင်းစော်ဘွား တပ်ကို လမ်းခုလတ်တွင် ဖြတ်တိုက်ရာ မိုးကောင်းစော်ဘွားတပ် ပျက်လေ၏။ မိုးညှင်းစော်ဘွားတပ်ကိုလည်း စစ်ကြောင်းခွဲကာ ခြုံခိုတိုက်ပြန်၏။ မိုးညှင်းကိုလည်း နိုင်ပြန်
လေသည်။ ဘုရင့်နောင်သည် စော်ဘွားတပ်များ မပေါင်းမိအောင် အချိန်တိုအတွင်း အပြင်းအထန် ထိုးစစ် ဆင်၏။


အင်းဝခေတ်၊ဟံသာဝတီခေတ်မှ ရဲမက်များ မြို့ ကိုသိမ်းနေပုံ
ညီတော်မင်းရဲကျော်ထင် တို့ကိုလည်း အင်းဝကို စစ်ကြောင်း ၁၀ မျက်နှာ ဖွင့်စေပြီး တိုက်ခိုက်စေလေ၏။ အင်းဝထံလာသော စစ်ကူများကို ဘုရင့်နောင်ကိုယ်တိုင် လိုက်လံတိုက်ခိုက်နေသဖြင့် ရှမ်းစော်ဘွားများ မပေါင်းမိဘဲ တပ်များဖရိုဖရဲဖြစ်ကာ တပ်ပြန်ဆုတ်သွားကြလေသည်။ ထိုအချိန် ညီတော်မင်းရဲကျော်ထင် လည်း အင်းဝကို ပြင်းပြင်းထန်ထန် တိုက်ရာ အင်းဝဘုရင်မှာ စိတ်ဓါတ်ကျကာ လက်လျော့ အရူံးပေးလိုက် သဖြင့် မြို့တံခါးပျက်ပြီး ဘုရင့်နောင်တပ်များ အင်းဝကို နေမ၀င်မီတွင် သိမ်းပိုက်ရမိလေသည်။ အေဒီ ၁၅၅၅ ဇန်န၀ါရီ ၂၂ မနက်တွင် ညီတော်မင်းရဲကျော်ထင် စစ်ကို စတင်ဆင်နွဲပြီး ညနေစောင်းတွင် အင်းဝတမြို့ လုံး ကိုရလေသည်။

အင်းဝဘုရင် နရပတိစည်သူလည်း မြင်းတစ်စီး၊ ကျွန်လူယုံ ၅ ယောက်ဖြင့် နန်းတော်မှ ပြေးလေရာ ဘုရင့်နောင်တပ်၏ ကင်းစောင့်များ တွေ့ပြီး လိုက်လံ ဖမ်းဆီးကာ ဘုရင့်နောင်ကို ဆက်သလေသည်။ ဘုရင့်နောင်သည် မြို့ သိမ်းပွဲကို အကြီးအကျယ်ပြုလုပ်ပြီး ညီတော် မင်းရဲကျော်ထင်ကို သတိုးမင်းစော ဘွဲ့ပေးကာ အင်းဝမြို့ ကို အုပ်ချု ပ်စေလေသည်။

စော်ဘွားများလည်း တပ်များကို ပြန်လည်ပေါင်းစုကာ မဟာမိတ်ဖြစ်သော အင်းဝဘုရင်ကို ပြန်လည် ကူရန် တိုင်ပင်ပြီး အလုံးအရင်းဖြင့် သာဝတ်ထိမြို့ တွင် ခံတပ်ဆောက်နေလေ၏။ ထိုအကြောင်း ဘုရင့်နောင်ကြား လျှင် စစ်သည်များကို ပြန်လည်စုရုံးပြီး သာဝတ်ထိမြို့ ကို ချီတက်တိုက်ခိုက်၏။ စော်ဘွားများ မခံနိုင်ဘဲ တပ်ကို ထပ်မံဆုတ်ပြီး မြေတူးတွင် စုရုံးပြန်၏။ ညီတော် သတိုးမင်းစောလည်း မြေတူးကို တိုက်ပြန်၏၊ စော်ဘွားများလည်း ရွပ်ရွပ်ချွံချွံ ခုခံသဖြင့် မြို့ တွင်းမဖောက်နိုင်ဖြစ်နေရာ ဘုရင့်နောင်တပ်မကြီး စစ်ကူရောက်လာတော့မှ စော်ဘွားတပ်များ ပျက်ကာ ဆုတ်ရလေသည်။ စော်ဘွားများလည်း မိမိတို့ မြို့ သို့ ပြန်လည် ဆုတ်ခွာရန် သဘောတူကြပြီး တပ်များကို ခွဲကာ ဆုတ်ခွာကြကုန်၏။

ဘုရင်နောင်လည်း လိုက်တိုက်ရန် ပြင်ဆင်ပြန်ရာ မှူးမတ်များမှ မိုးကျတော့မည်ဖြစ်ကြောင်း၊ ရှမ်းတို့သည် ဘုရင့်နောင်၏ လက်ရုံးရည်ကို သိသွားကြကုန်သည်ဖြစ်ပြီး နောင်ပွင့်လင်းရာသီမှ ချီတက်သော် စော်ဘွား
များ အားလုံး ဘုရင့်နောင် ခြေရင်းသို့ ခယလာမည်ဖြစ်ကြောင်း လျှောက်ထားကြလေမှ သဘောကျကာ မိမိ သိမ်းပိုက်ထားသော မြို့ ရွာများကို လူယုံများ ထားကာ ဟံသာဝတီသို့ ပြန်ရန် စီစဉ်လေတော့သည်။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။