စစ်ချီရင်း လမ်းခုလတ်တွင် နတ်ရွာစံခြင်း

ညောင်ရမ်းမင်းသည် ဗန်းမော်စော်ဘွားကို အောင်နိုင်ပြီးသည့်နောက် အင်အားကြီးသော မိုးကောင်းသို့ စစ်ချီရန် စစ်ပြင်ဆင်ပြန်လေသည်။ မိုးကောင်းစော်ဘွားလည်း ချီတက်လာသော ညောင်ရမ်းမင်း၏ တပ်ကို ပြန်လည်ခုခံလေ၏။ သို့သော်လည်း အင်အားမမျှသဖြင့် ရူံးနိမ့်ကာ တပ်ပျက်လေသည်။
မိုးကောင်းစော်ဘွားကိုလည်း အရှင်ဖမ်းမိလေသည်။

Share:

ညောင်ရမ်းမင်း အာဏာတည်ဆောက်ပုံ

တောင်ငူဘုရင်နှင့်ရခိုင်ဘုရင်တို့သည် မဟာမိတ်များဖြစ်ကြရာ မင်းနှစ်ပါး သည်သံတမန်များဖြင့် အမြဲတမ်း ဆက်သွယ်လေ့ရှိကြသည်။တနေ့လျှင် ရခိုင်ဘုရင်မှ စကားကြွယ်သောသံအမတ်တဦးကို ခေါင်းဆောင်စေ
ပြီး'' ကေတုမတီနှင့်ဓည၀တီတို့ အကြားတွင် သံအဖွဲ့များကို ဓားပြများအမြဲတစေလုယှက် နှောက်ယှက်လေ့ ရှိ၏။ ထိုကြောင့် အကျွန်ုပ်၏ အလုံးအရင်း သံလျင်မြို့တွင်နေလျှင် နှစ်ပြည်ထောင် သံတမန် ဆက်ဆံရေး ပိုမိုပေါက်မည့်အပြင် အရောင်းအ၀ယ်လည်း ပိုမိုကောင်းကာ အခွန်များစွာ ရနိုင်မည် '' ဟု စေလေ၏။

Share:

ဖခင်ဘုရင့်နောင် ခြေရာလိုက်လိုသော ညောင်ရမ်းမင်းသား

တပင်ရွှေထီး သည် တောင်ငူမင်းဆက် (အင်ပါယာ) တည်ထောင်ရန် ကြိုးစားခဲ့ပြီး ဘုရင့်နောင်လက်ထက်မှ အင်ပါယာတခုဖြစ်အောင် ပြုလုပ်နိုင်ခဲ့သော တောင်ငူအင်ပါယာ (Taungoo Dynasty 1485-1752 ) သည် နန္ဒဘုရင်လက်ထက်တွင် ပြိုကွဲသွားသည် ဟုဆိုနိုင်သော်လည်း ဘုရင့်နောင်၏ သားတော် ညောင်ရမ်းမင်းမှဖခမည်းတော်၏ ပြိုကွဲသွားသည့် နယ်ပယ်များ ကို ပြန်လည်စုစည်းဖို့ ကြိုးစားသဖြင့် သမိုင်းဆရာများမှ ညောင်းရမ်းမင်းမှ ဆင်းသက်သော မင်းများကို တောင်ငူအင်ပါယာ ၏ မင်းဆက် တွင် ထည့်ခဲ့ကြသည်။

Share:

ဘုရင့်နောင်ထူထောင်ခဲ့သော အင်ပါယာ ပြိုကွဲခြင်း

အေဒီ ၁၅၉၇ ခုနစ်တွင် ရခိုင်ဘုရင်မှ ဟံသာဝတီကို စစ်တိုက်ရန် ပြင်နေချိန် ဟံသာဝတီထီးနန်းတွင် နန်းတွင်းရေးရူပ်ထွေးနေလေ၏။ထိုနှစ် နတ်တော်လတွင် နန္ဒဘုရင်အားကိုးရသော သက်တော်ရှည်ဘွဲ့ရ အမတ် သည် ဘုရင်၏ အမျက်တော်ကြောင့် တံကျင်တင်ပြီး သေဒဏ်ပေးခြင်းခံရသည်။ နန္ဒဘုရင်မှာလည်း တရားရေးများကို မိမိစိတ်အလိုရှိသည်အတိုင်း သာ ဆုံးဖြတ်တော့သည်။ ပညာရှိအမတ်များလည်း မင်းအာဏာကို ကြောက်သဖြင့် မပြောဝံ့ကြပေ။ ဘုရင့်သားတော် အိမ်ရှေ့မင်းလည်း နေပြည်တော်တွင် ဆိုးသွမ်းသောင်းကျန်းနေလေ၏။ 
Share:

ဟံသာဝတီအင်ပါယာ၏ နေ၀င်ချိန်

နန္ဒဘုရင်လက်ထက်တွင် စစ်ချီထွက်လျှင် ကျန်းမာကြံခိုင်သော ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေး
ပြီး လိုက်ပါအမူထမ်းရလေ၏။ သို့သော် စစ်ချီထွက်လိုခြင်းမရှိသော ယောင်္ကျားများသည် ရဟန်းဝတ်ကြ 
လေ၏။ ထိုအခါ နေပြည်တော်တွင် ရဟန်းတော်များ၏ အရေအတွက်များ တနေ့တခြားများလာလေရာ ရဟန်းစစ်များနှင့် ရဟန်းတုများကို အေဒီ ၁၅၉၃ မေလတွင် စစ်ဆေးကာ ရဟန်းတုများကို လူထွက်စေ၏။ 
နာမည်ကြီးသော ဘားမဲ့ဆရာတော် နှင့် ဘားတမော့ဆရာတော်ကိုလည်း မယုံကြည်သဖြင့် ညောင်ရမ်းသို့ ပို့ဆောင် သီတင်းသုံးစေလေသည်။ ထိုဆရာတော် နှစ်ပါးသည် မွန်ဘုန်းကြီးဖြစ်လေရာ ထိုသို့ ညောင်ရမ်းသို့ ပို့ဆောင်ခြင်း အပေါ် နေပြည်တော် တစ်ဝှက်ရှိ မွန်လူမျိုးများ သဘောမကျကြချေ။ 

Share:

ဟံသာဝတီအိမ်ရှေ့စံမင်းသား ၏ နောက်ဆုံးတိုက်ပွဲ

နန္ဒဘုရင်သည် ယိုးဒယားမှ ဆုတ်ခွာလာပြီး ဟံသာဝတီတွင် အင်အားဖြည့်နေစဉ် ယိုးဒယားဘုရင် ဗြနရစ် မှ စစ်အင်အား ၈ သောင်းကျော်ဖြင့် ချီတက်လာလေ၏။ စစ်ချီတက်လာခြင်းအကြောင်းကို မုတ္တမစားသည် ကင်းစောင့်မှ တဆင့်သိရပြီး နေပြည်တော်သို့ သတင်းချက်ခြင်းပို့လေသည်။ နန္ဒဘုရင်လည်း မုတ္တမစားကို ဗိုလ်မှူးခန့်ကြောင်း အမိန့်တော်ပြန်လိုက်ပြီး မုတ္တမနယ်တစ်ဝိုက်ရှိ မြို့စား ၃၂ ဦးတို့၏ စုပေါင်းတပ်မ ဖြင့် ခုခံ စေလေ၏။ 

Share:

နန္ဒဘုရင် ၏ မအောင်မြင်သော ယိုးဒယား တိုက်ပွဲ

အေဒီ ၁၅၈၅ ဧပြီလတွင် ဟံသာဝတီနန္ဒဘုရင် သည် စစ်တပ်အင်အား တစ်သိန်း နှစ်သောင်းကျော်ကို အိမ်ရှေ့မင်းသား အား ဦးဆောင်စေပြီး ယိုးဒယားသို့ ထပ်မံချီတက်စေလေသည်။ ဗြနရစ်လည်း လမ်းခုလတ်တွင် ဆီးကြိုပြီး ခုခံ၏။ သို့သော်လည်း မခံနိုင်ဘဲ တပ်ကို ဆုတ်ကာ စုကလိခံတပ်တွင် စခန်းချပြီးနေလေသည်။ ခံတပ်တွင် မြတပူ၊စိန်ပြောင်း အမြှောက်ကြီးများ အထပ်ထပ်ချထားသဖြင့် ဟံသာဝတီတပ်များ အနားကပ်မရဖြစ်နေလေ၏။

Share:

မျိုးချစ်စိတ်ပြင်းသော ယိုးဒယားမင်းဗြနရစ်

ဟံသာဝတီနန္ဒဘုရင် အင်းဝသို့ ချီတက်ချိန်တွင် ယိုးဒယားဘုရင်ဗြနရစ်အား စစ်ကြောင်းတခုအဖြစ်ချီရင် အမိန့်ချထားရာ ယိုးဒယားဘုရင်ဗြနရစ်သည် အချိန်နောက်ကျမှ ချီတက်လာလေ၏။ နန္ဒဘုရင်မှ အင်းဝ သို့ ချီတက်သွားပြီဟု ကြားလျှင် အင်းဝသို့ မလိုက်ဘဲ ဟံသာဝတီမြို့တော်သို့ ချီတက်လာလေသည်။ ထို ချီတက်လာသော ယိုးဒယားတပ်ကို ဟံသာဝတီမြို့တော်စောင့် မင်းသားဥပရာဇာလည်း ခမည်းတော် အင်းဝ သို့ ချီသွားလေပြီ၊ အင်းဝသို့သာ လိုက်လေ ဟု စာချွန်တော်ဖြင့် ဟံသာဝတီမရောက်ပြီ မြင်းဖြင့် ပို့ စေလေ၏။ အိမ်ရှေ့ဥပရာဇာလည်း ဗြနရစ်ကို မယုံသဖြင့် မြို့တော်ကို အခိုင်အလုံလုပ်ကာ မြို့ရိုးပေါ်တွင် စိန်ပြောင်းကြီးများကို တင်ပြီး အသင့်အနေထားဖြင့် နေလေ၏။ 

Share:

နန္ဒဘုရင် နှင့် အင်းဝသတိုးမင်းစော တို့ စစ်ပွဲ

အင်းဝရှိ သူလျှိုများ၏ သတင်းပေးမူကြောင့် အင်းဝစစ်ပြင်နေသည်ကို ဟံသာဝတီ နန္ဒဘုရင်သိလျှင် ပြန် ခုခံ တိုက်ရန် ပြင်ဆင်လေ၏။ ဟံသာဝတီမှူးမတ်တို့၏ တိုက်တွန်းအကြံပေးမူကြောင့် နန္ဒဘုရင်သည် အင်းဝစစ်မချီမီ လက်ဦးမူယူပြီး အင်းဝသို့ အပြင်းချီတက်လေသည်။ နန္ဒဘုရင်သည် သားတော်ဥပရာဇာကို ဟံသာဝတီမြို့စောင့်ရန် ထားခဲ့ပြီး အေဒီ ၁၅၈၄ မတ်လ ၁၅ တွင် အင်းဝသို့ ချီတက်လေသည်။ 

Share:

နန္ဒမင်းသား ဟံသာဝတီထီးနန်းကို သိမ်းခြင်း

ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံသော် သားတော်အိမ်ရှေ့မင်း နန္ဒမင်းသားမှ ဟံသာဝတီထီးနန်း ကို အေဒီ ၁၅၈၁ အောက်တိုဘာလ  ၁၄ ရက်နေ့တွင် သိမ်းတော်မူလေသည်။ ယင်းနေ့တွင် သားတော်အကြီးကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လေ၏။ ဘုရင်ဖြစ်ပြီး တစ်နှစ်အကြာ ၁၅၈၂ စက်တင်ဘာ တွင် သောင်သွပ်စားသည် စန္ဒားစားနှင့်ပူးပေါင်းကာ ပုန်ကန်ကြောင်း သတင်းကြားရသဖြင့် တိုက်ဆင် ငါးရာ၊ မြင်း ခြောက်ထောင်၊ စစ်သည်သူရဲ ရှစ်သောင်း ဖြင့် ပြည်စားကို ဗိုလ်မှူးခန့်ကာ ချီတက်စေလေ၏။ စန္ဒားရောက်လျှင် မြို့စားမှ မတိုက်ဝံ့ဘဲ မြို့ကိုသာ အခိုင်အမာ လုပ်ထားလေသည်။ 
Share:

ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း

ဘုရင့်နောင်ကျော်ထင်နော်ရထာသည် တောင်ငူအင်ပါယာကြီးကို မနားမနေ တည်ဆောက်ခဲ့ပြီးနောက် သက်တော်ကြီးရင့်ချိန်တွင် အပြင်းနာဖျားတော်မူကာ အောက်တိုဘာလ ၁၀ ရက် အေဒီ ၁၅၈၁ တွင် နတ်ရွာစံတော်မူလေ၏။ နတ်ရွာမစံခင် ရက်ပိုင်းအလိုတွင် ဟံသာဝတီမြို့ တော်သည်လည်း ထူးထူးခြားခြား ရေကြီးခဲ့ပြီး လှေများဖြင့်သွားလာခဲ့ရသည်။ နတ်ရွာစံချိန်တွင် သက်တော်မှာ ၆၅ နှစ် ရှိတော်မူလေ၏။
ဘုရင့်နောင် တည်ထောင်ခဲ့သော တောင်ငူအင်ပါယာ

ဘုရင့်နောင်သည် အရှေ့တော်အာရှသမိုင်းတွင် အင်အားအကြီးဆုံးသော စစ်အင်အား နှင့် အကျယ်ပြန့်ဆုံးသော နယ်နမိတ် ကို ပိုင်ဆိုင်သော ဧကရာဇ်ဖြစ်ခဲ့သည်။ မိဖုရားကြီး ၄ ပါးရှိပြီး ကိုယ်လုပ်တော် မောင်းမ ၅၀ ကျော်ရှိကာ၊ သားတော်သမီးတော် စုစုပေါင်းမှာမှတ်တမ်းအရ   ၉၇  ပါး ရှိခဲ့လေ၏။ သားသမီးများပြားသော်လည်း စည်းကမ်းကြီးသော မင်းဖြစ်တာကြောင့် နတ်ရွာစံချိန်တွင် သားများ နန်းလုပွဲ မဖြစ်ခဲ့ဘဲ အိမ်ရှေ့စံမင်းသား နန္ဒ မှာ အေးအေးချမ်းချမ်း နန်းတက်နိုင်ခဲ့သည်။

ဘုရင့်နောင်ဘေးပတ်ပတ်လည်တွင် နှလုံးရည်ထက်မြက်ကြကုန်သော ဗညားဒလကဲ့သို့ ပညာရှိ အမတ်ကြီးများ၊ လက်ရုံးရည် ထက်မြက်သော စစ်သူကြီးများ ရှိနေခြင်းကြောင့်လည်း ဘုရင့်နောင်၏ တောင်ငူအင်ပါယာသည် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်ခဲ့လေ၏။

ဘုရင့်နောင် နတ်ရွာစံသော် အလောင်းတော်ကို ကြီးကျယ်ခမ်းနားစွာ သဂြိုလ်တော်မူကြလေသည်။ ထိုနောက် ၁၅၈၁ အောက်တိုဘာ ၁၄ တွင် သားတော်  နန္ဒမင်းသား နန်းတက်ကာ ဘုရင်အဖြစ် ခံယူလေသည်။ နန်းတက်ပွဲပြုလုပ်ပြီး နောက် ၂ လအကြာတွင် ဘုရင့်နောင် လက်အောက်ခံ နယ်များမှ ဘုရင်ခံများ မှ ဘုရင်သစ်အား လက်ဆောင်များဖြင့် လာရောက်ပူဇော်ကြလေသည်။ 




Share:

သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး

အေဒီ ၁၅၇၆ ဇွန်လ ၃ ရက်တွင် ဘုရင့်နောင် ၏ ကုသိုလ်တော်ဖြစ်သည့် မဟာဝိဇယစေတီတော် ၏ ဌာပနာတိုက်တော်ကို စတင်တည်ဆောက်စပြုနေချိန်ဖြစ်သည်။ ထိုလတွင် ထားဝယ်စားမှ ဖမ်းမိသော ဆင်ဖြူ တော်တစ်စီးကို ဘုရင့်နောင်ထံ ဆက်သလေ၏။ ထိုလတွင်ပင် သီဟိုဠ်ကျွန်း ဘုရင် Dharmapala of Kotte  (1541 – May 27, 1597 )မှ လက်ဆောင်နှင့်တကွ ဘုရင့်နောင်ပူဇော်ရန် စွယ်တော်မြတ်ပွား ကို ရွှေစေတီဖြင့် ပင့်ဆောင်စေပြီး သင်္ဘောနှစ်စင်းဖြင့် ဆက်လာစေလေသည်။

Share:

သက်တော်ရှည်ဘွဲ့ရ အမတ်ကြီး ဗညားဒလ ၏ ဘ၀နိဂုံး

လင်းဇင်းကို ဒုတိယအကြိမ်တိုက်ရန် ဟံသာဝတီတွင် ဆွေးနွေးကြရာ ဘုရင့်နောင်၏ သက်တော်ရှည်ဘွဲ့ (သက်တော်ရှည်ဘွဲ့သည် ဘုရင်အမျက်ထွက်ပြီး သေဒဏ်ပေးသော်လည်း ချက်ခြင်း သတ်ခွင့်မရ၊ ခေတ္တဆိုင်းငံခွင့်ရသော ဘွဲ့ဖြစ်သည်) ရ အမတ်ကြီး ဗညားဒလ မှ အမိန့်တော်သာပေးပါ မိမိ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး အနိုင်တိုက်မည် ဟု လျှောက်တင်လေ၏။ ဘုရင့်နောင်လည်း ထိုအရေးကို သဘောတူပြီး စစ်အင်အား ၂ သောင်း၊ မြင်း ၂ ထောင်၊ ဆင် ၂ ထောင် ဖြင့် ချီတက်စေလေ ၏။ 
Share: