Skip to main content

ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း

အင်းဝနန်းကျဘုရင် မိုးဗြဲမင်းသည် ပြည်မြို့သို့ ၀င်ကာ ဘုရင့်နောင်ထံ ခိုလူံလေသည်။ ဘုရင့်နောင်လည်း သနားသဖြင့် မင်းတို့၏ စည်းစိမ်အတိုင်းပေးကာ နေစေလေ၏။ ဘုရင်နောင်သည် ပြည်မြို့တွင် နေထိုင်စဉ် အမတ်များနှင့် တိုင်းရေးပြည်ရေးကို တိုင်ပင်လေ၏။ ဟံသာဝတီကို တိုက်မည့် အကြောင်းကိုလည်း ဆွေး
နွေးလေသည်။ ထိုနောက် ပြည်မြို့ကို မိမိ၏ လူယုံအမတ်များနှင့် ထားခဲ့ပြီး ကေတုမတီတောင်ငူသို့ ပြန်
လေ၏။

တောင်ငူတွင်  စစ်တပ်ကို အကြီးအကျယ် စီရင်ပြီး အေဒီ ၁၅၅၂ ဖေဖော်ဝါရီ ၂၉  တွင် တောင်ငူမြို့မှ စစ်အင်အား တိုက်ဆင်လေးရာ၊ မြင်းငါးထောင်၊ စစ်သည် တစ်သိန်း ကျော်ဖြင့် ဟံသာဝတီကို အပြီးအပြတ် သိမ်းရန် ချီတက်လေသည်။ ထိုအကြောင်းကို မွန်မင်း သမိန်ထောရာမ ကြားသိလျှင် စစ်ဦးအောင် မိမိ၏ မြင်းတပ်ကို အလျင်လွှတ်ကာ ဆီးကြိုတိုက်ခိုက်စေလေ၏။ 

တောင်ငူဘက်မှ အလျင်ချီသော မြင်းတပ် နှင့် ဟံသာဝတီ၏ မြင်းတပ်များ မော်ကစနုချောင်း အကူးတွင် တွေ့ကြရာ အပြင်းအထန် တိုက်ခိုက်ကြလေသည်။ ထိုသို့ မြင်းတပ်များ တိုက်နေစဉ် သမိန်ထောရာမ၏ ပင်မတပ်ကြီးမှ နောက်မှ ချီလာပြီး ဆင်ဖြင့် တောင်ငူမြင်းတပ်ကို ဖိတိုက်လေသည်။ အင်အားမမျှသဖြင့် တောင်ငူမြင်းတပ်ဆုတ်ရလေ၏။ 

ဘုရင့်နောင်လည် မိမိ၏ တပ်ကို စစ်မျက်နှာ ၅ ကြောင်း ဖွဲ့စေပြီး ဟံသာဝတီတပ်ကို တိုက်စေလေသည်။ ဘုရင့်နောင်သည် မိမိစီးသော ဆင်တော် ဘေးပတ်လည်တွင် လှံတပ်သား ငါးရာဖြင့် ၀ိုင်းရံစေ၏။သေနတ်လုလင် လေးရာ တို့ကို ဆင်တော်၏ ရှေ့တော် နှင့် နောက်တော် မှ လိုက်စေလေသည်။ မနီးမဝေးတွင် အမြှောက်ငယ်တင်ထားသော ဆင်အစီး ၂၀ စီဖြင့် ၀ိုင်းရံကာ ဟံသာဝတီဘုရင် သမိန်ထောရာမ ကို ရင်ဆိုင် လေသည်။ 


သမိန်ထောရာမလည်း အဝေးမှ မြင်လျှင် စီးတော်ဆင်ကို ချွန်းဖွင့်ကာ အပြင်းဝင်လာလေသည်။ ဘုရင့်နောင်လည်း စီးတော်ဆင်ကို ချွန်းဖွင့်ကာ သမိန်ထောရာမ ဆီသို့ အပြင်းဝင်လေ၏။ မင်းနှစ်ပါး   ဆင်ချင်အားတူသဖြင့်တစ်ကောင်နှင့်တစ်ကောင် မဝှေ့နိုင်ရှိလေသည်။ ဘုရင့်နောင်လည်း မိမိဆင်ကို နောက်အနည်းငယ်ဆုတ်စေပြီး အားယူကာ ချွန်းဖွင့်ထပ် လွှတ်ရာ ဆင်စွယ်ဖြင့် သမိန်ထောရာမ ဆင်ကို ထိုးမိလေသည်။ 

သမိန်ထောရာမလည်း ဆင်ပေါ်က ကျွမ်းပစ်ခုန်ချကာ စီးတော်မြင်းဖြင့် နောက်သို့ ဆုတ်လေ၏။ ထိုအခါ သမိန်ထောရာမ၏ ညီတော်၊အမတ်များ၊မှူးမတ်များမှ ဆင်ကိုယ်စီဖြင့် ဘုရင့်နောင်ကို ၀ိုင်းတိုက်ကြလေ သည်။ ဘုရင်နောင့်နှင့် သမိန်ထောရာမတို့ တိုက်ပွဲသည် ဟံသာဝတီမြို့မှ မနီးမဝေးတွင် ဖြစ်၏။ 


ဘုရင့်နောင်၏ အမိန့်အရ သမိန်ထောရာမ နှင့် စစ်ထိုးနေစဉ် ဟံသာဝတီမြို့တွင်းကို သူလျှိများဖြင့် ၀င်စေကာ မြို့တွင်းကိုမီးတိုက်စေသဖြင့် ဟံသာဝတီမြို့တွင်းတွင် လူနေအိမ်များ မီးလောင်ကျွမ်းနေလေ၏။ သမိန်ထောရာမ စစ်ပွဲမှ တပ်ဆုတ်လာချိန် မိမိမြို့ မီးလောင်နေသည်ကို မြင်ရာ ၊ မြို့တွင်းသို့ ၀င်ပြီး နန်းတွင်းရှိ မယ်တော် ကို ကယ်ရန် ကြိုးစားရာ အမတ်များ တားကြသဖြင့် ကျန်ရှိနေသော တပ်သား များဖြင့် ပုသိမ်သို့ ဆုတ်လေသည်။ ဟံသာဝတီမြို့လည်း မီးကြောင့် နန်းတော်နှင့်တကွ မြို့တွင်းရှိ အိမ်ခြေ အားလုံး နီးပါး ပျက်စီးရလေသည်။ 

ဘုရင့်နောင်လည်း စည်တော်တီးကာ ဟံသာဝတီမြို့ကို သိမ်းလေ၏။ ဟံသာဝတီနန်းတော်လည်း မီးကြောင့် ပျက်စီးသွားရာ ဘုရင့်နောင် စံရန် ယာယီ နန်း ဆောက်ရလေ၏။ မြို့တခုလုံးလည်း စစ်ကြောင့် လူသူမရှိဘဲ ခြောက်ကပ်နေရလေ၏။ အေဒီ ၁၅၅၂ မတ် ၁၂ တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာ သည် ဟံသာဝတီကို အောင်မြင်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။