စော်ဘွား ၇ ပါး နှင့် မင်းတရားရွှေထီး တိုက်ပွဲ

အေဒီ ၁၅၄၂ တွင် နန်းတွင်းလုပ်ကြံမူကြီး အပြီး အုန်းပေါင်စော်ဘွားသည် အင်းဝအမတ်များ၏ တောင်းပန် မူကြောင့် ဘုရင်လုပ်လေ၏။ သို့သော် အုန်းပေါင်စော်ဘွား သည် အင်းဝနန်းတွင်းတော်လှန်ရေးကို ဦးဆောင်ခဲ့သော မင်းကြီးရန်နောင်ကို မယုံကြည်နိုင်သေးပေ။ မင်းကြီးရန်နောင်လည်း တချိန်တွင် မိမိအသက်ဘေးကျနိုင်သည်ဟု တွေးတောကာ တောထွက် ရဟန်းပြုလေ၏။
အင်းဝဘုရင်လည်း ကြီးထွားလာသော တောင်ငူရန်ကို ကာကွယ်နိုင်ရန် ရှမ်းစော်ဘွား ၆ ပါး အား ပင့်ကာ အင်းဝနန်းတွင်းတွင် တိုင်ပင်လေ၏။ စော်ဘွားအပေါင်းတို့လည်း တောင်ငူကို အပြီးအပြတ်ချေမူန်းရန် သဘောတူကာ အင်းဝတွင် တိုက်လှေ အများအပြား တည်ဆောက်လေသည်။ စော်ဘွား ၇ ပါး မှာ - အင်းဝဘုရင် အုန်းပေါင်ခုံမိုင်းကြီး ၊ဗန်းမော်စော်ဘွား၊ညောင်ရွှေစော်ဘွား၊မိုးနဲစော်ဘွား၊မိုးမိတ်စော်ဘွား၊ မိုးညှင်းစော်ဘွားငယ် နှင့် အုန်းပေါင်ခုံမိုင်းငယ် တို့ဖြစ်ပြီး ပူးပေါင်းစစ်တပ် အင်အားမှာ ၂ သိန်းကျော်ရှိ လေ၏။

စော်ဘွားတို့လည်း မိမိတို့ စစ်တပ်ကို အသေအချာ ပြင်ဆင်ပြီးလျှင် ပြည်မြို့သို့ ရေကြောင်း၊ကြည်းကြောင်း
ဖြင့် ချီတက်၏။ ပြည်မြို့တွင် အနောက်တိုင်းမှလာသော အမြှောက်ကြီးများ၊ စိန်ပြောင်းများ ထူထူထပ်ထပ် ရှိသဖြင့် စော်ဘွားတို့တပ် မြို့အနီး မကပ်နိုင်ရှိလေ၏။ ထိုသို့ ပြည်မြို့ကို စော်ဘွားတပ်များ ၀ိုင်းရံနေစဉ် မင်းတရားရွှေထီးသည် ရေအား၊ကြည်အား ဖြင့် ချီတက်လာ၏။

တောင်ငူရေတပ်နှင့် စော်ဘွားရေတပ်တို့တိုက်ကြရာတွင် တောင်ငူဘက်မှ ပေါ်တူဂီအမြောက်မြတပူကြီးများဖြင့် ပစ်ခတ်သဖြင့် စော်ဘွားတို့၏ လှေများမှာ ကွဲကုန်၊နစ်ကုန်၏။ စော်ဘွားတို့ရေတပ်တွင် အမြောက်ကြီးများ မရှိပေ။ ကြည်းတပ်တွင်သာ ရှိလေသည်။ သို့ဖြင့် စော်ဘွားတို့လည်း လှေတပ်သားများကို တိုက်လှေ စွန့်ရန် အမိန့်ထုတ်ပြီး ကြည်းတပ်နှင့် ပေါင်းစေလေရာ တိုက်လှေအများအပြားကို တောင်ငူဘက်မှ ရလေ၏။

 တောင်ငူရေတပ်သည် ရှမ်းစော်ဘွားများ၏ ရေတပ်ကို အောင်မြင်လျှင် စကု၊စလင်းထိ ဆန်တက်ကာ ရှမ်းစော်ဘွားများ၏ ရိက္ခာတပ်များ မရောက်အောင် ပိတ်ထားလေ၏။ စော်ဘွားတို့လည်း ရိက္ခာမရောက် သဖြင့် တပ်ကို ဆုတ်လေသည်။ မင်းတရားရွှေထီးလည်း ဆုတ်ခွာသွားသော စော်ဘွားတပ်ကို နောက်မှ တိုက်ရန် လိုက်လေ၏။ သို့သော် စော်ဘွားတို့မှ အဆုတ်စောသဖြင့် မမှီလိုက်ဘဲ အင်းဝနယ်စပ်ရှိ ရွာများကို သိမ်းပိုက်ကာ မိမိ၏ လူယုံများထားခဲ့ပြီး တောင်ငူသို့ ပြန် ဆုတ်ခွာလေသည်။ 
Share:

No comments:

Post a Comment