Skip to main content

မင်းတရားရွှေထီး၏ ပြည်မြို့သိမ်းပွဲ နှင့် မင်းကြီးရန်နောင်၏ ဥယျာဉ်တော်လုပ်ကြံမူ

အေဒီ ၁၅၄၁ အရောက်တွင် တောင်ငူဘုရင်ရွှေထီး သည် ပြည်မြို့ကို အင်အားအလုံးအရင်းဖြင့် ၀ိုင်းရံလေ၏။ ပြည်ဘုရင်လည်း အင်းဝသိုဟန်ဘွား၊အုန်းပေါင်ခုံမိုင်း၊မိုးမိတ်စော်ဘွား၊မိုးညှင်းစော်ဘွားငယ် တို့ထံ စစ်ကူတောင်းလေ၏။ စော်ဘွား ၄ ပါး ပေါင်းတပ်သည် အင်အားအလွန်ကြီးလေသည်။ စော်ဘွား တို့လည်း မိမိတို့အင်အားကို အားရကာ ရန်သူဖြစ်သော တောင်ငူဘုရင်ကို အထင်သေးလေ၏။

မင်းတရားရွှေထီးလည်း စော်ဘွားတို့တပ်အင်အားကြီးကြောင်းသိသော်လည်း မိမိ၏ ယောက်ဖတော် ဘုရင်နောင့်ကျော်ထင်နော်ရထာ ၏ လျှောက်ထားချက်ကြောင့် မိမိ၏ တပ်အပေါ်ယုံကြည်မူထားလေသည်။ ချီတက်လာသော စော်ဘွားတပ်များကို မင်းတရားရွှေထီးမှ မြင်းတပ်ဖြင့် ဦးစွာ တိုက်လေသည်။ သို့သော် အင်အားမမျှသဖြင့် မင်းတရားရွှေထီး၏ မြင်းတပ်ပျက်ကာ ဆုတ်ရလေသည်။

ထိုအခြင်းအရာကို ဆင်တပ်ဦးစီးနေသော ဘုရင့်နောင်မြင်လျှင် တိုက်ဆင် ၅၀ အပြင်းချီကာ စော်ဘွားတို့၏
မြင်းတပ်ကို ပြန်ဖိလေသည်။ စော်ဘွားတို့ မြင်းတပ်လည်း မခံနိုင်ဘဲ ဆုတ်ရပြန်သည်။ စော်ဘွားတို့လည်း
ရှေ့မတက်တော့ဘဲ ဆုတ်လေသည်။ ထိုအခါ မင်းတရားရွှေထီးသည် ပြည်မြို့ကို အလုံးအရင်းဖြင့် တိုက်သဖြင့် ပြည်ဘုရင်လည်း မြို့မှ ထွက်ကာ အညံခံလေသည်။

စော်ဘွားတို့လည်း မဟာမိတ်ဖြစ်သော ပြည်ကိုလက်လွှတ်လိုက်ရသဖြင့် စစ်အင်အားကို ပြန်လည် ဖြည့် တင်းရန် မြို့အသီးသီးသို့ ပြန်လေသည်။ အင်းဝတွင် သိုဟန်ဘွားကြီးစိုးသည့်နေ့မှ စပြီး နန်းတော်တွင် ခစားနေသော အင်းဝမြို့ခံဖြစ်သော ၀န်ရှင်တော်မင်း၊ အမတ်မင်း များကို သိုဟန်ဘွား၏ သက်တော်စောင့်များမှ ရိုသေခြင်းမရှိပေ။ အမတ်မင်းများလည်း နာမည်သာရှိပြီး အရာရာတွင် သိုဟန်ဘွား ၏ စကားပြန်ကိုလည်း ကြောက်ရွံရသေးလေ၏။

မိုးညှင်းရှမ်းများ နန်းတော်အတွင်း ကြီးစိုးသည်ကို မလိုလားသော ၀န်ရှင်တော်မင်းမှ ဦးဆောင်ကာ သိုဟန်ဘွား ပြည်သို့ စစ်ချီခိုက်တွင် မင်းကြီးရန်နောင်ထံချဉ်းကပ်ပြီး  သိုဟန်ဘွားအား လုပ်ကြံရန် လျှောက်တင် ကြလေသည်။ မင်းကြီးရန်နောင်လည်း ပြည်မြို့စစ်ပွဲတွင် အင်းဝရူံးနိမ့်လျှင် သိုဟန်ဘွားအား လုပ်ကြံမည် ဟု ကတိပေးလေ၏။

ပြည်မြို့စစ်ပွဲတွင် အင်းဝရူံးပြီး တပ်ဆုတ်လာကြောင်း သတင်းရလျှင် မင်းကြီးရန်နောင်သည် သိုဟန်ဘွား အကြောင်းသိသူဖြစ်ရာ စစ်ပွဲပြီးတိုင်း သိုဟန်ဘွား နားတတ်သည့် ဘုရင့်ဥယျာဉ်တော်အတွင်းတွင် ဓားများကို မြူပ်ထားစေလေသည်။ နန်းတော်ရှိ အတွင်းတော်အား စောင့်ရှောက်သည့် ရဲမက်များကို မိမိ၏ လူယုံများနှင့် လဲထားလေ၏။

သိုဟန်ဘွားသည် မင်းကြီးရန်နောင်ကို ယုံသဖြင့် လုပ်ပိုင်ခွင့်များ ပေးသနားထားလေရာ မင်းကြီးရန်နောင် မှာ ကောင်းမွန်စွာ အသုံးချလေသည်။ နန်းတော် အတွင်း အပြင် အားလုံး မိမိ၏ လူယုံအယောက် ၂၀၀ ဖြင့် ထားလေသည်။

သိုဟန်ဘွားလည်း စစ်ပွဲမှ ပြန်ရောက်ပြီး နောက်နှစ်ရက်တွင် ဥယျာဉ်တော်အတွင်း အပန်းဖြေလေသည်။ ထိုအခါ ရုတ်တရုက် မင်းကြီးရန်နောင်မှ သိုဟန်ဘွားအား မိုးညှင်းစော်ဘွား၏ ဓားအစွမ်းထက်သည်ကို ကြားဖူးကြောင်း၊ မြင်တွေ့ဖူးလိုသည်ဟု လျှောက်တင်လေရာ၊ သိုဟန်ဘွားမှ မင်းကြီးရန်နောင်ကို ယုံကြည်သဖြင့် မိမိလက်စွဲတော်ဓားကို ပေးကိုင်လေသည်။

မင်းကြီးရန်နောင်လည်း ဓားရလျှင် ချက်ခြင်းထကာ သိုဟန်ဘွားကို ခုတ်လေသည်။ သိုဟန်ဘွားလည်း ထိုနေရာတွင် နတ်ရွာစံလေ၏။ ကိုယ်ရံတော်များလည်း ချက်ခြင်းပြန်ချလေ၏၊ သို့သော် မင်းကြီးရန်နောင်၏ ရဲမက်များမှ အလုံးအရင်း ၀င်လာသဖြင့် သိုဟန်ဘွား၏ ကိုယ်ရံတော်များလည်း ကျရူံးလေသည်။

မင်းကြီးရန်နောင် ဘုရင်ကို လုပ်ကြံကြောင်း သိုဟန်ဘွား၏ ဗိုလ်မှူးများကြားလျှင် အင်းဝနန်းတွင်းသို့ အလျင်အမြန်ဝင်လာကြကုန်၏၊ သို့သော် မင်းကြီးရန်နောင်၏ ရဲမက်များမှ ၀င်လာသော သိုဟန်ဘွား၏ ဘက်တော်သားများကို ရုတ်တရုက် ခုတ်သဖြင့် အားလုံးကျရူံးကုန်လေသည်။

သို့ဖြင့် မင်းကြီးရန်နောင်သည် နန်းတော်ကို သိမ်းပိုက်နိုင်လေသည်။ အင်းဝအမတ်များမှ မင်းကြီးရန်နောင် အား အင်းဝထီးနန်းသိမ်းရန် လျှောက်တင်ကြလေသည်။ မင်းကြီးရန်နောင်မှမူ လက်မခံဘဲ ရဟန်းဝတ်ကာ တောထွက်လေ၏။ အမတ်တို့လည်း ကြံရာမရ နောက်ဆုံး ယခင်မင်းကြီး နရပတိ ၏ ဆွေမျိုး ဖြစ်သော အုန်းပေါင်စော်ဘွားအား နန်းတင်ကြလေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။