တောင်ငူ အင်အားကြီးထွားလာပုံ

အေဒီ ၁၅၂၇ တွင် အင်းဝကို မိုးညှင်းစော်ဘွားသားတော် သိုဟန်ဘွား ( စ၀်ဆေဟန်ဖ) မှ မင်းပြုလေ သော် အင်းဝနရပတိအား ခစားခဲ့သော ရဲမက်များမှာ အောက်ပြည်အောက်ရွာရှိ မြို့များတွင် စစ်မူများ သွားထမ်း လေ၏။ ထိုမြို့များထဲတွင် တောင်ငူမြို့သည် စစ်ပြေးများ၏ အဓိက ခိုလူံရာမြို့ ဖြစ်ခဲ့လေသည်။

အေဒီ ၁၅၃၀ တွင် တောင်ငူကို အုပ်ချူ ပ်သော မင်းတရားရွှေထီးသည် လက်ရုံးရည် ရှိသူဖြစ်ရာ ကျန်းမာကြံ ခိုင်သော စစ်ပြေးများနှင့် မြို့သားများကို စစ်မူထမ်းခိုင်းစေရာ တောင်ငူသည် တစ်နေ့တခြား အင်အားကြီး လာလေသည်။ အေဒီ ၁၅၃၈ တွင် ဟံသာဝတီကို အလိုပြည့်ရာ မင်းတရားရွှေထီး၏ သတင်းသည် နိုင်ငံ အနှံပြန့်သွားရာ သိုဟန်ဘွားကို မလိုလားသော အင်အားငယ်သော မြို့စားများမှ တောင်ငူလက်အောက် သို့ ခိုဝင်လာတော့သည်။

အေဒီ ၁၅၃၉ တွင် အင်းဝနေပြည်တော်တွင် သမိုင်းတွင်သော ဖြစ်ရပ်တခု ဖြစ်ပွားခဲ့လေ၏။ အကြောင်း အမှန်မှာ သိုဟန်ဘွားသည် အင်းဝဘုရင်တို့၏ ထုံးစံအတိုင်း အင်းဝပိုင်နက်ရှိ ရဟန်းများကို ပင့်ကာ ဆွမ်းကပ်လေသည်။ ထိုအခါ အနယ်နယ်အရပ်ရပ်ရှိ ရဟန်းတော်စီးသော လှည်းများသည် အစစ်အဆေး မရှိ မြို့ထဲသို့ ၀င်နိုင်လေသည်။

သိုဟန်ဘွားကို မလိုလားသော ပုန်ကန်သူများမှ ရဟန်းအဖြစ်ဟန်ဆောင်ကာ လက်နက်များသယ်ဆောင် လာပြီး မြို့တွင်းသို့ ၀င်ကာ ဘုန်းကြီးကျောင်းများတွင်တည်းလေ၏။ နန်းတော်အတွင်းရှိ မိမိတို့ သွေးသောက် များကို ဆွမ်းကပ်မည့်နေရာတွင် ဓါးများကို မြုပ်ထားရန် စေခိုင်းလေ၏။

ဆွမ်းကပ်သည့်နေ့တွင် သိုဟန်ဘွားသည် အဆောင်အယောင်များဖြင့် ကြွလာပြီး ရဟန်းများကို ဆွမ်းကပ် လေ၏။ ထိုအချိန်တွင် ရဟန်းယောင်ဆောင်ထားသော ဓားသမားများမှ ရုတ်တရုက် မြုပ်ထားသော ဓါးများကို ယူကာ သိုဟန်ဘွားအား လှမ်းခုတ်လေ၏။ သို့သော် ခုတ်မိခြင်း မရှိဘဲ သိုဟန်ဘွား၏ ကိုယ်ရံတော်တပ်များမှ ပြန်လည် ခုခံလေရာ ကျောင်းတိုက်အတွင်း အလုံးလုံး အထွေးထွေး ဖြစ်လေ၏။

ထိုအခါ ရဟန်းစစ်များလည်း ထိုလုပ်ကြံပွဲတွင် နှစ်ဖက်ခုတ်ပွဲကြောင့် အများအပြား ပြန်လွန်တော်မူရလေ၏။ သိုဟန်ဘွားလည်း ဒေါသထွက်ကာ စစ်ဆေးခြင်း မပြုတော့ဘဲ အင်းဝရှိ ကျောင်းတိုက်တိုင်းအား ၀င်ရောက် စစ်ဆေးစေပြီး ဓားလက်နက် တွေ့သော ကျောင်းတိုက်ရှိ ရဟန်းများကို ဖမ်းစေရန် အမိန့်ထုတ်လေသည်။

ထိုအမိန့်ကြောင့် ညတွင်းချင်း အင်းဝရှိ ကျောင်းတိုက်တချိုူ့ မှ ရဟန်းများ အောက်ပြည်အောက်ရွာသို့ ပြေး
လေ၏။ ထိုနေ့မှစပြီး သိုဟန်ဘွားသည် နေပြည်တော်တွင် မိုးညှင်းမှ ရဟန်းများကို သီးသန့်ပင့်ကာ ကိုးကွယ်လေ၏။ အင်းဝရှိ ကျောင်းတိုက်များကိုလည်း လှူ ဒါန်းခြင်းမပြုတော့ပေ။ ထိုကြောင့် အင်းဝရှိ ကျမ်းဂန်ကျွမ်းကျင်သော ရဟန်းတော်များသည် တောင်ငူ အစရှိသော မြို့ရွာများသို့ စုန်ဆင်းလေသည်။
သို့ဖြင့် တောင်ငူသည် အားကိုးရာမဲ့ နှင့် ကျမ်းဂန်တတ် က၀ိများ မှီခိုရာ ဖြစ်လာပြီး တဖြည်းဖြည်း အင်အား ကြီးလာရတော့သည်။ 

Share:

No comments:

Post a Comment