Skip to main content

မင်းကြီး ရန်နောင် ၏ အကြံ

မင်းကြီးရန်နောင်သည် အင်းဝရွှေနန်းကြော့ရှင်၏ ညီတော်ဖြစ်ပြီး အင်းဝမြို့ကျချိန်တွင် တောထဲသို့ ရှောင် ရှား နေခဲ့သည်။ ထိုသို့ ရှောင်ရှားနေသော မင်းကြီးရန်နောင်ကို အင်းဝမှူးမတ်တို့ တိုက်တွန်းချက်ဖြင့် မိုးညှင်းစော်ဘွားမှ သွားရောက်ခေါ်စေပြီး ပြင်စည်မြို့ကို ပေးစားကာ မိမိ၏ သားတော်ဖြစ်သော စ၀်ဆေဟန်ဖ (ခေါ်) သိုဟန်ဘွား အား အစစအရာရာတွင် သွန်သင်ပေးရန် မိန့်ကြားကာ မိုးညှင်းသို့ 
ပြန်လေသည်။ 
သိုဟန်ဘွားလည်း ဖခမည်းတော်စီမံမူ့ဖြင့် အင်းဝထီးနန်းကို သိမ်းကာ ဘုရင်လုပ်လေ၏။ အင်းဝဘုရင် စ၀်ဆေဟန်ဖ သည် ဘုရင်ဖြစ်သော် ပြည်၊တောင်ငူ သို့ ချီတက်သိမ်းပိုက်လိုကြောင်း မင်းကြီးရန်နောင် နှင့် တိုင်ပင်သည်။ မင်းကြီးရန်နောင်လည်း အကယ်၍ စ၀်ဆေဟန်ဖ ချီတက်လျှင် ပြည်နှင့်တောင်ငူ တို့ ခံနိုင် မည်မဟုတ်၊ နောင်တချိန် အင်းဝကို ပြန်လည်သိမ်းမည့် အစီအစဉ်လည်း ပျက်သွားနိုင်သဖြင့် ဘုရင်ဖြစ်သည် မကြာသေး ဘုန်းတော်ကြောင့် အလိုလို ညွတ်လှာလိမ့်မည် ဟု စသဖြင့် စကားအလိမ္မာသုံး ကာ လျှောက်သဖြင့် သိုဟန်ဘွားလည်း မချီတက်တော့ဘဲ နေလေ၏။

အေဒီ ၁၅၃၀ တွင် တောင်ငူစား အနိစ္စရောက်ကာ သားတော် မင်းတရားရွှေထီး မှ မြို့ကို အုပ်ချူပ်လေ၏။ 
အေဒီ ၁၅၃၂ အရောက်တွင် မိုးညှင်းစော်ဘွားမှ အင်းဝသို့ ချီလာပြီး သားတော်သိုဟန်ဘွားကို ခေါ်ကာ စစ်အင်အား တစ်သိန်းနှစ်သောင်းဖြင့် ပြည်သို့ ချီတက်လေသည်။ ပြည်စားလည်း မြို့ကို သေချာစီမံကာ အခိုင်အခံပြုထားလေ၏။ 

မင်းကြီးရန်နောင်လည်း ပြည်စားဆီသို့ လျှို့ဝှက်စာ ပို့ကာ မိုးညှင်းမင်းထံ အညံခံစေလေ၏။ ပြည်စားလည်း မင်းကြီးရန်နောင် စာကို ဖတ်ပြီး မိုးညှင်းမင်းထံ အညံခံလေ၏။ မိုးညှင်းစော်ဘွားလည်း ပြည်မြို့ကို ရသော် အလိုပြည့်ပြီး မိုးညှင်းသို့ပြန်လေသည်။ 

မင်းကြီးရန်နောင်သည် မိမိ၏ မြို့ ရှမ်းလက်အောက် ရောက်သည်ကို မလိုလားသဖြင့် လွတ်မြောက်ရေးကို သာ အမြဲတမ်းကြံနေလေ၏။ သိုဟန်ဘွားမှာမူ မင်းကြီးရန်နောင်ကို မိမိ ညီအကို ကဲ့သို့ ယုံကြည်ကာ အတွင်းတော်သို့ အမြဲတမ်း အစစ်အဆေးမရှိ ၀င်စေလေ၏။ ရှမ်းအမတ်များမှ သတိထားရန် အမျိုးမျိုး လျှောက်တင်ပါမှ လက်နက်မကိုင်စေပဲ ၀င်စေလေ၏။ 

အင်းဝတွင် ရှမ်းများကြီးစိုးနေသည်ကို မလိုလားသော အင်းဝသား များမှ အောက်ပြည်သို့ စုန်ဆင်းကြရာ 
တောင်ငူတွင် အများဆုံး အခြေချမိလေ၏။ မင်းကြီးရန်နောင်လည်း မိမိလူများကို လွှတ်ကာ အောက်ပြည် ရှိ မြို့စားများနှင့် အမြဲတမ်း ဆက်သွယ်ကာ အင်းဝကို ပြန်လည်ရရှိရန် ကြိုးပမ်းလေ၏။



Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။