Skip to main content

ဘုရင်နရပတိ အား မြေးတော်မှ လုပ်ကြံပုံ

ဘုရင်နရပတိအား မြေးတော်မှ လုပ်ကြံခြင်းအကြောင်းမှာ ဘုရင်နရပတိ မြေးတော် သတိုးကျော် သည် စစ်ကိုင်းမိဖုရား၏ သမီးတော်ကြီးကို ရည်ငံနေရာ ထိုအကြောင်းကို စစ်ကိုင်းမိဖုရား သိသဖြင့် ဘုရင်နရပတိထံ လျှောက်တင် လေ၏။ မိဖုရားခေါင်ဖြစ်သော အတုလမဟာဒေ၀ီမှ မိမိ၏ မြေးတော်နှင့် စစ်ကိုင်းမိဖုရားသမီးတော် အား မစုံဖက်လိုသဖြင့် စစ်ကိုင်းမိဖုရား၏ သမီးတော်ကို နန်းတွင်း သို့ ခေါ်ယူ ထားလေသည်။
မြေးတော်မှာမူ လက်မလျော့ဘဲ အတွင်းတော်သို့ ၀င်ပြီး ဘိုးတော် အား စုံဖက်ပေးပါရန် တောင်းဆိုလေ၏။ ဘုရင်နရပတိမှလည်း သဘောမတူသဖြင့် လက်မခံဘဲ တခြား မင်းသမီးများသာ ရှာရန် မိန့်လေသည်။ သတိုးကျော်မှ နန်းတွင်းစည်ကမ်းဖောက်ပြီး အတွင်းတော်ထဲသို့ ခိုးဝင်ကာ စစ်ကိုင်းမင်းသမီးကို ခိုးရန် ကြံ သည်ကို အစောင့်များမှ ဖမ်းမိပြီး ဘုရင်ထံ လျှောက်တင်လေသည်။

                                                   (အင်းဝခေတ် စစ်သည်)

ဘုရင်နရပတိလည်း အမျက်ထွက်သဖြင့် သတိုးကျော်အား ၀ါးရင်းတုတ်ဖြင့် ကြိမ်ဒဏ်ပေးလေ၏။ သတိုးကျော်မှ ဘိုးတော်နရပတိအား နှလုံးနာသွားပြီး ထိုနေ့မှ စပြီး မိမိ၏ ကျွန်သုံးရာ ဖြင့် ရက်ကောင်း ကို စောင့်နေလေသည်။ 

တရက်တွင် အိမ်ရှေ့မင်းသား မှ နန်းတွင်းတပ်တချို့ ကို ဦးဆောင်ပြီး နေပြည်တော်မှ ထွက်သွားအခိုက်တွင် 
မြေးတော် သတိုးကျော်သည် နန်းတွင်းရှိ အိမ်ရှေ့မင်းသား အိမ်တော်ကို မီးတိုက်လေသည်။ နန်းတွင်းတွင် မီးကြောင့် အုတ်အုတ်ကျက်ကျက် ရှိနေစဉ် မြေးတော်သည် ကူညီမည့်ဟန် ပြုကာ ကျွန်သုံးရာဖြင့် နန်းတွင်း သို့ ပြေးဝင်လာလေသည်။ 

အတွင်းတော်သို့ အလျင်အမြန်ဝင်ပြီး အဝေးမှ ရူစားနေသော ဘုရင်နရပတိအား ဓားဖြင့် ၀င်ခုတ်လေ သည်။ သို့သော် သက်တော်စောင့် ရဲမက်များမှ အပြင်းအထန် ခုခံလေသည်။ ဘုရင်နရပတိလည်း ကိုယ်တော်တိုင် ဓါးဖြင့် ပြန် ခုခံ လေသည်။ သက်တော်စောင့်များမှာ အင်အား နည်းသဖြင့် ဘုရင်နရပတိကို မကာကွယ်နိုင်ဘဲ နရပတိ၏ ကျောကို ဓားခုတ်မိလေ၏။ 

ထိုသို့ အုတ်အုတ်ကျက်ကျက် ဖြစ်နေစဉ် မိဖုရားခေါင်နှင့် ရဲမက်များ ရောက်လာကာ ဘုရင်နရပတိအား အလျင်အမြန် မြင်းပေါ်တင်ပြီး နန်းတွင်းမှ ပြေးထွက်လေ၏။ မိဖုရား၏ ရဲမက်များလည်း ပုန်ကန်သူ 
မြေးတော်၏ တပ်သားများကို ခုခံရင်း နောက်မှ ကျန်နေခဲ့သည်။ ဘုရင် နှင့် မိဖုရားလည်း အစောင့် ၅ ယောက်၊ ၆ ယောက်ဖြင့်သာ နေပြည်တော်၏ မြောက်ဘက် ရေဆိပ်တွင် ရှောင်နေလေသည်။ 

ထိုနေ့တွင် အင်းဝလွှတ်တော်တွင် သြဇာကြီးသော ၀န်ရှင်တော်မင်း ရာဇာသင်္ကြသည် မြစ်တစ်ဘက်ကမ်း တွင် သွားနေလေသည်။ အင်းဝမြို့တွင်းမှ မီးလောင် သည်ကို တွေ့ရာ အဝေးမှ ကြည့်ပြီး နန်းတော် တွင် လောင်သော မီးဖြစ်နိုင်သည်ဟု တွေးမိပြီး လှေဖြင့် တစ်ဘက်ကမ်းကို အလျင်အမြန် ကူးလာရာ ရေဆိပ်တွင် ဘုရင်နရပတိ နှင့် မိဖုရားကို တွေ့ရာ အကျိုးအကြောင်းကို လျှောက်တင်မေးမြန်း 
လေသည်။ 

အကြောင်းကို သိပြီး ဘုရင်အား လှေပေါ်တင်ပြီး ပြည်သို့ စုန်ဆင်းလေသည်။ ပြည်တွင် ဘုရင်နရပတိ၏ သားအလတ် အုပ်ချူ ပ်နေရာ ခမည်းတော်ကြွလာသည်ကို သိသည်နှင့် အခမ်းအနားဖြင့် ကြိုဆိုလေ၏။ အကျိုးအကြောင်းကို သိသော် အင်းဝသို့ ချီတက်ပြီး မြေးတော်အား သတ်မည်ဟု ဘုရင်နရပတိထံ ခွင့်တောင်း လေသည်။ 

ဘုရင်နရပတိမှ မလုပ်ရန် တားလေ၏။ သားအလတ်လည်း ခမည်းတော်အား မိမိနယ်တွင်ရှိသော အတော်ဆုံး သမားတော်တို့ဖြင့် ကုသပေးလေ၏။ အိမ်ရှေ့မင်းလည်း ထိုသတင်းကို ကြားလျှင် ချက်ခြင်း အင်းဝသို့ ပြန်လာပြီး မိမိသားတော်အား အပြစ်ပေးကာ ကွပ်မျက်လေ၏။ ထိုမှ ခမည်းတော်ရှိရာ ပြည်သို့ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာလေ၏။ (မှတ်ချက်။ ။ တချို့ မှတ်တမ်းမှာမူ သတိုးကျော် အားအကျယ်ချူပ်ထား သည်ဟု ဆိုသည်၊ ပြည်မှ ပြန်လာသော် မိမိသားတော်အား ပြန်လွှတ်ပြီး စစ်ကိုင်းမင်းသမီးနှင့် လက်ဆက်ပေးသည်ဟု ဆို၏။)

သားအလတ်ပြည်စားမှ တွေ့ခွင့်မပြုဘဲ နောင်တော်အား ခမည်းတော်ကို လုပ်ကြံရန်စီစဉ်သည်ဟု စွပ်စွဲလေ၏။ ထိုအခါ မယ်တော်မှ သားတော်နှစ်ပါးကို ဆုံးမပြီး ဘုရင်နရပတိမှ ပြည်ဆံတော်ရှင်တွင် သားတော် တို့နှင့် တွေ့ဆုံလိုသည်၊ သားတော်များ အားလုံး ၀တ်ဖြူ စင်ကြယ်ဝတ်ကာ လက်နက်များ မယူလာရန် မိန့်လေ၏။

သားတော်တို့လည်း ခမည်းတော်အလိုအတိုင်း ၀တ်ဖြူ ၀တ်ကာ ပြည်ဆံတော်ရှင်တွင် စောင့်နေလေ၏။ ဘုရင်နရပတိလည်း ဝေါယာဉ်ဖြင့် ကြွလာပြီး ဘုရားဝတ်ပြု ပြီး သားတော်တို့ကို ဆုံးမကာ သားတော်ကြီး အား အင်းဝတွင် ဘုရင်လုပ်ရန် မိန့်လေသည်။ 

အိမ်ရှေ့မင်းမှ ဘုရင်နရပတိအား အင်းဝသို့ ပြန်ကြွရန် အကြိမ်ကြိမ်လျှောက်သော်လည်း မရသဖြင့် ခမည်းတော် နှင့် မယ်တော်ကို ဦးချကာ အလုံးရင်းဖြင့် အင်းဝသို့ ပြန်လေသည်။ ဘုရင်နရပတိမှာမူ ပြည်
တွင် အနားယူရင်း ဓားဒဏ်ရာကြောင့် အေဒီ ၁၄၆၈ ဇူလိုင် ၂၄ (မြေးတော်လုပ်ကြံသောနှစ်) တွင် နတ်ရွာစံ လေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။