Skip to main content

မင်တရုတ် (Ming Dynasty) မှ ရှမ်းစော်ဘွားများ ပိုင်နက် သို့ ချီတက်လာခြင်း

မိုးညှင်းမင်း၏ သားတော်အငယ်ဆုံး သီဟသူ သည် နရပတိ ဟု အမည်ခံယူပြီး အင်းဝတွင် မင်းလုပ်
အုပ်ချူ ပ်လေ၏။ ဘုရင်ဖြစ်သော် ရမည်းသင်းမြို့  နှင့် ပင်လယ်မြို့ ကို  ခြေလျင် စစ်သည် ၈ သောင်း၊ မြင်းတပ် ခြောက်ထောင်၊ ဆင်တပ် သုံးရာ ဖြင့်တိုက်ခိုက်စေ၏။ ရမည်းသင်းစားလည်း အင်းဝတပ် များ စစ်မတိုက်ခင် လက်နက်ချကာ အညံခံလေ၏။

ပင်လယ်မြို့ ကို ၀ိုင်းရံပြန်လေသည်။ ပင်လယ်မြို့ သည် ရှမ်းစော်ဘွားများ၏ ပံ့ပိုးမူကို အထူးရရုံသာမက လက်နက်စိန်ပြောင်းကြီး များကလည်း ထူထပ်သဖြင့် အင်းဝတပ်များ မြို့ အနီး ကပ်လို့ မရဘဲ မြို့ နှင့် မနီးမဝေး နေရာတွင် စခန်းချကာ ၀ိုင်းရံထားလေသည်။

ထိုသို့ ၀ိုင်းရံနေစဉ် မင်တရုတ်တပ်များ ရှမ်းစော်ဘွားများ(မောပြည်) အတွင်းသို့ ၀င်ရောက်လာလေသည်။ တရုတ်တပ်များ သည် မိုင်းမောကို သိမ်းကာ အခိုင်နေပြီး ကျန်ရှိနေသော စော်ဘွားပိုင်နယ်များကို သိမ်းရန် ပြင်ဆင်လေသည်။ ရှမ်းစော်ဘွားများလည်း အင်းဝသို့ သံစေလွှတ်ကာ စစ်ကူတောင်းလေ၏။

(ဆင်တပ်အပြင်အဆင်)

ဘုရင် နရပတိလည်း ရှမ်းစော်ဘွားများ တောင်းသော စစ်ကူကို လက်ခံလေသည်။ တရုတ်တို့လည်း အင်းဝ နှင့် မောပြည် ပူပေါင်းသည့် သတင်းရသည် နှင့် ဗန်းမော်ကိုချီတက် သိမ်းပိုက်ပြီး ဧရာဝတီမြစ်ဖြတ်ကူးရန် တံတားဆောက်လေသည်။ ထိုသို့ အင်းဝတွင် စစ်ရေးကြုံ နေသည်ကို အခွင့်ကောင်းယူပြီး အေဒီ ၁၄၄၃ တွင် ပင်လယ်စားသည် ရမည်းသင်းမြို့ ကို တိုက်ခိုက်သိမ်းပိုက်လေ၏။

အင်းဝဘုရင် နရပတိမှာမူ တရုတ်ကို တိုက်ရန် ပြင်ဆင်မူသာ ပြုလုပ်နေလေ၏။ အေဒီ ၁၄၄၄ တွင် ကျူးကျော် လာသည့် မင်တရုတ်တပ် ကို အင်းဝနှင့်မောပြည်(ရှမ်း) ပူးပေါင်းတပ်များ ဆီးကြိုတိုက်ခိုက်လေသည်။ ပူးပေါင်းအင်းအား မှာ တိုက်ဆင် ရှစ်ရာ ၊ မြင်း တစ်သောင်းငါးထောင်၊ ခြေလျင်စစ်သည် နှစ်သိန်း ငါးသောင်း၊ ရေတပ် အင်အား ရှစ်သောင်း ဖြင့် ခုခံလေ၏။

မင်တရုတ်တို့လည်း စစ်ကြောင်းလေးကြောင်း ဖြင့် ချီတက်လာသည်။ စစ်ကြောင်း တစ်ကြောင်းတွင်
သန်းချီသော စစ်သည်များဖြင့် ချီတက်လာသည်။ ကောင်းတုံတွင် အင်းဝတပ်နှင့် တရုတ် စစ်သူကြီး တစ်ဦး ဦးဆောင်သော စစ်ကြောင်း နှင့် အပြင်းအထန် တိုက်ခိုက်ကြလေသည်။ တရုတ်တပ်များသည် ဆင်တပ်ကို မမြင်ဖူးသဖြင့် ကြောက်လန့်ကြကုန်၏။

ထိုသို့ တစ်ဘက်နှင့် တစ်ဘက် အပြင်းအထန်တိုက်ရင်း တရုတ်စစ်သူကြီး ကျလေသည်။ တရုတ်စစ်သည် များလည်း အစားသောက်ရိက္ခာ မလုံလေက်သဖြင့် မိုးဝန်း သို့ ဆုတ်လေ၏။ ရှမ်းစော်ဘွား ဖြစ်သော မိုးကောင်းစော်ဘွား နှင့် မိုးနဲ့စော်ဘွား တို့သည် ဗန်းမော်တွင် အခိုင်ပြန်နေ လေ၏။ တရုတ်တို့လည်း ရိက္ခာအင်အားစုပြီး ထပ်မံတိုက်ရန် ပြင်ဆင်နေပြန်၏။ မင်တရုတ် တို့ ရည်ရွက်ချက်မှာ အာရှတခွင်ကို သိမ်းပိုက်ရန်ဖြစ်သည်။ ထိုခေတ်တွင် ကိုးရီးယားသည် မင်မင်းဆက်၏ သြဇာခံ ဖြစ်နေ၏။ မင်မင်းဆက်သည် ပိုမိုကျယ်ပြန့်သော အင်ပါယာကို ထူထောင်လိုခြင်းဖြစ်သည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။