Skip to main content

မိုးညှင်းမင်း အလွန် အင်းဝ အခြေအနေ

မိုးညှင်းမင်းသည် အင်းဝထီးနန်းကို ယူပြီး နောက် တိုင်းပြည်အေးချမ်းရေးကို အဓိကထား လုပ်ဆောင်ခဲ့ သည်။ သာသနာကိုလည်း အလွန်ကြည်ညိုသော မင်းတစ်ပါးဖြစ်သည်။ စိတ်သဘောထား ကောင်းမွန်သော မင်းဖြစ်ပြီး သက်တော် ၆၀တွင် နတ်ရွာစံလေ၏။

နတ်ရွာစံသော် သားတော် မိုးကောင်းမင်းသားမှ မင်းရဲကျော်စွာ ဘွဲ့ကို ခံကာ အင်းဝထီးနန်းကို သိမ်း လေ၏။ အေဒီ ၁၄၃၉ တွင် အင်းဝထီးနန်းကို သိမ်းပြီး မင်းလုပ်လေသည်။ နန်းတက်ပြီး နောက် တနှစ် အေဒီ ၁၄၄၀ တွင် မိုးညှင်းမင်းတရားမှ သဘောထားကြီးစွာဖြင့် လွတ်ထားသော တောင်ငူ၊တောင် တွင်း၊ ရမည်းသင်း စား တို့ကို အပြတ်သိမ်းယူရန် အမိန့်ထုတ်လေ၏။

ပထမဆုံး မင်းရဲကျော်စွာ သည် ပင်လယ်မြို့ ကို တိုက်လေသည်။ သို့သော် မင်းရဲကျော်စွာ ကို မလိုလား သော ရှမ်းစော်ဘွားအချို့ မှ ပင်လယ်စားကို ကူသဖြင့် အင်းဝတပ်များ ပင်လယ်ကို မထိုးဖောက် နိုင်ပေ။ ပင်လယ်မရသဖြင့် ရမည်းသင်းကို တိုက်ပြန်သည်။ ရမည်းသင်းလည်း မရ။ သို့နှင့် တောင်တွင်းသို့ ချီတက်ပြန်သည်။


တောင်တွင်းစားမှ ဆင်စီးကာ ဆီးကြို တိုက်ခိုက်လေရာ အင်းဝတပ် အင်အားကြီး သဖြင့် တောင်တွင်းစား ကျရူံးလေ၏။ တောင်တွင်းကို ယောက်ဖတော်ကို ပေးပြီး။ တောင်ငူကို ဆက်လက် ချီတက် တိုက်ခိုက်ပြန် သည်။ တောင်ငူစား မင်းစောဦးလည်း အပြင်းအထန် ခုခံသည်။ သို့သော် မင်းရဲကျော်စွာမှ တောင်ငူကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအချိန်တွင် မင်းရဲကျော်စွာမှ အသစ်ခန့်ထားသော မိုးကောင်းစားမှ ပုန်ကန် နိုင်ချေ ရှိကြောင်း သတင်းရ သဖြင့် မိုးကောင်းသို့ ချီတက် ပြန်သည်။ ထိုသို့ မိုးကောင်းမြို့ ကို ၀ိုင်းရံပြီး လုပ်ကြံနေစဉ် အဖျားတက်ကာ သက်တော် ၄၀ တွင် နတ်ရွာစံလေသည်။

မင်းရဲကျော်စွာ နတ်ရွာစံလျှင် မိုးညှင်းမင်း၏ သားတော်အငယ်ဆုံး ဖြစ်သော ပြည်စား သီဟသူကို နန်းတင်ရန် အမတ်တို့မှ ပြင်ဆင်ကြလေ၏။ မှူးမတ်တို့လည်း ပြည်သို့ စုန်ဆင်းကာ သီဟသူကို အင်းဝ ထီးနန်းသိမ်းရန် လျှောက်ထားကြလေ၏။

သက္ကရာဇ် ၈၀၄ အေဒီ ၁၄၄၂ တွင် မိုးညှင်းမင်းသားတော်အငယ် သီဟသူ အင်းဝနန်းကို သိမ်းကာ ဘုရင် လုပ်လေသည်။ နန်းတက်သည့် နေ့တွင် ယောက်ဖတော် ဖြစ်သူ သီဟပတေ့မှ မိုးကောင်းကို အောင်မြင်စွာ တိုက်ခိုက်နိုင်လေ၏။ မိုးကောင်းစော်ဘွား သိုငံဘွားကိုလည်း ဖမ်းပြီး သီဟသူ ဆီသို့ ပို့လေသည်။ 



Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။