Skip to main content

မိုးညှင်းမင်းလက်ထက် ဟံသာဝတီနှင့် စစ်ဖြစ်ခြင်း

သက္ကရာဇ် ၇၉၈ (အေဒီ ၁၄၃၆) တွင် တောင်ငူမြို့ စား စောလူးသင်္ခယာ နှင့် သာယာဝတီမြို့ စား တို့သည် ဟံသာဝတီဘုရင် ထံသို့ လက်ဆောင်များ ဆက်သကာ ပြည်မြို့ ကို လုပ်ကြံတော်မူရန် လျှောက်ထားကြ၏။ ဗညားရံလည်း အကျိုးအကြောင်းသုံးသပ်ပြီးသော် တိုက်ဆင် သုံးရာ၊ မြင်း တစ်ထောင်၊ စစ်သည် ငါးသောင်း ဖြင့် သမိန်ပရမ်းကို ဗိုလ်မှူးခန့်ကာ ပြည်မြို့ ကို လုပ်ကြံတိုက်ခိုက်စေလေသည်။

ဗညားရံမှာမူ ရေကြောင်း စစ်သူရဲ ငါးသောင်းဖြင့် ချီတက်လာ၏။ ထိုစစ်သတင်းကို ပြည်စား သိလျှင် အင်းဝ နေပြည်တော်သို့ ငှက်ဖြင့် စာပို့အကြောင်းကြားကာ ပြည်မြို့ကို ရိက္ခာ အလုံအလောက် ဖြည့်ပြီး အခိုင်အခံ ပြုလေ၏။ အင်းဝနေပြည်တော်သို့ အကြောင်းကြားစာ ရောက်သော် မိုးညှင်းမင်းလည်း အရေးပေါ် လွှတ်တော်အစည်းအဝေး ခေါ်ကာ တိုင်ပင်လေ၏။

အမတ်များမှ ယခုအခါ တောင်ငူ၊သာယာဝတီ၊တောင်တွင်း တို့သည် မဟာမိတ်ဖြစ်ကောင်းဖြစ်နိုင်သည်။
ပြည်မြို့သို့ အလုံးအရင်းဖြင့် စစ်ကူလွှတ်သော် သူပုန်မြို့စားများ အင်းဝနေပြည်တော်ကို တိုက်လျှင် ခက်ပါ လိမ့်မည်၊ သို့ကြောင့် မွန်မင်းအား ငြိမ်းချမ်းရေး စကား ဆိုလျှင် သင့်မည်ဟု လျှောက်ထားကြလေ၏။

မိုးညှင်းမင်းလည်း အမတ်များနှင့် အတန်တန် ဆွေးနွေးပြီးသော် ငြိမ်းချမ်းရေး စကားကို ဆိုရန် သဘောတူ လေ၏။ ထိုနောက် စကားအရာတွင် လိမ်မာသော စတုရင်္ဂဗိုလ်ကို လက်ဆောင်အများဖြင့်
ရာဇသံစာ ပို့လေသည်။

စတုရင်္ဂဗိုလ်လည်း ဗညားရံ တပ်စခန်းချရာသို့ ရောက်သော် စကားအမျိုးမျိုးကို ဆိုလေရာ ဗညားရံမှာ စတုရင်္ဂဗိုလ် လျှောက်တင်ချက်များကို နားဆင်ပြီးသော် များစွာသဘောကျလေ၏။ သို့သော်လည်း ညနေခင်း အမတ်များနှင့် ဆွေးနွေး တိုင်ပင်ချိန်တွင်မူ မွန်အမတ်များမှ " အင်းဝသားများသည် ပရိယာယ် များလွန်းသည်၊ ယခု အရေးတွင် အင်းဝ အင်အားနည်းနေခြင်းကြောင့်သာ သံအမတ်လွှတ်ခြင်းဖြစ်သည်၊ အင်းဝသံ ကို ပြန် လွှတ်ပါ " ဟု အမျိုးအမျိုးလျှောက်တင်သဖြင့် ဗညားရံလည်း အမတ်များ၏ လျှောက်တင်ချက်ကို ယူကာ စတုရင်္ဂဗိုလ်ကို အင်းဝ သို့ ပြန်လွှတ်လိုက်လေ၏။

စတုရင်္ဂဗိုလ် အင်းဝသို့ ရောက်လျှင် အကြောင်းစုံကို ပြန်လည် လျှောက်တင်ရာ မိုးညှင်းမင်းမှာ ရာဇအမျက်ထွက်လျက် အင်းဝနေပြည်တော်ကို သားတော်အား စောင့်ရှောက်စေပြီး၊ မိမိကိုယ်တော်တိုင်
ပြည်မြို့ သို့ စစ်သည် အင်အား ၈ သောင်း၊ တိုက်ဆင် ၂၀၀ ၊ ရေတပ် အင်အား ၃ သောင်း အလုံးအရင်း ဖြင့်
ပြည်မြို့ သို့ စုန်ဆင်းလေ၏။

ပြည်မြို့ သည် မြို့ ခံတပ်အလွန်ကောင်းသဖြင့် ဗညားရံတပ်များ မထိုးဖောက်နိုင်ပေ၊ မိုးညှင်းမင်းတပ်များ
ပြည်မြို့  အနီး ရောက်လာချိန်တွင် ဗညားရံသည် မိမိတပ်များကို ပြည်မြို့  မှ ဆုတ်ခွာစေပြီး ပြည်မြို့ ၏
တောင်ဘက် အရပ်တွင် ခံတပ်ဆောက်ကာ တပ်စခန်းချကာ အခိုင်အလုံ နေလေသည်။
 



Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။