Skip to main content

မိုးညှင်းမင်း မှ မိမိ၏ သြဇာအာဏာကို တည်ဆောက်ခြင်း

အေဒီ ၁၄၂၆ တွင် မိုးညှင်းကို အုပ်ချူ ပ်နေသော ရှမ်းမင်းတရားမှ အင်းဝကို သိမ်းပိုက်ကာ အုပ်ချူ ပ်လေရာ မိုးညှင်းမင်း၏ သြဇာပြန့်နှံရာဒေသမှာ ယခုလက်ရှိ မြန်မာမြေပုံအရဆိုလျှင် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မြောက်ပိုင်း (ရှမ်းအရှေ့မူကား ကျို င်းတုံစော်ဘွား အာဏာ ပြန့်လေ၏)၊ ယူနန်နယ်စပ်ရှိ ဒေသ တချို့ ၊ မကွေးတိုင်း၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် စသော ဒေသ များကို သြဇာ ပြန့်လေ၏။ အောက်မြန်မာပြည်ရှိ ဒေသများကိုမူ ဟံသာဝတီ(မွန်) တို့မှ အုပ်
ချူ ပ်လေ၏။ ရခိုင်ကိုမူကား ရခိုင်မင်းများသာ အုပ်ချူ ပ်လျက်ရှိသည်။

မိုးညှင်းမင်းမှ အင်းဝနေပြည်တော်ကို သိမ်းပိုက်ပြီးသော်လည်း မိမိ၏ သြဇာကို တခြား နယ်စားများမှ ချက်ခြင်း လက်ခံခြင်း မရှိသေးပေ။ မိမိ ဘုရင်ဖြစ်သည်နှင့် အင်းဝပိုင်နက်တွင် မိမိ သြဇာ မခံလိုသူများ ကို စစ် တိုက်ခိုက်ခြင်းဖြင့် သြဇာအာဏာတည်ဆောက်လေ၏။

 မိုးညှင်းမင်းသည် ရှမ်းလူမျိုးတစ်ဦး ဖြစ်ပြီး ရှမ်းစကား သာပြောသော်လည်း မြန်မာစကားကို အနည်းငယ်တတ်ကျွမ်း၏။ နန်းတော်တွင် စကားပြန် ထားကာ အရေးအကြောင်းများကို စကားပြန်မှ တဆင့် မိန့်လေ၏။ မိမိကိုယ်တော်တိုင်လည်း မြန်မာစကား ကို လေ့လာလေ၏။ မိုးညှင်းရှိ မိမိ၏ သစ္စာခံရှမ်းအမတ်များကိုလည်း အင်းဝနေပြည်တော်သို့ ခေါ်ကာ အမတ်ခန့်လေ၏။

ထိုအခါ အင်းဝလွှတ်တော်တွင် ရှမ်းအမတ်များတစ်စု၊ မြန်မာအမတ်များတစ်စု ဖြင့် အင်းဝလွှတ်တော်တွင် အုပ်စု နှစ်ခု ဖြင့် မိုးညှင်းမင်းလက်ထက်မှ စပြီး ကွဲလေ၏။ ဒောဒီ ၁၄၂၆၊ သက္ကရာဇ် ၇၇၈ တွင် မိုးညှင်းမင်း သည် သားတော် အိမ်ရှေ့မင်းသားဖြစ်သော မိုးကောင်းမင်းသား ကို ပုခန်းတရဖျားကို သွား တိုက်ခိုက်စေ၏။

မိုးကောင်းမင်းသားလည်း စစ်အင်အား ၂ သောင်းဖြင့် ပုခန်းဘက်သို့ ချီတက်လေ၏။ ပုခန်းမြို့သည် သစ်ခံတပ် မြို့ သာဖြစ်သဖြင့် မိုးကောင်းမင်းသား၏ ထိုးစစ်ကို မခံနိုင်ဘဲ ပုခန်းမြို့ ကျလေ၏။ ပုခန်းတရဖျား သည် မွန်မင်းသမီး ရှင်စောပုကို တပင်တိုင်နန်းတော် ( ရှင်စောပုသည် ယခင် ကျေးတောင်ညို မင်း၏ မိဖုရား ဖြစ်သဖြင့် မည်သူမှ အနားမကပ်နိုင်ရန် သီးသန့်နန်းဆောင်ဖြင့် ထားခြင်းဖြစ်သည်) မှ ခေါ်ထုတ်ကာ မြို့ မှ ပြေးသော်လည်း မိုးကောင်းမင်းသား၏ တပ်များ ဖမ်းဆီးခြင်းကို ခံရလေသည်။

ထိုသတင်းကို မိဖုရားဘို့မယ်၏ သစ္စာခံဖြစ်သော တောင်ငူစား၊ တောင်တွင်းစား၊ တို့ကြားသော် မိုးညှင်းမင်း ဆီ လာရောက်ကာ လက်နက်ချလေ၏။ မိုးညှင်းမင်းလည်း သဘောကျလက်ခံကာ အင်းဝ နန်းတော်တွင် စားပွဲသောက်ပွဲ အကြီးအကျယ် ကျင်းပပြီး လက်နက်ချသော နယ်စား၊ မြို့ စားများ နှင့် ပွဲတော်တည်လေ၏။

 တောင်ငူစား စောလူးသင်္ခယာသည် အင်းဝ နေပြည်တော် သို့ ရောက်နေစဉ် ယခင်က မိမိ၏ အရှင်သခင်ဖြစ်ခဲ့သော မိဖုရားဘို့မယ် ၏ ဆွေတော်မျိုးတော် များ မှ တောင်ငူစားထံ တိတ်တဆိတ်လာရောက်ကာ ငိုယိုပြီး " မိမိတို့သည်  နန်းတော်မှ နှင်ထုတ်ခံရပြီး ယခုအခါ ရိုးရိုးအိမ်ကြီး တွင်သာ နေရသည်၊ ရွှေနန်းတော် ကို သတိရပါပေ့၊ အမောင် စွမ်းလျှင် သခင်မအတွက် လက်စားချေပေးပါ " ဟု နားချ ကြသဖြင့် တောင်ငူစား သည်သခင်မကို ပြန်ပြောင်း သတိရလျက် စိတ်ပြောင်းလေ၏။

တောင်ငူစားကို မိုးညှင်းမင်းမှ ယုံကြည်သော်လည်း အိမ်ရှေ့မင်းသား မိုးကောင်းမင်းသား မှာမူ မယုံဘဲ ခမည်းတော်ကို တောင်ငူစားကို မပြန်လွှတ်ရန် လျှောက်ထားသော်လည်း မိုးညှင်းမင်းမှ ယုံကြည်သဖြင့်
 ပြန်လွှတ်လေ၏။ တောင်ငူစားလည်း မိုးညှင်းမင်းချီးမြှင့်သော အဆောင်အယောင် ရတနာများကို ယူကာ
တောင်ငူသို့ ပြန်ရောက်လျှင် အင်းဝကို ပုန်ကန် လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။