Skip to main content

မင် (Ming) တရုတ်သူရဲကောင်း ကာမဏိ နှင့် သမိန်ပရမ်း စီးချင်းထိုးပွဲ

သမိန်ပရမ်းသည် ဘုရင်မင်းခေါင်၏ စီးချင်းထိုးရန် တောင်းဆိုချက်ကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။  ပါးစပ်ရာဇာဝင်အရ သမိန်ပရမ်းသည် စီးချင်းထိုးရခြင်းမှာ အင်းဝကို တရုတ်တို့ အလုံးအရင်း တိုက်ခိုက် ခဲ့သော် အင်းဝပျက်မည်၊ အင်းဝ တရုတ်အောက်ရောက်လျှင် ဟံသာဝတီကိုလည်း အနှေးအမြန် ဖြင့် တရုတ် တွေ ချီတက်ကောင်းချီတက်နိုင်သည်။ ယခု ဟံသာဝတီ နှင့် အင်းဝ တို့ စစ်ပွဲမှာ အိမ်တွင်းက 
မောင်နှမတွေ ရန်ဖြစ်သလိုသာ တစ်ဦးနှင့် တစ်ဦး ငဲ့ငြာ နေကြသေးတယ်။ တရုတ်ဆိုလျှင် ငဲ့ငြာမည် မဟုတ် လူမျိုးပါ ပျောက်နိုင်သည် စသဖြင့် အတွေးနယ်ချဲ့ပြီး သူ့အစွမ်းကို ယုံကြည်သည့်အတွက်လည်း စီးချင်းထိုး ရန် လက်ခံခြင်းဖြစ်လေ၏။



ချိန်းသည့်နေ့ ရောက်လျှင် ကာမဏိသည် ချပ်ဝတ်တန်ဆာ အပြည့်နဲ့ ချီတက်လာသည်။ မြင်းနီစီးပြီး ရွှေ
ရောင်ကသော ကြိုးဖြင့် မြင်းကို ဆင်ထားလေသည်။ သံချပ်၊ ပတ္တမြားကျောက်စီဓါး၊ ရွှေရောင် လှံ စသဖြင့် အပြည့်အစုံ နှင့် နေရောင် အောက်မှာ သူရဲကောင်း ကာမဏိသည် နတ်သို့ အသား အရောင်တောက်ပ နေ
လေ၏။

အင်းဝပြည်သူတို့လည်း မြို့ရိုးပေါ်မှ အပြည့်တက်ကြည့်ကြလေသည်။ သမိန်ပရမ်းမှာမူ မြင်းတစ်ကောင်၊ ကိုယ်မှာ ရိုးရိုး ရဲမက်အ၀တ်ကိုသာ ၀တ်သည်။ ဘုရင်မင်းခေါင် ချီးမြင့်ထားသော ပတ္တမြားဓါးကို ကိုင်ပြီး စီးချင်းထိုးမည့် ကွင်းသို့ ဒုန်းစိုင်းစီးဝင်လာသည်။ ရောက်သော် ကာမဏိမှ မြင်းရေး ကို စီးပြသည်။ အမျိုးအမျိုး အဖုံဖုံ စီးသည်။ မြင်းပေါ်မှ ရပ်ကာ စီးခြင်း၊ လက်နှစ်ဖက် ဆန့်ကာ စီးခြင်း စသဖြင့် နှစ်ဦးလုံး မိမိတို့ အစွမ်းကို အကုန်ထုတ်ပြကြသည်။

အစွမ်းပြပြီးသော် သမိန်ပရမ်းမှ မြင်းကို လှည့်ပြီး လှံကို နောက်မှာ ထားကာ လက်တစ်ဖက်ကို ဆန့်ပြီး စီးကာ ကာမဏိထံ ဒုန်းစိုင်း ၀င်လာသည်။ ကာမဏိလည်း လက်ကို ဆန့်ပြီး သမိန်ပရမ်းထံ အပြင်းထိုးဝင်သည်။ သမိန်ပရမ်းလည်း အနားရောက်သော် မြင်းကို လှည့်ပြန်သည် ထိုအခါ ကာမဏိမှ ဓါးကို မြှောက်ပြီး ခုတ်မည် ပြုရာ သမိန်ပရမ်းမှ မြင်း၏ကိုယ်ဘေးသို့ ကပ်ရာတွင်၊ မြင်းကလည်း သင်ထားသည်ဖြစ်ရာ ရပ်လိုက်လေ၏။ ထိုနောက် ချက်ချင်း ကာမဏိ၏ သံချပ်တန်ဆာ အားနည်းချက် ချိုင်းအောက်ကို (သံချပ်ကာမရှိ)လှံဖြင့် ထိုးလိုက်လေ၏။ ထိုအခါ ကာမဏိ၏ လည်ပင်းမှ လှံက ပေါက်ထွက်လေ၏၊ သမိန်ပရမ်းလည်း ပတ္တမြားဓါးဖြင့် ခေါင်းကို ဖြတ်ယူကာ အင်းဝ မြို့ရိုးဘက်ကို မြင်းစီး သွားလေသည်။

မြို့ရိုးပေါ်မှ ကြည့်နေသော ဘုရင်မင်းခေါင်နှင့် အင်းဝပြည်သူပြည်သားတို့လည်း ၀မ်းသာအားရ သြဘာများ ပေးကြကုန်၏။ ဘုရင်မင်းခေါင်လည်း အားရသဖြင့် သမိန်ပရမ်းကို သမီးအငယ် ဖြင့် စုံဖက်ပြီး မင်းသားဘွဲ့ ပေးလေ၏။ တရုတ်တို့လည်း ဂတိအတိုင်း တပ်ကို နုတ်ကာ ဆုတ်ခွာလေသည်။ အင်းဝ ပြည်သူပြည်သားတို့လည်း သမိန်ပရမ်းကို ဆုလာဘ်တွေ ပေးကုန်ရာ သမိန်ပရမ်းမှာ ထိုခေတ်က မင်းညီမင်းသား တို့ထက်ပင် နေ့ချင်းညချင်း ချမ်းသာသွားလေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။