Skip to main content

အင်းဝ ၏ နောက်ဆုံးအကြိမ် ဟံသာဝတီကို စစ်ချီ တိုက်ခိုက်ခြင်း

သက္ကရာဇ် ၇၇၈ ခုနစ် ( အေဒီ ၁၄၁၅ မတ် ၁၃ ) တွင် သားတော် အိမ်ရှေ့စံ မင်းရဲကျော်စွာ ရန်သူနယ်တွင် နတ်ရွာစံ သည်ဟု ရဲမက်တော်များက အင်းဝနေပြည်တော်ရှိ ဘုရင်မင်းခေါင်ထံ သတင်းပို့လေသည်။ ထိုသတင်းကို ကြားလျှင် ချက်ခြင်း တပ်သားများကို စုရုံးပြီး အလုံးအရင်းဖြင့် မွန်ပြည်သို့ ဆင်းလေ၏။ လိုင်မြို့သို့ ရောက်လျှင် တပ်ဆုတ်လာသော မင်းရဲကျော်စွာ တပ်များနဲ့ တွေ့သဖြင့် စေ့စပ်စွာ စစ်မေးရာ အကြောင်းစုံကို သိသဖြင့် ကျေကွဲ တော်မူလေသည်။

ထိုဖြင့် ငါ့သား သင်္ချိုင်းကို သွားကြည့်မည်ဟု ဒေါသတကြီးဖြင့် လုပ်လေ၏။ အမတ်တို့က မသွားသင့်ကြောင်း လျှောက်ထားသော်လည်း နားမ၀င်တော့ဘဲ အလုံးအရင်းဖြင့် ဒလသို့ ချီတက်လေ၏။ ထိုစဉ် ဒလတွင် ရာဇာဓိရာဇ်သားတော် ဗညားရံမှ စောင့်ကြပ်နေရာ အင်းဝတပ်များ ဆုတ်သွားသည်ကို သတိမဲ့နေသဖြင့် ဘုရင်မင်းခေါင် ရေကြောင်းဖြင့် ညအချိန် ချီတက်လာပြီး လှေခတ်သံ ကြားသည်ကို မိမိတို့ ပုသိမ်ကုန်သည် များ လာသည်ဟု ထင်ပြီး သွား စစ်ဆေးခြင်း မပြုသဖြင့် ဘုရင်မင်းခေါင်တပ်များ အလုံးအရင်းဖြင့် ဒလကို တက်သိမ်းလေ၏။

ဗညားရံလည်း မြင်းတစ်စီးဖြင့် ကိုယ်လွတ်ရုံးပြေးလေသည်။ ဘုရင်မင်းခေါင်လည်း သားတော်မင်းရဲကျော်စွာ၏ သင်္ချိုင်းသို့သွားပြီး ထီးဖြူ မိုးစေလျက် သားတော်အရိုးကိုယူပြီး ရွှေအိုးတွင် ထည့်ပြီး ဘုရင်စီးတော် လှေတော်ရှိ ပလ္လင်တွင် တင်စေကာ အင်းဝပိုက်နက်သို့ ယူဆောင်လေသည်။

သက္ကရာဇ် ၇၈၀ ( အေဒီ ၁၄၁၈) တွင် ဘုရင်မင်းခေါင်သည် ဟံသာဝတီသို့ စစ်အင်းအား ၁ သိန်း ၅ သောင်း ကျော်ဖြင့် ချီတက်လာလေသည်။ ဒလမြို့ ကို တိုက်လေ၏။ သို့သော် မြို့ ခိုင်ခံလှသောကြောင့် တဂုံကို ချီတက်ပြီး တိုက်ပြန်သည်။ တဂုံစား ဗညားစက် ( ရာဇာဓိရာဇ်၏သား ) နှင့်တကွ တမြို့လုံးကို သိမ်းပိုက် နိုင်လေသည်။ ထိုနောက် သန်လျင်ကို တိုက်ပြန်သည်။ မရသောကြောင့် မော်ပီမြို့ တိုက်ပြန်သည်။ မော်ပီသည် သစ်တပ်မြို့သာ ဖြစ်သဖြင့် မခံနိုင်ဘဲ အင်းဝလက်သို့ ကျလေသည်။ ထိုချိန်တွင် ရာဇာဓိရာဇ်မှမူ မုတ္တမ သို့ ရောက်နေလေ၏။

အင်းဝဘုရင် မင်းခေါင်လည်း ရာဇာဓိရာဇ်သားတော်၊ အမတ် သမိန်ဖြတ်စ၊ နှင့် အမှူးအမတ် စစ်သည် သုံ့ပန်း သုံးထောင်ကျော်ကို ရသဖြင့် သဘောကျတော်မူပြီး မွန်မင်းသားတော်
ဗညားစက်ကိုရသဖြင့် နှလုံးပြေပြီး မွန်နှင့် စစ် မတိုက်တော့ ဟု ဆိုကာ အင်းဝနေပြည်တော်သို့
 ပြန်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။