Skip to main content

တရုတ်တို့ အရေးဆိုသည့် စီးချင်းထိုးပွဲ

သက္ကရာဇ် ၇၇၇ တွင် ( အေဒီ ၁၄၁၂) အိမ်ရှေ့မင်းသား မင်းရဲကျော်စွာသည် ဘုရင်မင်းခေါင်အား အောက် မွန်ပြည်သို့ ချီတက်လုပ်ကြံမည် ခွင်ပြုပါ ဟု လျှောက်ထားရာတွင် နန်းတော်ရှိ အမတ်များကလည်း ဘုရင် ကို စစ်ချီရန် အသင့်ဆုံး အချိန်ပါဟု စသဖြင့် လျှောက်ထားကြသဖြင့် ဘုရင်လည်း ခွင့်ပြုလေ၏။

အင်းဝစစ်သည်ခြေလျင် တစ်သိန်းသုံးသောင်း၊ ရဲလှေကြီး ၁၂ စင်း၊ ရဲလှေငယ် ငါးရာ၊ လှော်ကားသံလှေ ရှစ်ရာ၊ ဆင်တပ် လေးရာ၊ မြင်းခြောက်ထောင် ဖြင့် ချီတက်တိုက်ခိုက်ပြန်လေ၏။ ပေါက်မြိုင်သို့ ခြေလျင် တပ်မှ အလျင်ရောက်သဖြင့် တိုက်ရာ ပေါက်မြိုင်မြို့ မခံနိုင်သဖြင့် အင်းဝ လက်တွင်းကျလေသည်။

ထိုစဉ် တောင်ငူသို့ မွန်တပ်များမှ ရုတ်တရုက် ၀င်တိုက်ရာ တောင်ငူစားလည်း ကြံကြံခံသဖြင့် ဟံသာဝတီ တပ်များ ဆုတ်ရလေသည်။ မင်းရဲကျော်စွာတပ်သည်လည်း ပေါက်မြိုင်ကို နိုင်ပြီး ထပ်ချီတက်လာရာ ဟံသာဝတီပြည့်ရှင် သားမက်တော် နဲ့ လမ်းခုလတ်တွင် တွေ့ကြပြီး တိုက်ခိုက်ကြရာ သားမက်တော် စီးသော မင်္ဂလာဆင်တော် ပကမတ် နှင့် သားမက်တော် သမိန်ပရမ်းကို ဖမ်းမိလေသည်။ ဟံသာဝတီ တပ်လည်း ဆုတ်ပြန်လေသည်။

ထိုနောက် ပုသိမ်သို့ ချီတက်ပြီး တိုက်ပြန်သည်။ မြို့ခံကောင်းသဖြင့် မနိုင်၊ မြောင်းမြကို တိုက်ပြန်သည် မနိုင် ရာဇာဓိရာဇ်မှ တပ်များစုပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မင်းရဲကျော်စွာသည် ဖမ်းမိသော သားမက်တော်နှင့် တကွ အင်းဝသို့ ဆန်တက်လေသည်။

ထိုစဉ် ယခင်က မင်းရဲကျော်စွာနှင့် တိုက်ခိုက်ပြီး စစ်ရူံးသွားသော မော်တုံမြို့စားမှ Ming Dynasty (AD1368–1644) ၏ လက်အောက်ခံ ယူနန်ဘုရင်ခံ ကို စစ်ကူ ခေါ် သဖြင့် တရုတ်တို့သည် စစ်အင်အား  ၅ သောင်းကျော်ဖြင့် အင်းဝ သို့ ချီတက်လာသည်။ ယခုမူကား အင်းဝ တပ်များ စစ်ပန်းနေသဖြင့် ချီတက်ပြီး မခုခံနိုင်ပေ၊ ထိုကြောင့် အင်းဝ နေပြည်တော် တံခါး ထိတိုင် တရုတ် တပ်များ ရောက်လာလေသည်။ အင်းဝမြို့တံခါး မှန်သမျှကို ပိတ်ဆို့ပြီး ၀ိုင်းရံထားသည်။

တစ်လတိုင်အောင် ၀ိုင်းထားသော်လည်း အင်းဝဘက်မှ မည်သို့မျှ မတုံပြန်၊ တရုတ်ဘက်က ရိက္ခာ အခက်အခဲ ရှိသဖြင့် စာ စေလေသည်။ သူရဲကောင်း အချင်းချင်း စီးချင်းထိုးကြမည်၊ အင်းဝ နိုင်လျှင် တရုတ်တပ်တွေ ဆုတ်မည်၊ အင်းဝ ရူံးလည်း မော်တုံမြို့စား၏ သားမယားများကို ပေး ဟု ဆိုလာသဖြင့် ဘုရင်မင်းခေါင်မှ သဘောတူက သူရဲကောင်း ရွေးကြလေသည်။

အစည်းအဝေးတွင် ပေါင်းတည်စားက မွန်မင်း သမက်တော် သမိန်ပရမ်းသည် ရဲရင့်သည်၊ စစ်ပွဲတွင် တိုက်ကွက်များသည် သူရဲကောင်းပီသသည်၊ ဟံသာဝတီတပ်များ ဆုတ်လို့သာ ဖမ်းခံထိသည်။ သူ့ကို လွှတ်ပြီး စီးချင်းပွဲတွင် သူ ရူံးခဲ့သော် ကျွန်တော်တို့ ဘက်က နာမည်မပျက်နိုင်၊ ဟံသာဝတီ ဘက်က ဖြစ်သည့်အတွက် စိုးရိမ်စွာ မလို စသဖြင့် မကောင်းသောစိတ် ဖြင့် လျှောက်လေ၏။

ဘုရင်လည်း သဘောတူပြီး သမိန်ပရမ်းကို ထောင်မှ လွှတ်ကာ ကောင်းမွန်စွာ ကျွေးပြီး တရုတ် သူရဲကောင်း ကို အနိုင်တိုက်ပါ ဟု ဆိုစေသည်။ သမိန်ပရမ်းလည်း သဘောတူလေ၏။
 (မှတ်ချက် သမိန်ပရမ်း စီးချင်းထိုးရခြင်း၏ အကြောင်းအရင်းကို နောက်စာတွင် ရူပါ)

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။